Fan Boy Is Just A Fan Boy Ch-16(The Last Part)

Beginne am Anfang
                                    

ဒါဟာ ကျနော်သူ့ကိုချစ်လွန်းတဲ့အချစ်ကြောင့်...

"yeoboseyo?"

ရုတ်တရက်ကျနော့်ဆီဝင်လာတဲ့ဖုန်းက Jaehyun ဆီက

ကျနော်အခက်အခဲတစ်ခုခုဖြစ်တိုင်း ၊ စိတ်ဓာတ်ကျတဲ့အခါတိုင်း ၊ အားငယ်တဲ့အချိန်တိုင်းမှာ သူကျနော့်ဆီကိုတစ်နည်းနည်းနဲ့အမြဲချဉ်းကပ်လာတတ်တယ်

သူဟာကျနော့်ရဲ့ကိုယ်စောင့်နတ်ထက်ကျနော့်ရဲ့စိတ်ကိုပိုသိသူပါ..

"Taeyong ပြဿနာတော့တက်ပြီ ဘာတွေဆက်လုပ်မှာလဲ? အခုဆို မျက်စိတစ်မှိတ်အတွင်းမှာတင် fan တွေကအုတ်အော်သောင်းသင်းဖြစ်နေကြပြီ ဒီတိုင်းနေနေလို့လည်းမရတော့ဘူး။ SM ကလည်းအခုကိစ္စကိုသေချာဆွေးနွေးချင်တယ်ဆိုပြီး မင်းနဲ့ ငါနဲ့ကို ခေါ်နေတာ။ ဒီနေ့တွေ့ချင်တယ်လို့ပြောနေတယ်"

"ကောင်းပါတယ် အဲ့လိုဆိုတော့လည်း ပြဿနာဆိုတာကြာကြာထားလို့ကောင်းတာမှမဟုတ်တာ။ ငါလာခဲ့မယ် အခု SM ကို"

"အင်း။ ငါလည်းလာခဲ့လိုက်မယ်။ ဒီတစ်ခါတော့ သက်သက်စီလာရအောင် ငါတို့ ၂ ယောက်အတူလာလို့မဖြစ်ဘူးလေ"

"အင်း"

Jaehyun ရဲ့အကြံပေးချက်အတိုင်း ကျနော့်ဘာသာ SM building ကိုသွားဖို့သဘောတူလိုက်ရတယ်

"ဘာတဲ့လဲ?"

Johnny ကမေးလာတော့

"SM က အဲ့ကိစ္စဆွေးနွေးချင်လို့ လာခဲ့ပါဆိုလို့"

"ဒါဆိုလည်း မြန်မြန်သွားလေ"

"အင်း"

ကျနော့်ရဲ့ကျောပိုးအိတ်ကိုအမြန်ကောက်ယူလိုက်တယ်

"ဒါနဲ့ Taeyong"

ကျနော့်အနောက်က Taeil ရဲ့ခေါ်သံကြောင့်ကျနော်ပြန်လှည့်ကြည့်လိုက်တယ်

member စုံနေပေမယ့် အားလုံးရဲ့မျက်နှာမှာ မဖော်ထုတ်လိုတဲ့ခံစားချက်အသီးသီးတွေနဲ့...

"မင်း ဘယ်လိုလုပ်မယ်စဉ်းစားထားလဲ?"

Taeil ကမေးလိုက်တော့ Mark က Taeil လက်ကိုလှမ်းဆွဲလိုက်ပြီး

"နေပါစေ Taeil hyung ရာ။ Taeyong hyung ဘာသာဆုံးဖြတ်ပါစေ။ သူလည်းသူဖြစ်ချင်တဲ့ဆန္ဒတွေရှိနေမှာပဲလေ"

Fan Boy Is Just A Fan Boy Wo Geschichten leben. Entdecke jetzt