"ဆာရာ့ကို ကျ​နော်​တစ်​ခုအကူအညီ​တောင်းထားလို့ပါ...."

"မဟုတ်​ဖူး!​ပျောက်​သွားတာ ​သေချာ​နေပြီ...Luမိသားစုရဲ့သက်​​သေ​တွေပါယူသွားတာ
.. "

သက်​​သေ​တွေပါသွားသည်​ဆို​သော​ကြောင့်
Boss ပင်​ လှုပ်​လှုပ်​ရှားရှားဖြစ်​လာသည်​..

Sehunတို့​ကြေးစား​တွေက သတ်​ရမည့်​ပစ်​မှတ်​ကိုရှင်းပြီးပြီဆိုတာနဲ့ သက်​​သေလုံးဝမကျန်​​အောင်​ ထားခဲ့ရသည်​..မဟုတ်​လျှင်​ ထို​ကြေးစားကိုပါ တခြား​ကြေးစားတစ်​​ယောက်​နဲ့ပြန်​သတ်​ခိုင်းပြီးလတ်​စ​ဖျောက်​တတ်​သည်​..
ဖျောက်​ဖျက်​လို့မရ​သော သို့မဟုတ်​ မ​ဖျောက်​ဖျက်သင့်​​သေး​သော သက်​​သေ​တွေဆို Boss ကို သာအပ်​ရသည်​...Boss ကမှ လိုအပ်​သလိုပြန်​ချိန်​ကာ သူ့အထက်​က သူ​ဌေးကိုပြန်​အပ်​သည်​...
အခု​ပြော​နေတယ့်​ Luမိသားစုဆိုတာကို နာမည်​ကြားသည်​နှင့်​ sehun မှတ်​မိပါသည်​...မှတ်​မိသည်​က သူရှင်းပစ်​ခဲ့​သော Deer company မှ သူ​ဌေးလင်​မယားဖြစ်​​နေ​သော​ကြောင့်​ပင်​...

"အကုန်​ယူသွားပြီလား? "

"Nae "

Boss က စိတ်​တို​ဒေါသထွက်​ကာ ​ဘေးနားမှ ပီပါ​ပိုင်းကြီးကို အားနဲ့ကန်​ပစ်​လိုက်​သည်​..
ဖောင်းဆို​သော အသံကြီးက ဂို​ထောင်​ထဲတွင်​ ကျယ်​​လောင်​စွာမြည်​ဟီးလာသည်​...

"အဲ့ေ×ာက်​​ကောင်​မ!! မူမမှန်​ကတည်းက ပိုသတိထားခဲ့သင့်​တာ!!!!​တောက်​!...ရဲကို​တော့ အပ်​မှာမဟုတ်​ဖူး...သူပါ​ရှောသွားမှာ.....​သေချာ​ပေါက်​ ဟိုမသာ​ကောင်​​တွေလက်​ထဲသွား​ပေးတာဘဲ​နေမှာ!!! "

ကြေးစား​လောကတွင်​လည်း သူ့အကွက်​ကိုယ့်​အကွက်​နဲ့ ​ရွှေ့ကြရင်း ဂိုဏ်းတစ်​ခုနဲ့တစ်​ခုညှိတတ်​ကြသည်​...အခု Boss ဆိုလိုသည်​က sehunတို့ဂိုဏ်းရဲ့ ပြိုင်​ဘက်​ဆီကို ဆာရာ ​ရောက်​သွားခြင်းပင်​...sehunတို့ဂိုဏ်းကိုသစ္စာ​ဖောက်​သွားခြင်းပင်​...Lu မိသားစုကိစ္စမှာ sehun မ​ဖျောက်​ဖျက်​နိုင်​ခဲ့​သော စာရွက်​စာတမ်းတချို့ကို Boss ထံကိုအပ်​ထားခဲ့ရာမှ အခုလို သက်​​သေကျန်​​နေခြင်းဖြစ်​သည်​...

ကိုကို့ကလေးလေးWhere stories live. Discover now