"ဟင့်​အင်း~~မဟုတ်​ဖူး...ကိုကိုက က​လေးဆီပြန်​မလာ​တော့ဘူး.....omma တို့လို က​လေးကို ထားခဲ့​တော့မှာ..... "

ကျ​နော့်​အင်္ကျီစကို လက်​နှစ်​ဖက်​နဲ့အတင်​ဆုပ်​ကာ
ငိုရင်း​ပြောပြ​သော က​လေး...

"ကိုကိုက မထားခဲ့ပါဘူးကွာ..က​လေး...အိမ်​မက်​ဆိုး​တွေ မက်​​နေတာပါ...အဲ့လိုမဖြစ်​ပါဘူး...မငိုနဲ့​တော့​နော်​... "

တအင့်​အင့်​ရှိုက်​ရင်း ရင်​ခွင်​ထဲမှာ ငြိမ်​သက်​​နေ​သော က​လေးငယ်​ကိုကြည့်​ရင်း သက်​ပြင်းဖွဖွသာချမိ​တော့သည်​...

သူကျ​နော့်​ကို သံ​ယောဇဉ်​တွယ်​လွန်း​နေပြီ...

____________________________________

ဟုတ်​ကဲ့...ကျမအခု​ရောက်​​နေတာက​တော့ မကြာ​သေးခင်​ကမှ အသစ်​ဖွင့်​လှစ်​လိုက်​တယ့်​ ဘူဆန်​မြို့က ကစားကွင်းကြီးဆီကို ဖြစ်​ပါတယ်​ရှင်​...ဒီမှာ ဆိုရင်​​တော့ က​လေးကြိုက်​ ကစားစရာမျိုးစုံရှိ​နေတယ့်​အပြင်​ ​လူကြီး​တွေအတွက်​အနားယူစရာများကိုပါ တွဲဖက်​ဖွင့်​လှစ်​ထားတာဖြစ်​ပါတယ်​ရှင်​...

တီ​​ဗီ်ွအစီအစဉ်​က ​ကြေညာသူ မိန်းက​လေးဟာ
နောက်​ခံ ကစားကွင်းကြီးကို အားပြုလျက်
ရှင်းပြ​နေသည်​...

"က​လေး... "

ကျ​နော်​​ခေါ်သည်​ကို မကြားရ​အောင်​ တီ​ဗီ်ွိကို​ငေး​နေ​သော က​လေး...
ကျ​နော်​ သူ့​ဘေးဝင်​ထိုင်​လိုက်​​တော့
ကျ​နော့်​လက်​ကိုတို့ကာ

"ကိုကို​ရေ... "

"Hmm? "

"အဲ့ဒိကို မသွားချင်​ဘူးလားဟင်​? "

ရော်​...ကျ​နော်​က ကစားကွင်းကိုသွားချင်​စရာလား?...မသွားချင်​ပါဘူး...ကျ​နော်​နဲ့လည်းမဆိုင်​ဘဲ....

"ဟင်းးး"

ကျ​နော့်​အ​ဖြေ​ကြောင့်​ သက်​ပြင်း​လေးချကာ
Remote​လေးကို ​​မေး​ထောက်​လျက်​ တီ​ဗွီကိုဆက်​​ငေး​နေသည်​...
ကျ​​နော်​လည်း ​ရော​ယောင်​ပြီး တီ​ဗီ်ွအစီအစဉ်​ကိုနား​ထောင်​မိလိုက်​​သည်​...

ကိုကို့ကလေးလေးWhere stories live. Discover now