အပိုင်း{၁၉}

Start from the beginning
                                    

တော်ရုံတန်ရုံ Reaction ပြန်မလာသော
Krisပင်လျှင် Kaiအတွက် ရင်လေးသွားပုံပေါ်သည်...Kim Kaiကိုကြည့်ရင်း
သက်ပြင်းတစ်ချက်ချသည်...

"ငါပြောတာက...အဲလိုဆို တစ်ယောက်က
ပိုနေမှာပေါ့😅...သြော်...အဲဒါကြောင့် JunMyeon Hyungက ခုနက သူ ဘေးမှာလို့ ပြောတာ😔"

"ဟာ...မပိုပါဘူးဟ...ကွက်တိပဲ...လာလာ...
ငါ ပြောပြမယ်"

Byun Baekက...Kim Kai နားနားကိုကပ်၍
အရေးပေါ် ရှင်းပြရသည်...

JunMyeon Hyung၏...မျက်နှာသည်...တရှုးရှုးဆူပွက်ကာ တမဟုတ်ချင်း ပြာကျသွားတော့မည့် ရေနွေးကရားတစ်လုံးနှင့် တူလာသည်👺

"ငါပြောတာက...ငါတို့ ဟိုလိုလုပ်ကြတာ မဟုတ်ဘူး...ဒီတိုင်းအိပ်ရာပေါ်မှာ တူတူအိပ်ကြတာ😡😖😣😤"

အမြုပ်များပါ တစီစီထွက်ကျတော့မတတ် ရှင်းပြနေသည့် JunMyeon Hyungကို...
ကျွန်တော် ကရုဏာသက်မိသဖြင့်...ဒီတစ်ခါ
တော့...နှုတ်ဆိတ်မနေဖို့ ဆုံးဖြတ်လိုက်သည်...

"ကိုယ့်စိတ်နဲ့ မနှိုင်းနဲ့...ဟေ့ရောင်တွေ...😔
ငါတို့အချစ်က စင်ကြယ်တယ်...သန့်ရှင်းတယ်
ညစ်ညစ်ညမ်းညမ်းတွေ မပါဘူး"

"တော်စမ်းပါ...Oh Sehunရယ်...
စိတ်ထဲမှာ အဲဗား 18 ပလပ်နေတာ ဘယ်ကောင်လဲ😒"

ကြည့်စမ်း...သစ္စာဖောက်ကောင်...ZiTao😠

ကျွန်တော့်မှာ မသိတာမရှင်းတာလေး တိုင်ပင်ရုံ တိုင်ပင်မိပါသည်...တဏှာရူးကြီး လုံးလုံးကိုဖြစ်ရော😩

"ဒါနဲ့...Luhanက...သူများအိမ်မှာအိပ်ဖို့ အင်မတန် ဝန်လေးတဲ့ကောင်...ဟိုတစ်ခါ ငါ့အိမ်မှာ အိပ်ဖို့ ပြောတုန်းကတောင် အားနာလို့ဆိုပြီး
အသည်းအသန် ပြန်သွားတာ"

"သြော်...မတူဘူးလေ...Byun Baekရယ်...😔
မင်းက သူငယ်ချင်း...ငါက ချစ်သူ...ကွာတာတော့ ကွာတာပေါ့"

"အေးနော်😞"

Byun Baekက...မှိုင်ငေးငေးလေးဖြစ်သွားရင်း
ကျွန်တော့်ကို ထောက်ခံသည်...

သူ့ သူငယ်ချင်း သူ ဘယ်လောက်တိုလဲ
ကျွန်တော် သိတာပေါ့

ဒါပေမယ့်လည်း ချစ်သူရည်းစား ဆက်နွယ်မှုနှင့် သူငယ်ချင်းသံယောဇဉ်ဆိုသည်က ယှဉ်၍မရဟု ကျွန်တော်ထင်သည်...

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now