အပိုင်း{၁၈}

Start from the beginning
                                    

"မင်းကလေ နှာဘူးထတာတစ်ခုကလွဲရင်...
အကုန် ကလေးစိတ်...အဲဒါကြောင့် Ommaက စိတ်မချတာ...😪"

"............"

"အမှန်တော့ အချစ်ဆိုတာ စိတ်ကူးယဉ်ရတာပဲ
အရသာရှိတာပါကွာ😪"

"............"

ကျွန်တော် နှုတ်ဆိတ်နေတော့...သူလည်း တိတ်ဆိတ်သွားသည်...

JunMyeon Hyungသည် ကျွန်တော့်အား
တတ်အားသရွေ့...နှစ်သိမ့်ဖို့ကြိုးစားနေမှန်း...
ကျွန်တော် သဘောပေါက်သော်လည်း သူ
ကျွန်တော့်ခံစားချက်ကို...နားလည်သည်ဟု
တော့ မထင်ပါ...😷

"ထ...Sehun...ငါတို့
ရုပ်ရှင်သွားကြည့်ရအောင်...စိတ်ပြေလက်ပျောက်"

"ဘာဖြစ်ပြန်ပြီလဲ...Hyungရာ...စိတ်ညစ်ပါ
တယ်ဆိုမှ😫"

ကျွန်တော်...ခေါင်းကို တဗျင်းဗျင်းမြည်အောင် ကုတ်မိပါသည်...ငိုပင်ငိုချင်လာသည်...

"ရုပ်ရှင်ကြည့်မယ်...😪"

ဘာအရူးထပြန်ပြီလဲ...😣

"မကြည့်ချင်ပါဘူး...အိမ်မှာပဲ နေချင်
တယ်😣"

"မကြည့်ချင်လို့မရဘူး...ကြည့်ရမယ်~😌"

ဟင်း...

လောကကြီးတွင် အလိုက်မသိသော သူများအား...ထောင်သွင်းအကျဉ်းချထားလို့ရလျှင် JunMyeon Hyungသည် Ommaပြောသော ထောင်သားတွေထဲမှ သမ္ဘာရင့်ဝါရင့်...တန်းစီးဆိုတာမျိုး ဖြစ်နေလောက်သည်...

"တကယ်ပြောတာ...ကျွန်တော်...ရင်ထဲမှာ...
ဘယ်လိုကြီးလဲ မသိဘူး ဖြစ်နေတယ်😞"

"အဲဒါ ရင်ခံနေတာလေ😒...ရုပ်ရှင်ကြည့်လိုက်ရင်
ကောင်းသွားလိမ့်မယ်...မင်း အခုလို အခန်းပိတ်
ပြီးနေတော့ရော...ဘာထူးသွားမှာလဲ😂...ပိုပြီး
စိတ်ညစ် ရတာပဲ ရှိမယ်...ရုပ်ရှင်ကြည့်လိုက်တော့ အာရုံပြောင်းသွားတာပေါ့"

ကျွန်တော် ဒီအကြောင်းကိုပဲ ထပ်ခါတလဲလဲ
ပြန်တွေးမနေချင်ပါ...😞

ဖြစ်နိုင်လျှင်...ခေါင်းထဲမှ ဇွက်ခနဲနှိုက်ပြီး ဝှီးခနဲ
ပင် ပစ်ထုတ်ပစ်လိုက်ချင်သေးသည်...😞

သို့်သော်...သူ ပြောသလို...
လူများသော နေရာများသို့လည်းမသွားချင်...

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now