၃ နှစ်​ကြာ​တော့ ကျွန်​မ Seoul ကို ပြန်​ရောက်​လာခဲ့တယ်​ ကျွန်​မမိဘ​တွေ မပါဘဲ ကျွန်​မတ​ယောက်​တည်း​ပေါ့ ကျွန်​မရဲ့ အရင်းနှီးဆုံးသူငယ်​ချင်း Chaeyoung နဲ့ တ​ကျောင်းတည်း တက်​ရမယ်​လို့​မေ​မေ​ပြောတာ ကြားထား​တော့ သူ့အတွက်​ လက်​ဆောင်​တွေလည်း ဝယ်​လာခဲ့တယ်​တကယ်​တော့ Seoul မှာ​နေခဲ့တုန်းက အရင်းနှီးဆုံး သူငယ်​ချင်းက Lisa​ပေမဲ့ ဘာ​ကြောင့်​မှန်းမသိ ကျွန်​မဦးနှောက်​က သူနဲ့ အတူရှိခဲ့ဖူးတဲ့ အချိန်​တွေအားလုံးကို​ မေ့​ဖျောက်​သွားခဲ့သလိုပဲ သူ့ကို​တောင်​မမှတ်​မိ​တောဘူး

Seoul ကို မပြန်​ခင်​တရက်​အလိုမှာ​မေ​မေနဲ့အတူ​ဈေးဝယ်​ထွက်​ကြ​တော့ Lisa အတွက်​ဘာမှ မဝယ်​တော့ဘူးလားလို့​မေ​မေက​မေးတယ်​ဒါ​ပေမဲ့ ကျွန်​မရဲ့ မှတ်​ဉာဏ်​ထဲမှာ သူက ရှိမ​နေတော့

"ဟင့်​အင်း Chaeng အတွက်​ပဲ အသည်းပုံ​ချောကလက်​လေး ဝယ်​သွားရင်​ဖြစ်​တယ်​"

ဆိုပြီး ပြန်​ဖြေခဲ့တယ်​ထားလိုက်​ပါ​တော့

Chaeng နဲ့ ပြန်​တွေ့​တော့ Chaeng က ကျွန်​မထက်​တောင်​အရပ်​တွေ ရှည်​နေပြီ သူကို​တွေ့​တွေ့ချင်း နှုတ်​ဆက်​လိုက်​တော့ သူက ကျွန်​မကို မမှတ်​မိလို့လားများလားပဲ မသိချင်​ယောင်​ဆောင်​သွားတယ်​ ဒါနဲ့ပဲ အစက သူနဲ့ အတူတူ ထိုင်​ဖို့ လုပ်​ထား​ပေမဲ့​ကျောင်းရဲ့ မင်းသား​လေး Hanbin ​ဘေးမှာပဲ ထိုင်​လိုက်​ရ​တော့တယ်​Chaeng ကို​ပေးမယ်​လို့​တွေးထားတဲ့​Chocolate​တွေကိုပါ Hanbin ကို​ပေးလိုက်​တယ်​ အဲ့မှာ ကျွန်​မ ကံဆိုးတာပါပဲ အဲ့​နေ့ကစ​ပြီး​တော့ Chaeng ကျွန်​မကို စကားလုံးဝမ​ပြော​တော့ဘူး ဘာလို့လဲဆို​တော့ Hanbin က ကျွန်​မတို့ တတန်းလုံး ကြိုက်​ကြတဲ့​ကောင်​လေးဖြစ်​နေတယ်​တတန်းလုံးဆိုမှ​တော့ Chaeng လည်းပါပြီ​ပေါ့ အဲ့ဒါကို ကျွန်​မက မသိဘဲ သူ့ကိုမှ Chocolate သွား​ပေးမိတယ်​ တတန်းလုံးက မိန်းက​လေး​တွေအကုန်​ကျွန်​မ​ရှောင်​ကြ​တော့ Mino တို့ Jinu တို့နဲ့ပဲ​ပေါင်းရ​တော့တာ​ပေါ့ Hanbin ကိုကျ​တော့ ကျွန်​မလည်း သူ့ကို သိပ်​မသိ​တော့ သူ့ကို စကားစမ​ပြော​ပေမဲ့ သူက​တော့ အခုထိ ကျွန်​မ​တွေ့ရင်​စတုန်းပဲ

You've reached the end of published parts.

⏰ Last updated: Jun 10, 2021 ⏰

Add this story to your Library to get notified about new parts!

Dear My CrushWhere stories live. Discover now