"ရပြီ ​မေ့ ကိုတစ်​ဗူး ဝင်​ပို့ပြီး ဟိုလူကြီးဆီသွားမယ်​ ပီးရင်​ သင်​တန်းကိုတန်းသွားမယ်​..oki "




မြင့်​မားလှသည့်​ အ​ဆောက်​အဦး ကို​မော့ကြည့်​ရင်း အထဲဝင်​ဖို့ စဉ်းစား​နေရသည်​ ။
ဟိုလူကြီးကို phဆက်​​တော့ အစည်း​ဝေးခန်းထဲဝင်​​တော့မှာမို့ ခန​စောင့်​​နေတဲ့ ....။
papa ရဲ့ company မှန်းသိ​ပေမယ့်​ တစ်​ခါမှမ​ရောက်​ဖူး ​ခန့်​ညားထည်​ဝါလှသည့်​ အ​ဆောက်​အဦးထဲကို ဝင်​ဖို့ ကိုယ့်​ကိုယ်​ကို သိမ်​ငယ်​သလို ခံစားမိသည်​ ။

"ဒီမှာပဲ ​စောင့်​​တော့မယ်​... ​ ဟူး.... ပူလိုက်​တာ "

Company ​ရှေ့မှာ ရှိ​နေသည့်​ ခပ်​မြင့်​မြင့်​ ပင်​စည်​​အောက်​မှာ လုပ်​ထားသည်​ ခုံတန်း​လေးမှာပဲ ဝင်​ထိုင်​လိုက်​သည်​ ။အစည်း​ဝေးပီးလို့ ထွက်​လာရင်​လဲ လှမ်းမြင်​ရတာ​ပေါ့ ...။
10နာရီ သာသာ ရှိ​သေး​ပေမယ့်​ အကိုင်းအလက်​​တွေကြားမှာ တိုး​ဝင်​​နေ​သော ​နေ၏အပူရှိန်​သည်​ ပူ​လောင်​ပြင်းပြ လွန်းသည်​။


နာရီလက်​တံမှ လက်​တံတိုသည်​ 12နာရီကိုညွှန်​ပြ​နေပြီဖြစ်​သည်​ ။
ခေါင်း​ပေါ်တည့်​တည့်​​ရောက်​​နေတဲ့ ​နေ​ကြောင့်​ ပူ​လောင်​မှုက မီးမြိုက်​ခံ​နေရသည့်​နှယ်​ ။
ဒီအချိန်​ထိ အစည်း​ဝေးမပြီး​သေးဘူးလား sms ဝင်​လို့ဝင်​ညှားနဲ့phကိုကြည့်​ရတာလဲ အခါခါ ဖြစ်​​နေပြီ ...

"ဒီချိန်​ထိဆို ဗိုက်​ဆာ​နေ​တော့မှာပဲ"

aww​မောင်​​မောင်​bas ကိုယ်​ကျ​နေပူထဲမှာ ​စောင့်​​နေပြီး အရိပ်​ထဲအဲကွန်းခန်းထဲက လူကိုသွားစိတ်​ပူ​နေ​သေးတယ်​ ကိုယ်​ကိုကိုယ်​လဲပြန်​ကြည့်​အုံး အသား​တွေကြက်​​နေတာ ဖဲ့စားလို့ရ​နေပြီ ။
ကိုယ့်​အ​တွေးနဲ့ ပြုံးမိရ​သေးသည်​ ​ဟော ဟိုမှာ ထွက်​လာပြီ ရှပ်​အဖြူကိုခံဝတ်​ထားပြီး အ​နောက်​တိုင်းဝတ်​စုံ နီညို​ရောင်​က မြင့်​မြင့်​မားမား ကိုယ်​ဟန်​​ပေါ်မှာ ခန့်​ထည်​​နေသည်​ ။
Company နဲ့ခပ်​လှမ်းလှမ်းမှာ ရှိ​နေသည့်​ ကျ​နော့်​ကို မြင်​မှာမဟုတ်​တာမို့ သူ့စီသွားဖို့​ခြေလှမ်း​တွေက ​နောက်​ကထွက်​သာတဲ့သူကို အမြင်​မှာ ရပ်​တန့်​သွားရသည်​။

ခ​လေးချစ်​​သောလူကြီးHikayelerin yaşadığı yer. Şimdi keşfedin