"အဲ့ဒါ ဘာလုပ်​​နေတာလဲ?"

နောက်​​ကျောဘက်​မှ အသံဟာ ဟိုလူကြီးဖြစ်​မယ်​ဆိုတာ သိသားမို့ လှည့်​​တောင်​မကြည့်​။ ကြက်​ဥတစ်​လုံးနဲ့ အလုပ်​ရှုပ်​​နေပါတယ်​ဆိုကာမှပဲ။

"ကြက်​ဥ​ကြော်​မလို့လား?"

အနားသို့​ရောက်​လာ​သောသူ့​ကြောင့်​ ​ဘေးဘက်​သို့ ​ရွေ့သွားလိုက်​သည်​။ မျက်​နှာကိုမကြည့်​ချင်​တာ။ ​တွေ့တာနဲ့ပင်​ ပစ်​ထိုးချင်​စရာ​ကောင်းလှ​သော သူ့ရုပ်​ကို ကျွန်​​တော်​မကြည့်​မိတာပဲ ​ကောင်းပါလိမ့်​မည်​။

"​ကြော်​လည်းမ​ကြော်​တတ်​ဘဲနဲ့"

ဘေးက​နေ ပွစိထိုး​နေ​သော လူကြီးကို စိတ်​မရှည်​၍ မျက်​​စောင်းတစ်​ချက်​ထိုးကာ ပုခုံးကိုတိုက်​ပြီး ထွက်​လာခဲ့သည်​။
မနက်​ခင်း​လေး ကျက်​သ​ရေကိုတုံးတယ်​။

"ခန​!! ကြက်​ဥကတစ်​လုံးထဲ​ကြော်​မှာလား"

ဖြတ်​ခနဲလက်​​ကောက်​၀တ်​ကို လှမ်းဆွဲလိုက်​တာ​ကြောင့်​ အ​နောက်​သို့ အနည်းငယ်​ပင်​ယိုင်​သွားသည်​။ နဂါးမျက်​​စောင်းနှင့်​ စိုက်​ကြည့်​လိုက်​​သော်​လည်း ဟိုကဖြုံ​တောင်​မဖြုံ။

"မင်း တစ်​​ယောက်​ထဲ စား​မှာ​ပေါ့"

အ​မေးအမြန်းထူတဲ့အ​ကောင်​။ စားချင်​ကိုယ့်​ကို​ယ်​ ​ကြော်​စားပါလား။ လူကိုလာခိုင်းစားချင်​​နေ​သေး။
Kim Tae Hyung တို့က မသက်​​သာလို့သာ ကိုယ်​တိုင်​ချက်​စားရတာ သူများအတွက်​ဆို sorry ပဲ။ အ​ဓိကအားဖြင့်​​တော့ Jeon Jung Kook ဆိုသူကြီးကို​တော့။ မရှိတဲ့​မေတ္တာ​ကိုတုံးတယ်​။

"ဖယ်​ကွာ"

လက်​ကိုအားနဲ့ လွှဲချလိုက်​​တော့ ဆီပူအိုးကို တိုက်​မိသွားပြီး ဆီပူပူ​တွေက ကျွန်​​တော့်​လက်​​ပေါ်မဟုတ်​ဘဲ ဟိုလူကြီး လက်​​ပေါ်ကို​ရောက်​ကုန်​​ရော။

"အား!!"

မတိုးမကျယ်​သူ့​အော်​သံမှာ နာကျင်​ခြင်း​တွေ ပါပါရဲ့​လေ။ ရုတ်​တရက်​မို့ ဘာလုပ်​လို့ဘာကိုင်​ရမှန်း မသိ။ လက်​ကိုအရင်​​ရေ​ဆေး​ပေးရမယ်​ထင်​ပါရဲ့။

Comes To You Where stories live. Discover now