"ဟင်​ P' ...ခင်​ဗျားဒီမှာဘာလုပ်​​နေတာလဲ "

"........"

"ကျ​နော့်​ကိုလာကြိုတာလား "

"အင်း....မိုး​တွေညို့​နေတာ သင်​တန်းကိုလာကြိုမလို့ပဲ မမှီ​တော့လို့ ဒီကပဲလာ​စောင့်​​နေတာ "

"ဘာလို့ ကျ​နော့်​ကို လာကြိုတာလဲ "

"မင်းထီးမပါမှန်းသိလို့​လေ "

တစ်​ခါတစ်​ခါ သူ့ရဲ့ဂရုစိုက်​မှု​တွေက ကျ​နော်​ဘယ်​လိုပဲ ကြိုးစား​ဖြတ်ေ​တာက်​ပါ​စေ ထပ်​တိုးတိုးပီး ရစ်​ချည်​​နေတဲ့ ကြိုးတစ်​​ချောင်းလိုပဲ တစ်​ခါတစ်​​လေ ​လျော့ရဲသွားလိုက်​ တစ်​ခါတစ်​​လေ တင်းမာလာလိုက်​နဲ့ ။

"မင်းကို ​တွေ့ရဖို့ကလဲ မလွယ်​လိုက်​တာ "

တကယ်​ဆို ကျ​နော်​တမင်​​ရှောင်​​နေခဲ့တာပါ ၊ သူ့ကိုမြင်​​နေရင်​ ကျ​နော့်​ခံစားချက်​​တွေ ပိုအမြစ်​တွယ်​မိလာမှာ ​ကြောက်​လို့ ။
ဒါကို သူက ကျ​နော်​နဲ့​တွေ့ဖို့ ကြိုး​စား​နေခဲ့သည်​တဲ့လား။

"လာ​လေ ပြန်​မလိုက်​ဘူးလား "

အ​တွေးထဲမှာ နစ်​မွန်း​နေဆဲမို့ သူထွက်​သွားတာကြည့်​​နေပြီးမှ ​ပြေးလိုက်​ရသည်​။ကျ​နော့်​စိတ်​ထဲ ​​စောန မှတ်​တိုင်​က ခုံမှာထိုင်​​​စောင့်​​နေတဲ့ သူ့ပုံစံက စွဲထင်​​နေသည်​ ၊ အလုပ်​ပြန်​လာသည့်​ ချစ်​သူကို ထီးတစ်​​ချောင်းနဲ့ လာကြို​နေသူလို ဟီး အ​တွေးနဲ့တင်​ ​ကျောထဲယားကျိကျိနဲ့ ...။

"ချာတိတ်​ အချစ်​ဆိုတာ ဘာလဲ "

"Umm"

ယှဉ်​​လျောက်​​နေရင်း နှုတ်​ဆိတ်​​နေပြီးမှ ထ​မေးတာက အဲ့​မေးခွန်း တကယ်​ဆို ချစ်​သူရှိ​နေတဲ့သူက ကျ​နော့်​လို sgတစ်​​ယောက်​ကို ​မေးစရာလား။

"ကျ​နော်​ကို ဘာလို့လာ​မေး​နေတာလဲ ကျ​နော်​မှ ရည်းစားမထားဘူးတာအနမ်းဆို​တာ​တောင်​ဘာမှန်းမသိဘူး အဲ့ဒါ P'ပဲသိမှာ​ပေါ့ "

"ဘာလို့လဲ "

"P'မှာ ချစ်​သူရှိ​တယ်​​လေ "

ဒီစကားအ​ရောက်​မှာ ကျ​နော်​အသံ​တွေမတုန်​​အောင်​ ထိန်းထားမိတယ်​ ။ သူပြန်​​ဖြေလာမဲ့ အ​ဖြေကိုလည်း မကြားရဲဘူး ကျ​နော့်​ ဘဝက ဘယ်​လိုရှင်​သန်​မှုမျိုးကြီးလဲဗျာ ...
ချစ်​ရသူ နှုတ်​ဖျားက ​ပြောလာမယ့်
သူ့ချစ်​သူအ​ကြောင်း ဘားမှမဖြစ်​သလို
နား​ထောင်​​ပေးရမယ့်​ နှလုံးသားတစ်​စုံကို
ဘာ​ကြောင့်​များ ကျ​နော့်​ကို ပိုင်​ဆိုင်​ခွင့်​​ပေးရတာပါလိမ့်​။

ခ​လေးချစ်​​သောလူကြီးحيث تعيش القصص. اكتشف الآن