"ဘယိသူက အန်​တီနဲ့​တွေ့ဖို့လို့ ​ပြောလို့လဲ ဖယ်​ကွာ အထဲဝင်​မလို့ "

"ဟာ ​နေဦး​လေ ဘယ်​သူက ခင်​ဗျားကို အိမ်​ထဲဝင်​ခိုင်းလို့လဲ ​ဟေ့လူကြီး "

လူကိုအတင်းတိုးတိုက်​ဝင်​သွားတာ သူ့အိမ်​သူ့ယာ အတိုင်း ။
ဒီလူကြီး ဘာလဲ အိမ်​မှာ ​မေကလည်းမရှိ သူနဲ့နှစ်​​ယောက်​ထဲ မျက်​နှာချင်းဆိုင်​ဖို့​တောင်​မရဲပါဘူးဆိုမှ ဘယ်​လိုစခန်းသွားရမလဲ ။ခုလဲ ဧည့်​ခန်းမှာ ထိုင်​​နေတာ အကျအန။

"P:ခင်​ဗျားအလုပ်​မသွားဘူးလား "

"ပြန်​လာတာ "

"အဲ့ဒါ ဆိုလဲ တခြားသွားစရာ မရှိဘူးလား "

"မရှိဘူး "

"ဒါဆိုလည်း ခင်​ဗျားအိမ်​မှာ ​နားနား​နေ​နေ ​နေသင့်​တယ်​ "

"ချာတိတ်​​လေး ဘာဖြစ်​​နေတာလဲ ငါလာတာ အ​နှောက်​ယှက်​ဖြစ်​သွားလို့လား ငါမင်းနဲ့မ​တွေ့တာကြာလို့ လာတာ ပီး​တော့ ခုရက်​ထဲ အိမ်​ကိုလည်းမလာဘူးဆို မားကို​မေးကြည့်​တာ "

သူကကျ​နော်​ သူ့အိမ်​လာမလာ ​မေးကြည့်​တယ်​တဲ့လား ကျ​နော်​ လာတယ်​မလာဘူးက သူသိစရာလိုတာကြလို့်...။

"​နေမ​ကောင်းလို့လားဒါမှမဟုတ်​ ငါ့ကို စိတ်​ဆိုး​နေတာလား "

"ကျ​နော်​က ဘာကို စိတ်​ဆိုးရမှာလဲ "

"ကိုယ့်​မှာ Gfရှိ​နေတာ မင်းကိုအရင်​မ​ပြောမိလို့​လေ "

ရင်​ထဲမှာ စူးခနဲ ။လိုမှမလိုခဲ့တာပဲ P: ကျ​နော်​က​ရော ​မေးခဲ့ဖူးလို့လား ပီး​တော့ အဲ့ကိစ္စအတွက်​ ကျ​နော့်​မှာ စိတ်​ဆိုးပိုင်​ခွင့်​ရှိလို့လား ဘာအ​ကြောင်းပြချက်​နဲ့တဲ့လဲ ​ရှောင်​​နေခဲ့တာ​ပေမယ့်​ ကျ​နော်​ P ကိုစိတ်​ဆိုးလို့မှ မဟုတ်​တာ ၊
ကျ​နော်​ ရိုးစင်းတဲ့ လိမ်​နည်းကိုပဲ ​ရွေးလိုက်​မိတယ်​။

"လက်​က နာ​နေတာနဲ့ အခန်းထဲပဲ ​အောင်း​နေဖြစ်​လို့ပါ "

"အခု​ရော နာ​နေ​သေးလား "

"သက်​သာ​နေပါပြီ "

ခ​လေးချစ်​​သောလူကြီးWhere stories live. Discover now