Fan Boy Is Just A Fan Boy Ch-13

Start from the beginning
                                    

"....."

"မင်းချစ်ရတဲ့ အဲ့ Jaehyun ဆိုတဲ့ကောင်ကိုလည်းငါမမုန်းဘူး ငါမုန်းတာက အဖွဲ့ရဲ့ဦးဆောင်သူ leader လုပ်နေပြီးတော့ အဖွဲ့ကိုလှည့်မကြည့်ဘဲ ကိုယ့်တစ်ယောက်တည်းရဲ့ခံစားချက်ကိုပဲဦးစားပေးတဲ့ မင်းကိုပဲငါမုန်းတာ" ( shout)

"တော်ပါတော့ တော်ကြပါတော့ဗျာ မဖြစ်သေးတဲ့ပြဿနာကိုအခုကတည်းက စမနေကြပါနဲ့"

HaeChan က Do Young ကိုဝင်ဆွဲလို့ ကျနော့်လည်ပင်းနားကအကျီစတွေကိုကိုင်ထားတဲ့ Do Young လက်တွေလွတ်ထွက်သွားတယ်

"HaeChan မင်းပြောတဲ့မဖြစ်သေးတဲ့ပြဿနာကနောင်အချိန်မှာကျိန်းသေဖြစ်လာမှာ မကြီးလာသေးတဲ့ပြဿနာကိုငါကပျောက်သွားအောင်ဝင်အကြံပေးနေတဲ့သဘောပဲ"

Do Young ရဲ့ဒေါသစကားကြောင့် အငယ်ဖြစ်သူ HaeChan လေးဘာမှပြန်အပြောနိုင်ဘဲငြိမ်သွားတယ်

"Taeyong ငါမင်းကို အဲ့ကိစ္စနဲ့ပတ်သက်ပြီးဘာမှမပြောတော့ဘူး ဒါပေမယ့် ငါအခုပြောမယ့်စကားတွေကိုတော့မင်းမှတ်ထားပေးပါ မင်းက ငါတို့အဖွဲ့ရဲ့ leader ပါ မင်းရဲ့ဦးဆောင်မှုနောက်ကိုငါတို့လိုက်ခဲ့သလို မင်းစကားတွေကိုလည်း ငါတို့နားထောင်ခဲ့တယ် ဒါ့ကြောင့်အဲ့လိုပဲအမြဲတမ်းရှိနေစေချင်တယ် ငါတို့ကိုဦးဆောင်နေတဲ့လူတစ်ယောက်ကို ငါတို့ကပြန်ပြီး မဆုံးမချင်ဘူး မသွန်သင်ချင်ဘူး"

"......."

"ဒါ့ကြောင့်မင်းရဲ့ကိစ္စကိုငါဘာမှမပြောတော့ဘူး ဒါပေမယ့် တကယ့်အချိန်တစ်ခုကိုရောက်လာခဲ့ရင် fan နဲ့ အဖွဲ့အတွက်လှည့်ကြည့်ပေးမယ့် leader အနေနဲ့ပဲငါမြင်ချင်တယ် Taeyong"

ကျနော့်ကိုသူ့ရဲ့နောက်ဆုံးစကားပြောပြီး သူ့အခန်းကိုချက်ချင်းပြန်သွားတဲ့ Do Young ကကျနော့်ကိုတောင်နောက်ပြန်လှည့်မကြည့်တော့

"hyung!! ဘာမှစိတ်ထဲမထားပါနဲ့ Do Young စိတ်ကိုသိတယ်မလား သူကအဲ့အတိုင်းပဲ"

ကျနော့်ကိုနှစ်သိမ့်လာတဲ့ အငယ်နှစ်ယောက်လည်းမျက်နှာမကောင်းကြ

အငယ်တွေကပါ ကျနော့်လိုအကြီးဖြစ်သူကြောင့်မျက်နှာမကောင်းဘူးဆ်ုတော့ ကျနော်မှားများမှားခဲ့ပြီလားလို့တောင်စဉ်းစားမိတယ်

Fan Boy Is Just A Fan Boy Where stories live. Discover now