Part 1

225 18 15
                                    

ချစ်ရပါသော

ဂျိမ်းခနဲ မြည်သံနဲ့အတူ ညှို့မှိုင်းနေတဲ့ ကောင်းကင်ထက်က မိုးစက်မိုးပေါက်များ တဖွဲဖွဲကျဆင်းလာသည်။ မှန်ပြတင်းတံခါးကို မဖွင့်ပဲ ကျော်ကြည့်လိုက်တော့ မိုးဖွဲရာကနေ တဖြေးဖြေးသည်းလာတာ သိသာလာသည်။ ပတ်ဝန်းကျင် တခုလုံး အုံ့မှိုင်းမှောင်နေတာ ဘေးဘီကို သဲသဲကွဲကွဲတောင် မမြင်ရ။ သူ ပြတင်းတံခါးနားကပ်ပြီး တံခါးဖွင့်လိုက်တော့ မိုးစက်မိုးပေါက်တွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ မျက်နှာထက် ခုန်ဆင်းလာသည်။ တစ်စက်စက်နဲ့ ထိတွေ့နေတဲ့ မိုးစက်တွေကြား ခေါင်မိုးထက် တဖြောက်ဖြောက်ကျနေတဲ့ မိုးစက်တို့က သူ့နားထဲတော့ သံစဉ်တစ်ပုဒ် တီးခေတ်နေသယောင်…ချစ်တဲ့ မိုးစက်တွေကိုလည်း ထိတွေ့ခွင့်ရပြီ။ သဘာဝဂီတကလည်း အဖော်ပြုနေပြီ။ ကဲ ဘာလိုသေးလဲ… မဟုတ်သေးဘူး လိုနေတာထက် ခံစားချက် တခုခု လစ်ဟာနေတာလေ… ဘာတွေ လစ်ဟာနေသလဲဆိုတာ ပြင်းပြင်းထန်ထန် စဉ်းစားမိသည်။ နောက်တော့ သင်္ချာပုဒ်စာ အဖြေရှာတွေ့တဲ့ ကလေးတစ်ယောက်လို သူ မြူးတူးသွားသည်။ ခြေလှမ်းတွေက အိမ်ပြင်ဘက် ခြံဝင်းတွေဆီ တလှမ်းချင်း ဦးတည်လို့…
ယောက်ယက်ခတ်သွားတဲ့ လက်တွေက ကိုယ်ပေါ်က အကျီင်္ိတွေကို ဆွဲချွတ်လို့…

အား……မိုးစက်တွေ…
သူမျက်နှာကို ခပ်မော့မော့ထားလိုက်သည်။ အရှိန်ပြင်းပြင်း ကျဆင်းနေတဲ့ မိုးစက်တို့ကတော့ အညှာတာမဲ့စွာ သူမျက်နှာပေါ် ရိုက်ခတ်ရင်း ကိုယ်ခန္ဓာပေါ် တိုက်ရိုက်ထိတွေ့ရင်း တစ်ကိုယ်လုံးက ခံစားချက်တွေကို စုပ်ယူဝါးမျိုတိုက်စားရင်း အဝေးကို မျောပါစီးဆင်းသွားပြီ။ မျက်ဝန်းတွေ မှိတ်ထားရတော့ မိုးရေစက်တွေ အထိတွေ့ကို ခံစားနေရတာ ဘယ်လောက် လွတ်လပ်မှုရှိသလဲ… ပတ်ဝန်းကျင်တစ်ခုလုံး သူ့အကြိုက်အမည်းနုနု လွှမ်းခြုံထားတာကရော ဘယ်လောက်ပြီးပြည့်စုံလိုက်လဲ…

ဘယ်လောက်ကြာအောင် အချိန်တွေ ကုန်ဆုံးလဲ မသိပေမယ့် နွေးထွေးတဲ့ စီးကြောင်းတစ်ခု သွေးလည်ပတ်မှုတလျောက် ဖြတ်ဝင်စီးဆင်းသွားချိန်မှာတော့ သူရပ်နေရာ မိုးစက်တွေအောက်ကနေ အိမ်ထဲပြန်ဝင်လာခဲ့ပြီ။ တကိုယ်လုံးကနေ ရေစက်တွေ ပေါက်ပေါက်ကျနေတုန်း… သူသွားခဲ့တဲ့ နေရာတွေ အနှံ့ ရေစက်တွေက သက်သေခံလျက်…အခန်းတစ်ခုဆီ ဦးတည်လိုက်သည်။ အလင်းရောင် ခပ်ပျပျရှိတဲ့ အခန်းထဲကို ဝင်လိုက်ပြီး သူလုပ်နေကျအတိုင်း ပြင်ဆင်ဖြစ်နေသည်။ ရီဝေဝေမျက်လုံးတွေက ကင်းဘတ်စ် ပေါ် စူးစိုက်မိသွားချိန်မှာတော့ သူလက်တွေ အလိုလျောက် လှုပ်ရှားလာသည်။ အနုပညာသက်ဝင်တယ် ခေါ်လား…ရူးသွပ်စွာ စီးမျောမှုလား သေချာ ကောက်ချမချနိုင်ခင်မှာပဲ ​မော်​ဒန်​ပန်းချီဆိုတဲ့ အနုပညာတတစ်ခု ကင်းဘတ်စ်ပေါ် ပေါက်ဖွားလာဖို့ ဟန်ပြင်နေပြီ။ နာရီမိနစ်တွေ ရွေ့လျားလာတာနဲ့ အရာအားလုံး ပြီးဆုံးသွားချိန်မှာတော့ သူကျေကျေနပ်နပ် တချက်ပြုံးလိုက်သည်။ ဖြစ်နေကြအတိုင်းပဲ သူ့အကြည့်တွေကို ကင်းဘတ်စ်ပေါ်ကနေ ဘေးကို ရွှေ့လိုက်ချိန်မှာတော့ စူးရှတောက်ပနေတဲ့ သူ့မျက်ဝန်းကို မှောင်ပျပျ မီးရောင်အောက်ကတောင် မြင်နိုင်သေးသည်။ အပြုံးတွေကို မရပ်သေးပဲ သူ့ဘေးကို ကြည့်ပြီး စကားစလိုက်သည်။

ချစ်ရပါသော...Where stories live. Discover now