ပန်းပွင့်သတို့သမီးအပိုင်း (၁၅)

6.5K 396 3
                                    

ပန်းပွင့်သတို့သမီး
အပိုင်း (၁၅)

ထိမိုယွမ်သည် ယောက်ဖတော် တင်ဂီရိကို နေပြည်တော်တွင် နေပြီး သေဆုံးစစ်သည်တော်များ၏ သားသမီးများကို ပျိုးထောင်သည့် အဖွဲ့တွင် ပါဝင်ကူညီပေးရန် ကမ်းလှမ်းထားသည်။ ခန်မင်းကြီးက လည်း တရားဝင်မိန့်ဆိုသောကြောင့် ထိုလူငယ်မျိုးဆက်သစ်ကို လေ့ကျင့်သည့် အဖွဲ့တွင် အာနန် မင်းသား ပါဝင်လာသည်။
တင်ဂီရိသည် ခမည်းတော်ကို စာချွန်တော်ပါးကာ နန်ကျောင် နေပြည်တွင် တာဝန်ထမ်းဆောင်ရန် ကျန်ရစ်ခဲ့သည်။ နန်းတွင်းအလုပ်များပါးမှ စာဂိရိထံသို့ အလည်လာခဲ့သည်။ တင်ဂီရိ အဆောင်ထဲ ၀င်မိသည်နှင့် တွေ့လိုက်သည်က နန်ကျောင်အထက်တန်းလွှာ၏ မြင်းစီးအ၀တ်ကို ကျကျနန၀တ်စား ပြီး မြင်းကို တင်ဂီရိ ပါးစပ် အဟောင်းသား ဆွဲကာထွက်လာသော စာဂိရိကို တန်းတွေ့လိုက်သဖြင့် ဖြစ်သွားသည်။

စာဂိရိ ယောက်ျားလေးလို ၀တ်ထားပါလား။ နန်းတော်အတွင်းတွင် အမတ်ချုပ်ကြီးနှင့် အဖွဲ့က စောင့် ကြည့်နေခိုက် စာဂိရိ ယခုလိုနေသည်က အင်မတန် အန္တာရယ်များလှသည်။

"စာဂိရိ..."
စာဂိရိသည် အကိုတော်ကို တွေ့လိုက်သောအခါ ၀မ်းသာအားရပြေးလာပြီး တခါတည်းခုန်ကာ ဖက်လိုက်သည်။
"အကိုတော်.... အကိုတော့်ကို လွမ်းလိုက်ရတာ။ ဟိုရက်တွေက အရမ်းအလုပ်များနေတယ် ဆိုလို့ စာဂိရိ လာမတွေ့တာ။ အကိုတော် ပိန်သွားတယ်နော်။ နေမကောင်းလို့လား။ ခမည်းတော် နေကောင်းရဲ့လား။ စာဂိရိလေ တိုင်းပြည်ကို ပြန်ချင်လိုက်တာ။ "
တင်ဂီရိသည် စာဂိရိကို အပြစ်ပြောမည့်စကားများ နူတ်ဖျားတွင် ပျောက်သွားတော့သည်။ ညီလေးဖြစ် သူ၏ ပြုံးနေသည့် မျက်နှာလေးက တင်ဂီရိကို စိတ်အေးချမ်းစေသည်။ တင်ဂီရိသည် ညီလေးကို ဝှေ့ယမ်းကာ ကျီစယ်လိုက်စဉ် စာဂိရိက တခစ်ခစ်နှင့် ရယ်မောနေသည်။

"သခင်လေးတင်ဂီရိ....."
"တိုခီဝါ နေကောင်းလား။ မတွေ့တာကြာတော့ တိုခီဝါလည်း ပိုချောလာလို့ပါလား။ တကယ့် နန်ကျောင် နန်းတော်သူကြီးလို ခန့်ညားလို့ပါလား။"
တိုခီဝါသည် ရင်းနှီးစွာ နူတ်ဆက်သော သခင်လေးကို အရိုသေပေးကာ ချစ်ခင်စွာနူတ်ဆက်သည်။
မိမိလက်ပေါ်ကြီးပျင်းလားသော အာနန်ပြည် အိမ်ရှေ့စံကို မိမိသားကဲ့သို့ပင် ချစ်ခင်မိပါသည်။

"သခင်လေး နေကောင်းကျန်းမာပါရဲ့လား။ မင်းကြီးလည်း ကျန်းမာပါရဲ့လား။"
"ကောင်းပါတယ်ဗျာ။ ခမည်းတော်က တိုခီဝါကို အမြဲမေးပါတယ်။ စာဂီရိ စကားနားထောင်ရဲ့လား။"
"သခင်မလေးက တိုခီဝါရဲ့ စကားကို နားမထောင်ဘူးလေ။ မင်းသားလေးက အလိုလိုက်တော့ လုပ်ချင်တာတွေ လုပ်နေတယ် သခင်လေး"
စာဂိရိက နူတ်ခမ်းစူကာ

"တိုခီဝါနော်... အကိုတော်ကိုတွေ့တာနဲ့ စာဂိရီကို တိုင်ပြောပြီ။ စာဂိရိ နန်ကျောင် နန်းတော်သူတွေ သိသင့်တာ အားလုံးကို သင်ယူပြီးပါပြီ။ ပြီးတော့ စာဂိရိ စာရေး၊စာဖတ်သင်တာ အတော်တတ်နေပြီ။ ဆရာနိုရုန်းကိုယ်တိုင် သင်ပေးတာလေ။ ဆရာက အကိုတော်နဲ့ သိတယ်လို့ပြောတယ်။"
"အင်း... နိုရုန်းဆီကလည်း စာဂိရိ စာသင်တာ အကိုတော် ကြားပါတယ်။ ဒါနဲ့ ဒီမြင်းစီး ၀တ်စုံက ဘယ်သူ့အမိန့်နဲ့ ၀တ်တာလဲ။ နန်ကျောင် မင်းကြီးကြားရင် အပြစ်ပေးခံရလိမ့်မယ်နော်။"
"အကိုတော် ထိမိုယွမ်ရဲ့ အမိန့်နဲ့ ၀တ်တာပါ။ အခု စာဂိရိမှာ ကိုယ်ပိုင်မြင်းတစ်ကောင် ရှိပြီ သိလား။ အကိုတော် ထိမိုယွမ်က လက်ဆောင်ပေးတာ။ "
"စာဂိရိ ကိုယ့်အကြောင်းမပေါ်အောင် ကရုစိုက်နော်။ စာဂိရိ အကြောင်းအားလုံးသိကုန်ရင် ဒုက္ခ္ခ ရောက်ကုန်လိမ့်မယ်။ ထိမိုယွမ် သဘောတူတိုင်း စာဂိရိက ၀တ်ရသလား။ "
စာဂိရိသည် အကိုတော့် ရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ ချွဲလိုက်သည်။
"အကိုတော်ကလည်း။ စာဂိရိက ယောက်ျားလေးလိုဝတ်ချင်နေတာကြာပြီ။ ခုမှ ၀တ်ရတာ။ ဒါတောင် အမြဲ မ၀တ်ပါဘူး။ မြင်းစီးသွားမှ ၀တ်တာပါ။"
တင်ဂီရိသည် စာဂိရိကို ခြေဆုံးခေါင်းဆုံးကြည့်ကာ မျက်လုံးက ဆံပင်ဆီရောက်သွားသည်။

"စာဂိရိ ဆံပင်ဖြတ်ထားတယ် ဟုတ်လား။ ဒါ ဘယ်သူ့သဘောနဲ့လဲ။ စာဂိရိ ကိုယ့်ဖာသာ ဖြတ်တာ လား။ ထိမိုယွမ်ဖြတ်ခိုင်းတာလား။ ဒါကတော့ လွန်သွားပြီ။ တိုခီဝါက မတားဘူးလား။ "
တင်ဂီရိ စိတ်ဆိုးစွာမေးလိုက်သည်။ စာဂိရိသည် အကိုတော် စိတ်ဆိုးသွားသည်ကို တွေ့သော် တောင်းပန်လိုက်သည်။

"စာဂိရိ ကိုယ့်သဘောနဲ့ဖြတ်လိုက်တာပါ။ တိုခီဝါ တားပါသေးတယ်။ "
"ထိမိုယွမ်သိသလား။"
"ဟုတ်ကဲ့။"
"ဒါကတော့ လွန်လာပြီ။ စာဂိရိက ဆံပင်အင်မတန်ကောင်းတာ။ ဆံပင်တရပ်၊လူတရပ်နဲ့ အင်မတန် ကို ကျက်သရေရှိတာ။ မိဖုရားခေါင်တွေဆိုတာ အသားအရေရဲ့ ကောင်းခြင်း၊ ဆံပင်ရဲ့ ကောင်းခြင်း၊ အရိုးရဲ့ ကောင်းခြင်း၊ အကျင့်သီလပြည့်စုံခြင်း၊ မျိုးရိုးမြင့်ခြင်းနဲ့ ပြည့်စုံရတယ်။ အခု စာဂိရိက ကိုယ့် ကျက်သရေတစ်ခုကို ဖျက်ဆီးလိုက်တာကို သူများတွေသိရင် အိမ်ရှေ့မင်း ရဲ့ မိဖုရား အဖြစ်ကို မတင်မြှောက်ဖို့ တားမြစ်နိုင်တယ်ဆိုတာ သိရဲ့လား။"

"အကိုတော်ကလည်း။ မိဖုရား မဖြစ်တော့ ပိုကောင်းတာပေါ့။ စာဂိရိ အိမ်ပြန်လို့ရတယ်။"

စာဂိရိက ပြောင်စပ်စပ်ဖြင့်ပြောလိုက်သောအခါ တင်ဂီရိက စာဂိရိ၏ ပုခုံးကို ဆွဲခါကာ

"ဒီစကားကို ဒီတင်ပဲရပ်။ ဒီအထိတောင်ရောက်လာပြီ။ စာဂိရိ ပြန်လှည့်လို့ မရတော့ဘူး။ အခုက စပြီး လူကြီးစိတ်မွေးတော့။ စာဂိရိရဲ့ လှုပ်ရှားမှုတိုင်း၊ ပြောလိုက်တဲ့ စကားတိုင်းက လူတွေအများကြီး ကို ရိုက်ခတ်နိုင်တယ်။ စာဂိရိက နောင်တချိန်မှာ နန်ကျောင်ပြည်ရဲ့ ဧကရီမိဖုရားခေါင်ကြီး ဖြစ်လာ မယ့်သူ ဆိုတာ ဘယ်တော့မှ မမေ့နဲ့နော်။"
စာဂိရိသည် အကိုတော်၏ စကားကြောင့် ကြောင်အမ်းအမ်းလေးဖြစ်သွားသည်။

"ဟင်... စာဂိရိက ဒီ နန်းတော်ကြီးမှာ သေတဲ့အထိ မိန်းမတစ်ယောက်လို နေသွားရမှာလား။ စာဂိရိ မနေချင်ဘူး။"
"တော်စမ်း စာဂိရိ။ လာ အထဲမှာ အကိုတော် ရှင်းပြမယ်။ "
တင်ဂီရိသည် စာဂိရိကို ဆွဲခေါ်ကာ အဆောင်ထဲသို့ခေါ်လာပြီး ရှင်းပြသည်။

"စာဂိရိ အကိုတော် ပြောတာကို နားထောင်။ ထိမိုယွမ်ကို စာဂိရိ ချစ်သလား။"
"ဟင့်အင်း..."
စာဂိရိက တဲ့တိုးဖြေလိုက်သဖြင့် တင်ဂီရိ စိတ်ညစ်သွားသည်။
"ဟဲ့ စာဂိရိနှင့် သူက ငြိစွန်းပြီးပြီ မဟုတ်လား။ သူက စာဂိရိ အပေါ်လည်း ဒီလောက်အလိုလိုက်တာ သူ့ကို နည်းနည်းလေးမှ သံယောဇဉ် မရှိဘူးလား။ ဒီနန်းတော်မှာ သူက စာဂိရိ အပေါ် တကယ့်ကို စိတ်ရင်းနဲ့ ချစ်တဲ့သူနော်။ ကျန်တဲ့သူတွေက သိပ်မယုံရဘူး။ သူ့ကို စာဂိရိ နည်းနည်းလေးမှ မခင်တွယ်ဘူးလားကွယ်။"
စာဂိရိ အကိုတော်ကို မော့ကြည့်ကာ ရှက်ပြုံးဖြင့်
"နည်းနည်းတော့ ခင်လာပြီ။ သူက စာဂိရိကို အလိုလိုက်တယ်။ သူနဲ့ နေရတာ စိတ်ချမ်းသာတယ်။ သူ့ကို ချစ်မချစ်တော့ စာဂိရိလည်း မသိတော့ဘူး။"
တင်ဂီရိ သက်ပြင်းချမိသည်။ အင်မတန်ကို ငယ်ကာ ဘာဆိုဘာမှ မသိသေးသော တစ်ဦးတည်းသော ညီတော်လေးကို မိဖုရားကောင်းဖြစ်ရန် သင်ပေးရတော့မည့် အဖြစ်က ရင်မောစရာကောင်းပါသည်။

"သူက စာဂိရိကို အရမ်းအလေးအနက်ထားတယ်။အခု နန်းတော်ထဲမှာ သူကစာဂိရိရဲ့ စစ်သည်တော်
တွေရဲ့ ကလေးကို ကူညီချင်တယ် ဆိုတဲ့စကားကြောင့် အတိုက်အခံ အများကြီးကို ရင်ဆိုင်ပြီး လုပ် ဆောင်နေတာ။ စာဂိရိသာ သူ့ကို ကိုင်တွယ်နိုင်မယ်ဆိုရင် လူတွေကို အများကြီး အကူအညီပေး နိုင်လိမ့်မယ်။ သူကလည်း အင်မတန်ကိုကောင်းတဲ့ မင်းတစ်ပါးဖြစ်လာလိမ့်မယ်။"
စာဂိရိ အကိုတော် ပြောသည်ကို နားလည်သော်လည်း သူ့ကို လွှမ်းမိုးချုပ်ကိုဖို့ မိမိဘယ်လိုမှ တတ် နိုင်မည်မဟုတ်ပေ။ သူ့ရင်ခွင်ထဲ ရောက်သွားတိုင်း မိမိမှာ ရှက်သည်နှင့် အနေခက်သည်ကိုသာသိ သည်။ သူ့ကို မိမိ ချစ်သူ ခင်ပွန်းအဖြစ် မြင်လို့မရသေးပေ။ ထို့ကြောင့် အကိုတော် တင်ဂီရိကို မရဲတရဲလေးကြည့်ကာ
"အကိုတော်ကလည်း... စာဂိရိ သူ့စိတ်တိုင်းကျ နေပါတယ်။ ပြီးတော့ သူ့ကို စာဂိရိ အကိုတော် လိုချစ်ပါတယ်။"
"အကိုလိုချစ်ရမှာ မဟုတ်ဘူး။ ယောက်ျားလို ချစ်ရမှာ။ သူ့အချစ်ကို စာဂိရိဆီမှာပဲ ရှိအောင်လုပ်ရ မှာ။ တကယ်လို့ တခြားမိန်းကလေးကို သူချစ်သွားပြီ စာဂိရိကို ပစ်ပယ်ထားရင် ဘယ်လိုလုပ်မလဲ။"
"စာဂိရိ တိုင်းပြည်ကို ပြန်လာမယ်။ သူကလည်း သားသမီးအတွက် နောက်မိဖုရားမြှောက်မယ် လို့ပြောထားတယ်။ သူ စာဂိရိ ကို မချစ်တော့ရင် စာဂိရိ ပြန်လာမှာပေါ့။"
"အဲ့ဒါကို အကိုတော် မဖြစ်စေချင်တာ။ အခု စာဂိရိကို စောင့်ကြည့်နေသူတွေ ၀ိုင်းနေပြီ။ နောက်မှ မဟုတ်ဘူး။ အိမ်ရှေ့မိဖုရားလောင်းတောင် နောက်တယောက်ရွေးထားပြီလို့ကြားတယ်။ လက်ထပ်
ရင် နှစ်ယောက်တစ်ပြိုင်တည်း လက်ထပ်မယ်လို့ သတင်းထွက်နေတယ်။ ထိမိုယွမ် ကိုယ်တိုင် ကန့်ကွက်ရင်တော့ ဒီလိုသတင်းထွက်လာစရာ မရှိဘူး။ အခုက သူ ကိုယ်တိုင် သဘောတူလို့ ထင်တယ်။ "
"ဟင့်အင်း မဖြစ်နိုင်ပါဘူး။ သူ့ဆီက ဘာမှ ပြောသံမကြားဘူး။"
"စာဂိရိရယ်။ ဒီလိုကိစ္စမျိုးဘယ်သူမှ မပြောဘူး။ ပြီးတော့ ထိမိုယွမ်က စာဂိရိဆီ အလာကျဲတယ် မဟုတ်လား။"
စာဂိရိ ခေါင်းငြိမ့်လိုက်သည်။ တကယ်လည်း သူ ဒီရက်ပိုင်း မိမိထံသိပ်မလာပေ။ သူ နောက်မင်းသမီး တစ်ပါးထံသွားနေသလားဟု တွေးမိကာ ရင်ထဲစူးသလိုလိုဖြစ်လာသည်။ ဘာကြောင့် ဒီလိုခံစားရ သည်ကို စာဂိရိ နားမလည်တော့ပေ။

"ထိမိုယွမ်ရဲ့စိတ်ကို ဖမ်းဆုပ်နိုင်အောင် ကြိုးစားပါဆိုတာကို အကိုတော် မှာချင်တယ် စာဂိရိ။"
စာဂိရိသည် အကိုတော်တင်ဂီရိ၏ စကားကြောင့် သက်ပြင်းလေး ရှိုက်မိသည်။ မိမိတကယ့်ကို ခင်ပွန်းအချစ်ကို ဆုံးရှုံးရမျာ အမြဲပူပင်နေရသော မိဖုရားဘ၀ကို နေရတော့မှာလားဟု တွေးကာ ငိုချင်သလိုလည်းဖြစ်သွားသည်။ အားလည်းငယ်သွားသည်။

အကိုတော် တင်ဂီရိပြန်သွားသောအခါ စာဂိရိ ပြတင်းတံခါးနံဘေးတွင် ထိုင်ကာ မှိုင်နေမိသည်။

"ဟိတ်... ဘာတွေ ငေးနေတာလဲ။ ကိုယ်ဝင်လာတာတောင် မသိရအောင် ဘယ်သူ့အကြောင်းတွေး နေတာလဲ အချစ်လေး။"
"ဘယ်သူ့အကြောင်းမှ မဟုတ်ပါဘူး။ စာဂိရိရဲ့ အကြောင်းကိုပါ။ "
ထိမိုယွမ်သည် စာဂိရိ၏ သေးသွယ်သောကိုယ်လေးကို ဖက်ကာ ပါးပြင်ကိုနမ်းပြီးမေးလိုက်သည်။ စာဂိရိသည် ယခင်လို ငြိမ်မနေပဲ သူ့ရင်ခွင်မှ မသိမသာရုန်းကာ

"မိဖုရားဘ၀ရဲ့ ငြီးငွေ့စရာကောင်းတာကို တွေးမိလို့ပါ။ "
ထိမိုယွမ်၏ ပြုံးနေသော မျက်နှာတည်သွားသည်။ အနည်းငယ်လည်း မကျေမနပ်ဖြစ် သွားသည်။
ကိုယ်ကတော့ သူလေးကိုချစ်လွန်းလို့ နန်းတော်ထဲ အာဏာရရန်ကြိုးစားနေချိန် သူကတော့ မိမိ၏ မိဖုရားလုပ်ရမည်ကို တွေးကာ ငြီးငွေ့နေသည်ကတော့ ထိမိုယွမ်၏ အချစ်ကိုစော်ကားလွန်းနေပြီ။

"ဘာလဲ။ စာဂိရိက ကိုယ့်မိဖုရား မဖြစ်ချင်တဲ့သဘောလား။"
"ဟုတ်တယ်။ စာဂိရိ အကိုတော်ရဲ့ မိဖုရား မဖြစ်ချင်ဘူး။ စိတ်မောရတယ်။ ဘယ်တော့ ကိုယ့် ယောက်ျားပစ်ပယ်တာခံရပြီး တခြားမိဖုရားတွေရဲ့ နှိပ်စက်တာ ခံရမလဲဆိုပြီး စိုးရိမ်နေရတဲ့ ဘ၀ကို စာဂိရိ မလိုချင်ဘူး။"
"စာဂိရိက ကိုယ့်အချစ်ကို မယုံလို့ဒီလိုတွေးတာပေါ့။ ကိုယ်ကတော့ စာဂိရိနဲ့ သေတဲ့အထိ အတူနေ ဖို့ ကြိုးစားနေတယ်။ ကိုယ့် အချစ်ကို နည်းနည်းလေးတော့ မျက်စိမှိတ်ပြီး ယုံကြည်လိုက်စမ်းပါလား"
စာဂိရိ သူ့ရင်ခွင်မှ ရုန်းထွက်ကာ
"အကိုတော်ကို ချစ်ရမှာ ကြောက်တယ်။"
"ဘာကြောက်စရာရှိလို့လဲကွယ်။ "

စာဂိရိ သူ့မျက်နှာကို ငေးငေးလေးကြည့်ကာ "ဟင့်အင်း စာဂိရိ မပြောတတ်ဘူး။ အကိုတော်ကို ချစ်ပြီး ၀မ်းနည်းရမှာ စိုးတယ်။"
ထိမိုယွမ်က စာဂိရိ၏ ကိုယ်လေးကို ပွေ့ဖက်ကာ သလွန်ပေါ်လှဲချကာ နူတ်ခမ်းပါးလေးကို အနမ်းဖြင့် ပိတ်လိုက်ပြီး
"စိတ်ချ။ ကိုယ့် အချစ်ကြောင့် စာဂိရိ ဘယ်တော့မှ ၀မ်းမနည်းစေရဘူး။ စာဂိရိသာ ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ မချစ်ရဘူးနော်။"
စာဂိရိ သူ့စကားကြောင့် နူတ်ခမ်းစူကာ
"စာဂိရိက ဘယ်သူ့ကိုမှ မချစ်ပါဘူး။"
"ကိုယ့်ကိုလည်း မချစ်ဘူးလား။"
"စာဂိရိ မသိဘူး။"
"ဒါဆို ချစ်တတ်သွားအောင်သင်ပေးမယ် ....လာ...."
စာဂိရိသည် သူဖန်ဆင်းရာ အချစ်ကမ္ဘာလေးထဲ ရင်တဖိုဖိုဖြင့်ပါသွားတော့သည်။
"ချစ်တယ် စာဂိရိရယ်... မင်းကို အရမ်းချစ်တယ်။"

"အ...အကိုတော်...အွန်း... "
စာဂိရိ၏ အဆောင်လေးထဲ ချစ်ခြင်းအရိပ်လေးများ လွင့်ပျံလို့လာသည်။ အိမ်ရှေ့မင်းသားလေးသည် စာဂိရိ ကို အချစ်ဖြင့်ဖျားယောင်းနိုင်ရန်ကြိုးစားနေတော့သည်။ သူ့အထိအတွေ့ဝယ် စာဂိရိ တီးတိုး ညည်းကာ အသွေးအသားတို့ကာ သူနှင့် တသားတည်းကျသွားသလို ခံစားရသည်။ ယောက်ျားခြင်း ဖြစ်သော်လည်း သူ့အနမ်း၊ သူ့အထိအတွေ့များက စာဂိရိကို ခြောက်ခြားစေသည်။ တခါတရံ သူ မလာတာ ကြာလျှင် စာဂိရိ သူ့ကို လွမ်းဆွတ်စွာမျှော်နေမိသည်။ ဒါက အချစ်လားတော့ စာဂိရိလည်း မသိတော့ပေ။ ယခုတော့ မာယာကြွယ်သော သူ့အပြုအစုဝယ် စာဂိရိ မိန်းမူးနေတော့သည်။

တင်ဂီရိသည် ထိမိုယွမ်နှင့် အတူတာဝန်ထမ်းဆောင်ရင်း စာဂိရိအပေါ်ထားသည့် ထိမိုယွမ်၏ အချစ် နှင့် လေးနက်မှုကို ပိုသိလာခဲ့သည်။ ထို့ပြင် နန်ကျောင်နန်းတွင်းရေး၏ ရှုပ်ထွေးမှုနှင့် ထိမိုယွမ် အာဏာတည်တံ့လျှင် တိုင်းပြည်အေးချမ်းမည်ကို သိလာခဲ့သည်။ စာဂိရိသာ ထိမိုယွမ်ကို ကောင်းမွန် စွာဖြောင့်ဖြနိုင်လျှင် တိုင်းပြည်အတွက် မင်းကောင်းတစ်ဦးဖြစ်လာနိုင်သည်ကို သိကာ စာဂိရိကို တိုက် တွန်းရခြင်းဖြစ်သည်။ နန်ကျောင်ပြည်အေးချမ်းသာယာလျှင် အတိုင်းတိုင်းအပြည်ပြည်လည်း အေးချမ်းမည်ဖြစ်သောကြောင့် မိမိ၏ ညီလေးကို မိန်းကလေးဘ၀ဖြင့် အကောင်းဆုံး နေသွားရန် နှင့် ထိမိုယွမ်ကို ချစ်လာစေရန် တိုက်တွန်းနေရခြင်းဖြစ်သည်။

နန်ကျောင်နန်းတော်အတွင်းသို့တင်ဂီရိရောက်ကတည်းက ပြည်ထဲရေးဝန်ကြီးသမီး၊ မိဖုရားခေါင်ကြီး ၏ တူမတော် မင်းသမီး ပင်းပင်း အကြောင်းကို နားနှင့်မဆံ့အောင် ကြားခဲ့ရသည်။ စာဂိရိကို အရမ်း
ကပ်သည်ကို တိုခီဝါမှ တဆင့် ကြားသိထားသည်။ ထိမိုယွမ်ကို အကဲခတ်ကြည့်တော့ ပင်းပင်းကို ကရုတစိုက်မရှိလှသည်ကို တွေ့မှ အနည်းငယ် စိတ်အေးသွားသည်။ သို့သော် အမြဲတမ်း အသစ် အဆန်းကို ဖွေရှာတတ်သည့် ယောက်ျားတို့စိတ်ကို သိထားသဖြင့်စိတ်တော့ မချနိုင်သေးပေ။

တင်ဂီရိ မြင်းစီးလေ့ကျင့်ကွင်းတွင် ကလေးများကို ခေါ်ဆောင်ကာ လိုက်ပြစဉ် စာဂိရိ မြင်းဖြူကြီးကို စီးကာ ရောက်ချလာသည်။ ကွယ်လွန်သွားသော စစ်သည်များ၏ သားသမီးလေးများက ချောမော လှပသော စာဂိရိကို တွေ့သော် ၀မ်းသာစွာ နူတ်ဆက်ကြသည်။ စာဂိရိသည် ကလေးများကို ရင်းနှီး စွာ လက်ပွန်းတသီးနူတ်ဆက်သည်ကို ကြည့်ရင်း သဘောကျစွာပြုံးနေမိသည်။

ပင်းပင်းသည် စာဂိရိ ရှိမည့် နေရာသို့ လိုက်လာစဉ် စာဂိရိကို ပြုံးပြီင်္းကြည့်နေသည့် လူတစ်ဦးကို တွေ့သော် ပင်းပင်း အသက်ရှူမှားမတတ်ဖြစ်သွားသည်။ စာဂိရိနှင့် ရုပ်ခြင်းဆင်သဖြင့် မိမိကြားထား ဖူးသည့် အာနန်ပြည်၏ အိမ်ရှေ့စံ တင်ဂီရိ မင်းသားဖြစ်မည်ကို သိလိုက်သည်။ သို့သော် ဒီလောက် ယောက်ျားပီသလိမ့်မည်လို့တော့ မထင်ထားခဲ့ပေ။ စာဂိရိက နတ်သမီးလေးလို လှသလို၊ တင်ဂီရိ မင်းသားက နတ်စစ်သည်လိုခန့်ညားလွန်းလှသည်။ တည်ကြည်ပြတ်သားသည့် သူ့မျက်နှာထားကို ပင်းပင်း စွဲလန်းသွားမိသည်။

~ ဆက်ရန်

ပန်းပွင့်သတို့သမီးWhere stories live. Discover now