Fan Boy Is Just A Fan Boy Ch-12

Start from the beginning
                                    

ကျနော်လည်းမသိချင်ယောင်ဆောင်ပြီး ပြောင်စင်နေပြီဖြစ်တဲ့လက်ကိုဆက်ဆေးနေလိုက်တယ်

ရုတ်တရက်

ကျနော်ပခုံးကို Jaehyun ကဆွဲယူချလိုက်ပြီး ဒီဘက်ဘေစင်ဘက်ကနေ ဟိုဘက်နံရံဘက်ကိုကပ်ချလိုက်တော့ ကျနော့်ကျောပြင်ကနံရံရဲ့အေးစက်မှုကိုခံစားလိုက်ရတယ်

သူကျနော်ကိုအုပ်မိုးလျက်

အနောက်မှာကနံရံ

အရှေ့မှာက အနီးကပ်ဆုံးအနေအထားနဲ့ သူရှိနေတာကြောင့်ကျနော်ရှောင်ထွက်သွားလို့မရ

နီးကပ်နေတဲ့ သူ့အကြည့်နဲ့ကျနော့်အကြည့်တွေမဖလှယ်ခဲ့ရင်တောင် သူ့အကြည့်တွေကကျနော့်ဆီမှာတောက်လျှောက်ရှိနေခဲ့တယ်

ရုတ်တရက်မို့မပိတ်လိုက်ရတဲ့ရေဘုံဘိုင်ကရေတွေကလည်းစီးကျနေဆဲ...

ထိုရေသံတို့ကြားကနေ ကြားဖြတ်ဝင်လာတဲ့အသံက အမြင့်ပေါ်ကနေ ကြမ်းပြင်ပေါ်ကိုအရှိန်နဲ့ကျတဲ့အရာဝတ္ထုတွေရဲ့အသံတွေ

အခုမှကျနော်သဘောပေါက်တယ်

ကျနော်လက်ဆေးနေတဲ့အပေါ်က အထုပ်တွေကကျနော့်ပေါ်ကျမှာစိုးလို့ ကျနော့်ကိုဖယ်လိုက်တဲ့သဘော

သို့သော်လည်း သူကျနော့်ရှေ့ကမဖယ်နိုင်သေး

သူ့နှုတ်ခမ်းကထွက်လာတဲ့ ထွက်သက်အငွေ့တို့ကကျနော့်နှုတ်ခမ်းကိုရိုက်ခတ်လာတယ်

နီးသထက်နီးလာတဲ့ သူ့နှုတ်ခမ်းတွေ

"Jaehyun"

ကျနော်လက်နဲ့တွန်းလိုက်တော့ သူရပ်သွားတယ်

"မင်း...."

"Taeyong ငါ.. တောင်းပန်ပါတယ်"

"မင်းဘာဖြစ်ချင်နေတာလဲ?"

သိချင်နေတဲ့သူ့ရဲ့စိတ်တွေ ဆန္ဒတွေကိုကျနော်မေးမိတယ်

fan boy တစ်ယောက်က ကျနော့်နားကိုမရမက ကပ်လာကတည်းက သူ့ရဲ့ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေကိုကျနော်သိချင်နေခဲ့တာကြာခဲ့ပြီဖြစ်တာကြောင့်

ကျနော်ဒဲ့မေးလိုက်မိပြန်တယ်

"မင်းကငါ့ fanboy ဆိုတာငါသိပြီးပြီ နောက်ပြီး public မှာလည်းမင်းရဲ့လွန်ကဲနေတဲ့အပြုအမူတွေက ငါနဲ့ fan တွေကြားမှာပြဿနာဖြစ်လာတော့မယ် အထင်လွဲမှုတွေရော။ ဒါ့ကြောင့် မင်းဘာဖြစ်ချင်နေတာလဲ? မင်းက ငါ့ fan boy မို့ငါ့ကိုတော့ထိခိုက်အောင်မလုပ်ဘူးလို့ယုံကြည်ထားတယ်"

Fan Boy Is Just A Fan Boy Where stories live. Discover now