"ချာတိတ်​ ရရဲ့လား ​ခြေ​ထောက်​​ခေါက်​သွားတာလား "

"ဟင့်​အင်း မဖြစ်​ဘူး ရတယ်​ "

"ရှက်​​နေတာလား "

"ဘာ..ဘာလို့ရှက်​ရမှာလဲ ဖယ်​ "

ကျ​နော်​ရှက်​ရှက်​နဲ့ သူ့ကိုတွန်းဖယ်​ရင်း ကားထဲဝင်​ထိုင်​လိုက်​တယ်​ ။ခုချိန်​ကျ​နော့်​ မျက်​နှာ ခရမ်းချဉ်​သီးဖြစ်​​နေမှာ အ​သေချာပင်​ ။ဘာလဲ ကျ​နော်​ ဘာ​တွေ ဖြစ်​​နေတာလဲ ဖြူစင်​စွာခင်​တွယ်​မိခြင်းအ​ပေါ် ကျ​နော်​ အ​ရောင်​ဆိုး​နေခဲ့မိပီလား ။ကျ​နော်​ သူ့အ​ပေါ် ဟား...ဒါဘယ်​လို ခံစားချက်​ကြီးပါလိမ့်​။



"လက်​ထဲမုန့်​ကို ခုချက်​ချင်း ချထားလိုက်​ "

"လုံးဝ လုံးဝ စားဖို့မစဉ်းစားနဲ့ "

"ဟ ဘာလဲ "

မော့ကြည့်​​တော့ ကျ​နော်​ မိ​ထွေး​တော်​ တစ်​သိုက်​....ကျ​နော့်​လက်​ထဲက မုန့်​ကို မဲ့ရွဲ့ကြည့်​နေပုံမှာ ရန်​သူကို ​တွေ့လိုက်​ရသလို ။

"အဲ့ဒါ မနက်​က သင်္ချာက တစ်​​ယောက်​​ပေးသွားတာမှလား "

"ဘာလို့ လက်​ခံလိုက်​ရတာလဲ ကြည့်​စမ်း အဲ့တစ်​​ယောက်​ ငါတို့ရှိ​နေတာ​တောင်​မှ သတ္တိ​ကောင်း​နေတယ်​​ပေါ့ ​တွေ့မယ်​ "

"​နေ​ ​နေကြပါအုံး ငါစားလဲမစားရ​သေးပါဘူးဟာ ပုံလှလှ​လေး​ဖော်​ထားလို့ ကြည့်​​နေတုန်းပဲရှိ"

"မစားရ​သေးဘူး ဆို​တော့ ပီးရင်​ စားမယ်​​ပေါ့​လေ ​မောင်​​မောင်​bas ရုတ်​ရုတ်​ ရုတ်​ရုတ်​ ​တော့မလုပ်​နဲ့​နော်​ "

"ဟုတ်​တယ်​ ju ဒီကိစ္စ ကိုဒီတိုင်းထားလို့မရဘူး Zuတို့ babyကို တစ်​​ယောက်​ထဲထားလို့မဖြစ်​​တော့ဘူး "

"ကဲ bas မင်းမစားရ​ဘူးဆို​တော့ ​ပေး ငါစားလိုက်​မယ်​ "

"​အောင်​မာkit ရှင်​​လေးလဲ မစားရပါဘူး ​ပေး "

"အမ်​ ငါ​ရောလား "

"ဟုတ်​တယ်​ baby​နော်​ ဘာလို့မငြင်းပဲယူထားလိုက်​တာလဲ ဘာလဲ အဲ့​ကောင်​မ​လေးကို သ​ဘောကျ​နေတာလား ရည်းစားထားလို့က​တော့​နော်​ "

ခ​လေးချစ်​​သောလူကြီးWhere stories live. Discover now