အခြေအနေအားလုံးက ရုတ်ချည်းဆိုသလို ဖြစ်သွားခဲ့တာမို့ Yifanဘာမှမတတ်နိုင်ခဲ့....ယိုင်လဲကာပြိုဆင်းလာတဲ့ Suhoရဲ့ ခန္ဓာကိုယ်လေးကိုသာ သူ့ရင်ခွင်ထဲထည့်ထားမိသည်။ သွေးများအဆက်မပြတ်ကျဆင်းနေတဲ့ ဒဏ်ရာကို လျစ်လျူကာ ဝင်သက်ထွက်သက်မမှန်တော့ပေမယ့် အားတင်းကာနောက်ဆုံးပြောခဲ့တဲ့Suhoရဲ့စကား....

"ငါ့ရဲ့​သွေးနဲ့တိုင်​တည်​ပြီးသစ္စာပြုမယ်​...ဘဝဆက်​တိုင်း နင့်​ရဲ့အချစ်​​တွေက နင့်​ကိုရူးသွပ်​သွား​စေမယ့်​ အဆိပ်​​တွေ ဖြစ်​​နေပါ​စေWU YIFAN...​ဒါငါ့ရဲ့​သွေးသစ္စာပဲ..."

Yifan -"မဖြစ်ရဘူး....Suho ah....Suho         ah....အားးးးးးးးးး...."

        Yifanရဲ့ ငိုကြွေးသံက ညီလာခံခန်းမဆောင်တစ်ခုလုံးကို လွင့်ပျံလျက်....

       ~~~~~~~~~~~~~~~~~~~~~

2017 february 15

        "ကလင်    ကလင်    ကလင်"

         နွားနို့ဘူးများ သတင်းစာများကို သယ်ဆောင်လာတဲ့ စက်ဘီးလေးတစ်စီးကိုနင်းပြီး ကောင်လေးတစ်ယောက်ကတော့ နံနက်ဝေလီဝေလင်းအချိန်မှာပင် လူချမ်းသာများနေထိုင်ရာ တိုက်များအကြား ဖြတ်သန်းလျက်ရှိနေလေသည်။လမ်းချိုးအကွေ့တစ်ခုအရောက်မှာတော့

"ဒုန်း...."

        လမ်းကြားထဲကထွက်လာတဲ့ကားနဲ့ ပွတ်မိလို့ မှောက်သွားတဲ့စက်ဘီးလေး....ထိုစက်ဘီးလေးနှင့်အတူ လဲကျသွားတဲ့ကောင်လေး....

        ကားမောင်းသူKim Kaiတစ်ယောက် ရုတ်တရက်မို့ လန့်သွားပြီးဆင်းမကြည့်ရဲဘဲ ကားနောက်ခန်းတွင်အိပ်နေသော သူ၏တစ်ဝမ်းကွဲအစ်ကိုအား လှမ်းနိုးလေတော့သည်။

Kai-"Hyung....hyung....ထဦး....ကျွန်တော်ကားနဲ့လူတစ်ယောက်ကိုတိုက်မိလို့"

        မနက်စောစောစီးစီးကြားလိုက်ရတဲ့သတင်းကြောင့် Kelvin Wuခေါ် Krisဆက်အိပ်၍ မရတော့ | ဆင်းကြည့်ရလေတော့သည် ။

        Krisကားပေါ်က ဆင်းကြည့်တော့ ကောင်လေးက သူ့ကိုကျောပေးပြီး ဖုန်များကိုခါကာ စက်ဘီးလေးကိုပြန်ထောင်လျက်ရှိနေလေသည်။

Kris-"အဟမ်း....ဘယ်နားထိသွားလဲ....အဆင်ပြေရဲ့လားမသိ"

        "ခင်များတို့အမြင် အဆင်ပြေမယ်လို့ထင်နေလား"

        အသံသေးသေးလေးနဲ့အတူ သူ့ကိုလှည့်၍ပင် မကြည့်ပဲ ပြန့်ကြဲနေတဲ့သတင်းစာများကို ကုန်းကောက်ပြီး စက်ဘီးခြင်းထဲထည့်နေလေသော ကောင်လေးအား Krisစိတ်တိုနေလေတော့သည်။ Krisအတတ်နိုင်ဆုံး စိတ်ကိုလျှော့ချလိုက်ပြီး

Kris-"ငါ့အမြင် မင်းအဆင်မပြေလို့ ငါမေးနေတာလေ....ဘယ်နားထိခိုက်သွားသေးလဲ"

      "ခင်များမျက်စိပါရင်ကြည့်လေ နောက်ပြီး ကားမောင်းတဲ့လူက ဆင်းမလာဘဲ ခင်များက ဘာကိစ္စနဲ့ ကြားကနေ ဝင်ပါနေတာလဲ" စကားအဆုံးမှာတော့ သူ့ဘက်ကိုလှည့်ကြည့်လာတဲ့ကောင်လေး....

      "ကားမောင်းတဲ့လူကို ဆင်းလာခိုင်းပြီး လာတောင်းပန်ခိုင်းလိုက်"

        ကောင်လေးဆက်ကာဆက်ကာပြောနေတဲ့ စကားသံများက Krisနားထဲတွင် ကြားတစ်ချက် မကြားတစ်ချက်နှင့်ပင်။

        ဒီမျက်လုံး ဒီနှုတ်ခမ်း အားလုံးက မှတ်ဥာဏ်ထဲတွင် ခပ်ရေးရေးပြန်ပေါ်လာခဲ့သည်။လှိုက်ခနဲတတ်လာသော အမျိုးအမည်မသိ ခံစားမှုနှင့်အတူ သွေးခြင်းခြင်းနီနေသည့် မြင်ကွင်းအချို့က မှတ်ဥာဏ်ထဲတွင် ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာသည်။ထို့အပြင် "ဘဝဆက်တိုင်း နင့်ရဲ့အချစ်တွေက နင့်ကိုရူးသွပ်သွားစေမယ့် အဆိပ်တွေဖြစ်နေပါစေWU YIFAN" ဆိုသည့်စကားက နားထဲတွင် ထပ်ကာတစ်လဲလဲ ကြားလာရသည်။ပန်းချီကားချက်တစ်ခုလို ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာတဲ့ သူ့ရဲ့မှတ်ဥာဏ်ထဲက ပိုင်ရှင်လေးနံမည်ကိုKrisနှုတ်က ပြောထွက်သွားမိလေသည်။
    
Kris-"Su....ho"

        _______________________

I'm back again ! ✌

          

       

        





MOON'S CURSEМесто, где живут истории. Откройте их для себя