Suho-"ကောင်းပြီလေ လက်ဆက်တာပေါ့"
~~~~~~~~~~~~~~~~~~~~~
Wuနိုင်ငံတော်ရဲ့ မင်းသားYifan၏ မင်္ဂလာပွဲကို နန်းတော်ရဲ့ ညီလာခံခန်းမဆောင်အတွင်း စည်ကားစွာ ကျင်းပလျှက်ရှိသည်။ဝန်ကြီးများ မှူးကြီးမတ်ရာများကအစ နန်းတွင်းက အစေခံများအထိ တတ်ရောက်ကြရသည့်ပွဲလည်းဖြစ်သည်။ ဂျိုဆွန်းနန်းကျဘုရင်ရဲ့ဇနီးအား လက်ဆက်မည့်ပွဲကို Wuနိုင်ငံဘုရင်ကအစ တားမြစ်ခဲ့သော်လည်း Yifanက အိမ်ရှေ့စံရာထူးအတွက် အရိုက်အရာယှဉ်ပြိုင်မှုကပါ နှုတ်ထွက်ပြီး မရမကလုပ်ယူခဲ့သည့် လက်ဆက်ပွဲဖြစ်သည့်အတွက် အားလုံးတတ်ရောက်ကြခြင်းလည်းဖြစ်သည်။
တစ်ဖက်မှာတော့ Wuနိုင်ငံတော်၏ရိုးရာမင်္ဂလာဝတ်စုံနှင့် လှချင်တိုင်းလှနေသည့် Yifan၏ ကြင်ယာတော် Suho....ထိုလှပသည့်မျက်နှာလေးနှင့်မလိုက်ဖက်စွာ လက်ထဲတွင် ဆံထိုးလေးတစ်ခုကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း အသက်မပါသည့်အပြုံးတစ်ခုက သူမမျက်နှာထက်ဝယ် တွဲလဲခိုလျက်ရှိနေလေသည်။
(Wuနိုင်ငံ၏ညီလာခံခန်းမဆောင်)
"မင်းသားYifanနှင့်ကြင်ယာတော်ကြွချီလာပါပြီ"
မင်းသားYifanနှင့် ကြင်ယာတော်Suhoတို့ ခန်းမအတွင်းသို့ ဝင်လျှင်ဝင်ခြင်း အားလုံးသော မှူးမတ်များ အစေခံများက မတ်တပ်ရပ်ကာ အရိုအသေပေးလျက်ရှိနေလေသည်။ မင်းသားYifanက အားလုံးသောဧည့်ပရိတ်သတ်ရှေ့တွင်ရပ်ရင်း
Yifan-"ငါသည် ငါ၏ရှေ့ဆက်မယ့် ဘဝခရီးကို မင်းကတော်နဲ့အတူ လက်တွဲပြီး Wuနိုင်ငံတော်ကြီး အေးချမ်းသာယာ နေစေဖို့ အစွမ်းကုန်ဆောင်ရွက်မယ်လို့ ကတိသစ္စာပြုပါတယ်"
Yifanရဲ့ သစ္စာတိုင်တည်မှုအဆုံးမှာ Suhoဟက်ဟက်ပက်ပက်ရယ်မောလိုက်မိသည်။
Suho-"ဟား ဟား ဟား ကတိသစ္စာဟုတ်လား ....ဟား ဟား ဟား"
Suhoရဲ့ရုတ်တရက်အပြုအမူကြောင့် Yifanအပါအဝင် ညီလာခံခန်းမတစ်ခုလုံး မှင်သက်လျှက်.... Suhoကတော့ ချက်ချင်းဆိုသလို သူမခေါင်းပေါ်ကဆံထိုးကို ဖြုတ်ကာ လက်ထဲတွင် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး မျက်လုံးကို စုံမှိတ်လျှက် သူမလည်ပင်းကို သူမဆောင့်ထိုးလိုက်သည်။
Part-12****끔찍함 사랑
Magsimula sa umpisa
