Part-12****끔찍함 사랑

Start from the beginning
                                        

Yifan-"သဘက်ခါ ကိုယ်တို့မင်္ဂလာပွဲလုပ်ကြမယ်Suho မင်းကိုငါ့မိဖုရားအဖြစ် ချီးမြှောက်မယ်"

Suho-"ဘာ....အခုဘာပြောလိုက်တယ်....ငါကနင့်မိဖုရားဟုတ်လား....ငါလက်မခံဘူး....နင်လိုလူကို လက်ဆက်မယ့်အစား ငါ့ကိုယ်ငါသတ်သေလိုက်မယ်"

Yifan-"မင်းမှာငြင်းဆန်ခွင့်မရှိဘူးSuho...."

Suho-"နင်သိထားဖို့က ငါ့ခင်ပွန်းက ဂျိုဆွန်းမင်းကြီး Jonginတစ်ယောက်ပဲ....အရင်ထဲကလည်း သူ့ကိုပဲချစ်ခဲ့သလို အခုလည်းသူ့ကိုချစ်နေဆဲပဲ အနာဂတ်မှာလည်း ငါသူ့ကိုပဲဆက်ချစ်မှာ"

         Yifanခြောက်ကပ်စွာ ရယ်မောလိုက်မိသည်။

Yifan-"မင်းငါ့ကို ဘယ်အချိန်အထိ ဆက်ငြင်းဆန်နေနိုင်မလဲဆိုတာ ငါသိပ်သိချင်တာပဲ"

          Yifanရုတ်တရက် အစေခံတစ်ယောက်အား လက်ဖက်ရည်ဝိုင်းပြင်ခိုင်းလိုက်သည်။ ပြီးမှ အစေခံနှစ်ယောက်ကို သူ့ရှေ့တွင်ဒူးထောက်ထိုင်ခိုင်းလိုက်ပြီး ကရားအိုးထဲမှ ရေနွေးပူုပူကို ခွက်ထဲသို့ငှဲ့ထည့်လိုက်သည်။Suhoကတော့ Yifanလုပ်သမျှကို နားမလည်သောမျက်ဝန်းများနှင့် ငေးကြည့်ရင်း....

Yifan-"သေချာပြီလားSuho ငါ့ကိုငြင်းဆန်ဖို့"

Suho-"၁၀ခါပြန်သေချာတယ် Wu Yifan"

        Yifanရေနွေးခွက်ကို ကောက်ကိုင်ပြီး ရေနွေးပူများကိုဟအစေခံကောင်မလေးများ လက်ပေါ်သို့လောင်းချလိုက်လေသည်။အစေခံမလေး၂ယောက်ကတော့ အသားတွေကျတ်မတတ်ပူလွန်းနေပေမယ့် Yifanကိုမလွန်ဆန်ရဲတာကြောင့် အသံပင်မထွက်ရဲ | နာကျင်မှုကို အံကြိတ်ကာ ကြိတ်မှိတ်ခံနေရလေသည်။ Suhoတစ်ယောက် ရုတ်တရက်မို့လန့်ပြီး မှင်သက်သွားမိသည်။

Yifan-"ကိုယ်ထပ်မေးမယ် မင်းဆက်ပြီးငြင်းဆန်နေနိုင်ဦးမလားSuho"

       Yifanရေနွေးပူပူတစ်ခွက်ဆီသို့ ထပ်ကာ လက်လှမ်းရင်း မေးလိုက်သည်။ အရည်ကြည်အဖုတွေထွက်နေတဲ့ လက်တွေကိုဆန့်တန်းရင်း နာကျင်မှုကိုအံကြိတ်ခံနေရတဲ့ အစေခံမလေးများကိုတစ်လှည့် | မိမိအလွန်မုန်းတီးစက်ဆုပ်သောလူကို လက်ဆက်ရမည့် မိမိကိုယ်ကိုတစ်လှည့် ကြည့်ရင်း Suhoဝေခွဲမရဖြစ်လျှက်ရှိနေရင်းမှ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချလိုက်သည်။

MOON'S CURSEWhere stories live. Discover now