Part-12****끔찍함 사랑

Start from the beginning
                                        

           ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

           Suho၏ အဆောင်တော်ရှေ့မှာ အစေခံတွေကို ဝေးဝေးသွားနေဖို့ အမိန့်ပေးပြီး Yifanတစ်ယောက် အဆောင်တော် တံခါးကိုဖွင့်ကာ အထဲသို့ဝင်သွားလိုက်သည်။အဆောင်တော်အတွင်းမှာတော့ ဖန်ကွဲစတွေ ပြန့်ကြဲနေပြီး Suhoကတော့ အခန်းထောင့်လေးမှာ ကျုံ့ကျုံ့လေး ထိုင်နေသည်။

Yifan-"Suho ah...."

         Yifanရဲ့ ခေါ်သံအဆုံးမှာ Suhoထိုင်နေရာမှ ထလာပြီး Yifanအား စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ထို့နောက် Suhoဖန်ကွဲစတစ်ခုကို လက်ထဲတွင် ဆုပ်ကိုင်ပြီး Yifanရှိရာဆီသို့....

Suho-"လူယုတ်မာ....ကျွန်မခင်ပွန်းကို ရက်ရက်စက်စက် သတ်ပစ်ရုံတင်အားမရလို့ ကျွန်မရင်သွေးကိုပါ ရှင်သတ်ပစ်တယ်။ကျွန်မခန္ဓာကိုယ်ကိုလည်း ရှင်အရယူခဲ့တယ်။ဒီနေ့ ရှင့်ကိုကျွန်မသတ်ပစ်ပြီး လက်စားချေမယ်"

         Suhoစကားဆုံးသည်နှင့် Yifanဆီသို့ ဒယိမ်းဒယိုင်နှင့် အသိစိတ်လွတ်နေသူလို  လျှောက်လာပြီး ဖန်ကွဲစနဲ့ Yifanလက်မောင်းကိုအချက်ပေါင်းများစွာ ထိုးစိုက်နေသည်။ထို့နောက် Suhoအားကုန်ကာမေ့လဲသွားသောကြောင့် Yifanသူမကိုယ်လေးအား ပွေ့ယူပြီး ကုတင်ပေါ်အသာအယာတင်ပေးလိုက်သည်။ဖန်ကွဲစများကို နင်းမိထားသောကြောင့် သွေးများကျဆင်းနေသောSuhoခြေထောက်မှဒဏ်ရာအား
Yifanသူ၏ လက်ကိုင်ပုဝါလေးနှင့် စည်းပေးကာ သွေးတိတ်အောင် လုပ်ပေးလိုက်သည်။သူ၏ လက်မောင်းက သွေးခြင်းခြင်းနီနေတဲ့ အချက်ပေါင်းများစွာသော ဒဏ်ရာများကို လျစ်လျူရှုရင်းပေါ့....

   "အချစ်ဆိုသည်မှာ နာကျင်မှုများကြား ပျော်မွေ့နိုင်စွမ်းရှိသော မူးယစ်ဆေးတစ်မျိုး"

               ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
တစ်လခန့်ကြာသောအခါ…

         အခုဆိုလျှင် Suhoတစ်ယောက် Wuနိုင်ငံမှာ အကျယ်ချုပ်ကျနေတာ တစ်လခန့်ပင်ရှိတော့မည်ဖြစ်သည်။ Yifan၏ အမိန့်ကြောင့် Suhoအဆောင်တော်မှလွဲ၍ အပြင်ထွက်ခွင့်မရသလို အစေခံများကလည်း သူမကို နေ့ညမလပ် စောင့်ကြည့်နေလေသည်။

အစေခံ-"မင်းသားYifan ကြွချီတော်မူလာပါပြီ"

        အစေခံတွေက ဦးညွတ်ကာ အရိုအသေပြုကြပေမယ့် Suhoကတော့ တုတ်တုတ်မျှမလှုပ်။

MOON'S CURSEWhere stories live. Discover now