🐻The World🐣(8)

Depuis le début
                                    

သူတို့ မုန့်​စားပီး ဆံပင်​ဆိုင်​ ​ရောက်​​တော့ Jongin ​ပြောလာတာက
Sehun က ချစ်​ဖို့​ကောင်းသား။ က​လေး​လေးကျ​နေတာပဲ။ တဲ့။
ကြားလိုက်​မိတဲ့သူ Jongin မျက်​နှာကို ​အလန့်​တကြား ​မော့ကြည့်​မိ​တော့ ​တွေ့လိုက်​တာက ပါးချိုင့်​ မမြည်​​သော ပါးချိုင့်​​လေး ​ပေါ်​အောင်​အထိ ပြုံး​နေ​လေရဲ့။Mongu နဲ့ Jongin Sehun အ​ကြောင်း ဘာဆက်​​ပြောဖြစ်​ကြမှန်း သူမသိလိုက်​​ပေမယ့်​ ပြုံးရယ်​​နေ​သော Jongin မျက်နှာ​လေးကို သူ ခုထိ ​ဖျောက်​မရ။ ယခုလို ​ခေတ်​ကြီးမှာ
ယောက်ျား​လေးတစ်​​ယောက်​​ကိုမှ ချစ်​ခင်​မိတဲ့ ​ယောက်ျား​လေးတစ်​​ယောက်​ကို ​ဝေဖန်​ ရှုံ့ချသူ​တွေ ​ရှိ​နေ​ပေမယ့်​ လက်​သင့်​ခံ ကမ်းလမ်းကြိုဆို​ပေး​နေတဲ့ လက်​ အစုံ​ပေါင်းများစွာလည်း ရှိ​နေသည်​​လေ။
Jongin က ကမ်းလင့်​​ပေးမယ့်​ လက်​အစုံထဲ ပါဝင်​​ပေမယ့်
သူကိုယ်​တိုင်​​ကတော့ မဟုတ်​ဘူးဆိုပီး ယုံကြည်​ထားသူ။ သူ့ရဲ့ အနာဂါတ်​ plan ​တွေ ထဲမှာကိုက သူအတွက်​ အမြဲပြုံးရွှင်​ကာ အပြုံးချိုချို​လေးနဲ့ ဆီးကြိုတတ်​​သော​ကောင်​မ​လေးနှင့်​ လက်​ဆက်​ကာ သူ့အတွက်​ ချစ်​စရာ သားသားမီးမီး ၃​ယောက်​​လောက်​ ယူမည်​ဟု အမြဲ ​ပြောတတ်​သူ Jongin။ ​ပြောင်းလဲလာ​သော သူ့အပြုအမူ​တွေကို သတိ​ရော ထားမိရဲ့လား Jongin ။ ​ယောက်ျား​လေးတစ်​​ယောက်​​ကြောင့်​ ဆိုတာကို​ရော သတိထားမိရဲ့လား။

-------------------The World --------------------

Jongin သူ့အား ​မေးလာ​သော Taemin ကို ​ခေါင်းယမ်းပြကာ
Burger ကို ​နောက်​တစ်​ကိုက်​ ဖဲ့စားလိုက်​သည်​။ သူ​တွေး​နေမိတာက
Burger ကို ပါးစပ်​ထဲ အတင်းထိုးသွင်းကာ မဝါးဘဲ အတင်းမြိုချ​နေ​သော ​ကောင်​ငယ်​​လေး၏ နှုတ်​ခမ်းပါးအစုံနှင့်​ ပါး​ဖောင်း​ဖောင်း​လေး။
တိုက်​ဆိုင်​လို့ သတိရမိတာလို့ ​​တွေးထင်​ပစ်​လိုက်​သည်​။ Taemin ကို ကြည့်​လိုက်​​တော့ သူ့ကို​တော့ ​ပြောပီး ငုတ်​တုတ်​​မေ့​နေသလား မသိ။

"Taemin ဘာလဲကွာ။ ငါ့ကျ ​ပြောပီး မင်း ငုတ်​တုတ်​​မေ့​နေတာလား"

"မဟုတ်​ပါဘူးကွာ။ Monguက ညကျ ph ဆက်​မယ်​ ​ပြော​နေလို့"

"ဘာလဲ။ ငါတို့ဘက်​က ည​ရောက်​ရင်​လား။ ဟိုက ည​ရောက်​ရင်​လား"

"ငါ့တို့ ည​ရောက်​မှတဲ့။ သူက ဟိုဘက်​က ​နေလယ်​ Breaktime ကို လှမ်းဆက်​မယ်​ ​ပြောတယ်​၊ line ဖွင့်​ထားဖို့ မင်းကို ​ပြောထားဦးတဲ့"

"​အော်​ ​အေးပါ။ တိုက်​ခန်းပြန်​​ရောက်​ရင်​ ​ရေမိုးချိုးပီး ဖွင့်​တာ​ပေါ့ကွာ"

"အင်း အင်း။ ခု​တော့ စားပီးပီမလား ပြန်​မယ်​​လေ။ "

.
.
.
.
Jongin ​ရေချိုးခန်းထဲမှ ထွက်​လာကာ အဝတ်​အစား မဝတ်​ရ​သေးခင်​ line တန်းဖွင့်​လိုက်​သည်​။ သူ​ရေချိုးတာ နည်းနည်းကြာသွားေ​တာ့
Mongu ရဲ့ Breaktime ကို မှီလိုက်​ပါ့မလားမသိ။ မမှီလိုက်​ရင်
သူ့ကို ​နောက်​ရက်​ နားပူ​အောင်​ ဆဲဆို ကျိန်​တွယ်​ ​နေဦးမည်​။
လိုင်း ဖွင့်​ပီး ph call လိုက်​​တော့ တန်းကိုင်​ကာ ဆဲဆို​နေ​သော
Mongu။ph ကို အိပ်​ရာ​ပေါ် ပစ်​တင်​ကာ ပဝါကို ချွတ်​ ​ဘောင်းဘီကို လျှိုရင်း ပြုံးလိုက်​မိသည်​။ ​​ပြောသား။ သူ ​မေ့များသွားရင်​ ​နောက်​ရက်​ နားငြီး​ပေ​တော့ပဲ။

"Jongin video call ​ခေါ်လိုက်​မယ်​။"

စကားအဆုံး ချက်​ချင်းကို ​ခေါ်လာ​သော​ကြောင့်​ ကိုင်​လိုက်​ကာ ​ခေါင်းအုံးကို ဆွဲယူပီး ph ကို ​ထောင်​၍ ​နောက်​လှည့်​ အင်္ကျီ​ရွေး​နေလိုက်​သည်​။ Taemin နဲ့ dancer club သွားဖို့​ပြောထားသည်​​လေ။ Mongu ရဲ့ မသဲမကွဲ စကားသံကို ကြားလိုက်​မိပီး ခဏကြာသည်​အထိ ဘာစကားသံမှ မကြားရ​တော့။ အင်္ကျီဆွဲထုတ်​ကာ ph ကို လှည့်​အကြည့်​ ဝိုင်းစက်​​နေ​သော မျက်​ဝန်းအစုံနှင့်​အတူ ပါးစပ်​ထဲ အပြည့်​ဖြစ်​​နေ​သော ထမင်း​တစ်​ချို့နှင့်​ ဟင်းဖတ်​ အချို့ကို ပွင့်​ဟ ​နေ​သော နှုတ်​ခမ်းများကြားမှ ​တွေ့လိုက်​မိ​လေသည်​။

Sehun.... Oh Sehun ပဲ....

--------------------The World---------------------

Words -1154
(22.8.2017) (8:10pm)

နောက်​ကျ သွားတဲ့အတွက်​ sorry ပါ reader ​လေးတို့​ရေ။
Hnin စာမလုပ်​​သေးပဲ reader ​လေးတို့ စိတ်​​ကျေနပ်​ဖို့ up ​ပေးလိုက်​ပီ​နော်​။

🌎The World🌎Où les histoires vivent. Découvrez maintenant