Fan Boy is Just A Fan Boy Ch-11

Comenzar desde el principio
                                    

သေချာကြည့်လိုက်တော့မှ The 7th sense album က signed album ကြီးဖြစ်နေတယ်။ ကျနော်အိပ်ရာပေါ်က album ကိုကောက်ကိုင်လိုက်ပြီး အထဲကိုကြည့်လိုက်တော့မှ

To Jeong Jaehyun

ဆိုတဲ့ကျနော်တို့ member တွေကိုယ်တိုင်ရေးပေးခဲ့တဲ့ ကျနော်တို့ရဲ့လက်ရေးတွေ

Jeong Jaehyunn

"Jeong Jaehyun"

ကျနော်နာမည်တစ်လုံးကိုခေါ်လိုက်မိတယ်

ကျနော့်ရဲ့ manager

member တွေအားလုံးမှာမှကျနော့်ကိုအရမ်း take care ဖြစ်နေတဲ့ manager Jeong Jaehyun ဆိုတာက အရင်တစ်ချိန်ကကျနော်ကိုယ်တိုင်လက်မှတ်ထိုးပေးခဲ့တဲ့ fan boy တစ်ယောက်

ကိုယ့်ရဲ့ fan boy တစ်ယောက်ကအခုချိန်မှာ ကိုယ့်ရဲ့ manager တစ်ယောက်ဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်မှာ နည်းနည်းတော့ shock ရမိတယ်

"မင်းတို့ဒီကိစ္စကိုနဂိုကတည်းကသိတယ်မဟုတ်လား"

"arni arni ကျနော်တို့လည်းအခုမှသိတာ! မနေ့က SM မှာ jaehyun hyung ရဲ့အိတ်ကျန်ခဲ့တယ် အဲ့ဒါနဲ့ dorm ထိယူလာပြီး နောက်နေ့မှသူ့ကိုစနောက်မယ်လို့တွေးထားကြတာ အခုမှသူ့အိတ်ထဲကိုကျနော်တို့ကြည့်မိတာ"

"eyyyy သူများအိတ်ကိုခွင့်ပြုချက်မရဘဲဖွင့်ကြည့်ရသလား သူကမသိပေမယ့်ကိုယ်ကသူယုံကြည်ထားတဲ့ကိုယ့်ရဲ့ကိုယ်ကျင့်တရား နဲ့ စာရိတ္တကိုထိန်းသိမ်းရမှာပေါ့"

"nae hyung"

"ပစ္စည်းတွေပြန်ထည့်ပေးလိုက် သေသေချာချာ သူ့ကိုပြန်ပေးရင်ဖွင့်ကြည့်မိတယ်ဆိုတာ ဝန်ခံလိုက် ကြားလား"

"nae"

"Mark ကရေချိုးခန်းကအဝတ်တွေသွားလျှော်"

"nae!"

Jaehyun ဆိုတာက ကျနော့်ရဲ့ fan boy တဲ့လား?

သံသယဝင်ချင်စရာတစ်ကွက်မှမရှိသော ကာကွယ်စောင့်ရှောက်မှုတို့ကိုအပြည့်ပေးတဲ့ manager တစ်ယောက်အနေနဲ့ကျနော့်ဘေးမှာအခုရှိနေတဲ့လူတစ်ယောက်က fan boy တဲ့လား?

နေရထိုင်ရတာ မလွတ်လပ်တော့သလိုခံစားရတယ်

မနက်ဖြန်လည်း Limitless fansign ရှိသေးတာမို့ စိတ်တွေကိုတင်းကြပ်မထားဘဲဖြေလျှော့လိုက်တယ် ဆိုလိုတာကအခုချိန်ဒါကိုပဲစိတ်ထဲထားနေရင်မနက်ဖြန်သူနဲ့တွေ့ရတဲ့အချိန်မှာသူ့အပေါ်မလိုလားအပ်တဲ့အမုန်းနဲ့အမြင်မကြည်မှုတွေအလိုလိုပေါ်လာမှာကိုကျနော်မဖြစ်စေချင်တာပါ

Fan Boy Is Just A Fan Boy Donde viven las historias. Descúbrelo ahora