🐻The World🐣(7)

Começar do início
                                    

"မင်းက ​ကျောင်းမှာနာမည်​ကြီး​လေ ငါ မင်းကို သိတာ
မဆန်းပါဘူး။ မင်း ငါ့ကို မ​တွေ့တာက ငါက အတန်းထဲမှာပဲ
နေတတ်​တာ​လေ။ " ပြုံးကာ ​ပြောလာ​သော သူ့ကို ကြည့်​ပီး
အနည်းငယ်​ အားနာသွားမိတာ ဘာ​ကြောင့်​ရယ်​ မသိ။

"အင်း ဟုတ်​မယ်​။ မင်းက အမြဲ ​ကျောင်း​ရောက်​ရင်​ အိပ်​ဖို့ပဲ စဉ်းစား​နေ​ပီး ဘယ်​လိုလုပ်​ Sehun ကို ​တွေ့ဖူးပါ့မလဲ။ Sehun က ငါ
မင်းတို့ကို ​ပြောတဲ့ ငါနဲ့တူတူ audition ​အောင်​တဲ့ တစ်​​ယောက်​ဆိုတာ​လေ။ ​သေ​သေချာချာ​တော့ ငါလည်း ခုမှ မိတ်​ဆက်​ဖြစ်​တယ်​။"

"ဟုတ်​လား။ ငါတို့ ​ရေစက်​က ဆက်​ပီး စုံတယ်​ Sehun​ရေ။ ငါနဲ့ Jongin လည်း SK မှာ အကပညာရှင်​ အဖြစ်​ အ​ရွေးချယ်​ခံခဲ့ရတယ်​။
နောက်​ဆို ငါတို့ အမြဲ​တွေ့​နေရ​တော့မှာပဲ။ ​ကံ​ကောင်းရင်​ မင်းတို့
song ​တွေ အတွက်​ ကကွက်​ဖန်​တီး​ပေးဖို့က ငါတို့နှစ်​​ယောက်​တည်းက တစ်​​ယောက်​​ ဖြစ်​သွားနိုင်​​သေးတယ်​​နော်​။ "

Taemin စကားအဆုံး ကျွန်​​တော်​က ပြုံးလိုက်​မိ​ပေမယ့်​ သူက​တော့
အံ့သြသွားဟန်​ မျက်​လုံး​လေးဝိုင်းကာ ပါးစပ်​​လေး ပွင့်​ဟသွား​လေသည်​။ ကျွန်​​တော်​ သ​ဘောကျစွာ ရယ်​လိုက်​​တော့ ​ဘေးနားက အ​အေးကို
ယူ​သောက်​​နေ​တော့သည်​။

"ဟုတ်​တယ်​။ မင်း ​နောက်​ဆို ငါတို့ကို ရိုရို​သေ​သေ ဆက်​ဆံရမယ်​။
Senior ကျတယ်​​နော်​ ငါတို့က။ " ခပ်​ဟဟ ရယ်​ကာ ​ပြောမိ​တော့
မျက်​​စောင်းမမည်​​သော မျက်​​စောင်း လှမ်းထိုး​လေ​တော့သည်​။
သုံး​ယောက်​သား Sehun ကို ကြည့်​ကာ အားပါးတရ ရယ်​​နေချိန်
Sehunဘေးက ခုံမှာ လာရပ်​​သော တစ်​​ယောက်​​ကြောင့်​ မော့ကြည့့်​လိုက်​​တော့

"ငယ်​​လေး ကိုကို က ငယ်​​လေး ကိုကို ကို စိ​တ်​​ကောက်​​နေမှာစိုးလို့
မြန်​မြန်​ ​ပြောပီး ထွက်​လာတာ။ ငယ်​​လေးက သူငယ်​ချင်း​တွေနဲ့​တွေ့ပီး
စကားလက်​ဆုံကျ​နေတယ်​​ပေါ့​လေ။ "
ကျွန်​​တော်​တို့ဘက်​ တစ်​ချက်​​ဝှေ့ကြည့်​ပီး Sehun ​ဘေး ဝင်​ထိုင်​ကာ
ဆံပင်​​တွေထဲ လက်​ထည့်​ဖွ​နေ​သော ထိုသူ။
ငယ်​​လေးလို့ သုံးနှုန်း​ခေါ်​ဝေါ်လိုက်​သံမှာ ချစ်​မြတ်​နိုးမှု​တွေ အလွယ်​တကူ ချပြထားတဲ့ ထိုသူ။
ထိုသူ့ကို မြင်​လိုက်​သည်​နှင့်​ နှုတ်​ခမ်းပါးတို့ကို စူ​ကာ မျက်​​မှောင့်​ကျုံ့
ခေါင်းငုံ့သွား​သော ကျွန်​​တော့်​ ​ရှေ့က Oh Sehun။
ဆံပင်​​တွေထဲ လက်​ထည့်​ကာ ဖွခံလိုက်​ရချိန်​ ​ခေါင်း​မော့ကာ သွားစွယ်​​လေး​တွေ ​ပေါ်တဲ့ အထိ ပြုံးလိုက်​တဲ့ Oh Sehun။
ဘာ​ကြောင့်​ရယ်​ မသိ စိတ်​ထဲ ဘဝင်​မကျ။

🌎The World🌎Onde histórias criam vida. Descubra agora