Fan Boy is Just A Fan Boy Ch-10

Start from the beginning
                                    

ကျနော်သူ့ကိုမပိုင်ပေမယ့် သူ့ကိုဘယ်သူမှထိတာကိုကျနော်တကယ်မကြိုက်လို့ပါ...

"အနောက်ကလူတွေကျန်ခဲ့ပြီ"

"ရတယ် အထဲရောက်မှစောင့်တာပေါ့"

အနောက်ကလူတွေဘယ်လိုပဲဖြစ်ဖြစ် ၊ ကျနော်မသိနိုင်တော့။ Taeyong ရဲ့လက်ကိုကိုင်ရင် သေချာကွယ်ပေးရင်း Mnet Building ထဲကိုခေါ်သွားမိတယ်

"waiting room ထဲမှာစောင့်နေနော် ကျနော်အပြင်မှာပဲနေတော့မယ်"

Taeyong စစဝင်လာတော့ Makeup artist တို့ကအနီးကပ်လာပြီး makeup ကိုချို့ယွင်းချက်မရှိအောင်ပြင်ဖို့ Taeyong နားမှာနေနေကြတယ်

"noona"

"nae?"

makeup artist အစ်မကို ကျနော်ခေါ်လိုက်တယ်

"makeup လိမ်းရင်လေ ဖြည်းဖြည်းပဲပွတ်နော် သူ့မျက်နှာအသားကအရမ်းနုလို့ပါ နောက်ပြီးအခန်း aircon ကိုသေချာချိန်ပြီးဖွင့်ပေးနော် ချွေးထွက်လို့မဖြစ်ဘူး flawless look ကတော့သူ့မှာနဂိုကတည်းကရှိပြီးသားဆိုတော့ makeup ကိုတင်ရုံပဲဆိုရပြီ သိလား ထူသွားရင် ပြန်ဖျက်နေရတာကြာနေမှာစိုးလို့...&@:@;@;@/@"

"ကျွန်မသိပါတယ်"

ခပ်တင်းတင်းပြန်ဖြေလာတဲ့ Makeup artist အစ်မကကျနော့်ကိုပိုလွန်းတယ်ဆိုတဲ့အကြည့်နဲ့မျက်စောင်းထိုးကြည့်လေရဲ့။

ကြည့်လည်းမတတ်နိုင် ကျနော့် ချစ်ရတဲ့လူရဲ့ပါးကို ၊ မျက်နှာကိုကြမ်းကြမ်းတမ်းတမ်းကိုင်နေမှာစိုးလို့

Makeup artist ကိုကျနော်မှာစရာရှိတာတွေမှာပြီး waiting room ကထွက်လာလိုက်တယ်

ကျနော်ထွက်လာတော့မှ အခုမှရောက်လာတဲ့ကျန်တဲ့ member တွေနဲ့ staff တွေကိုမြင်လိုက်ရတယ်

ကျနော်လည်းမသိချင်ယောင်ဆောင်ရင်းအပြင်ဘက်ကိုလှည့်ထွက်လာလိုက်တယ်

သူတို့ကိုထားခဲ့ရမလာဆိုပြီး အပြစ်တင်ခံနေရမှာစိုးလို့

ဒီလိုနဲ့အပြင်ဘက်မှာအခြေအနေကြည့်လိုက်

waiting room ဘက်လာလိုက်နဲ့

ကျနော်တစ်ယောက်တည်းပြာယာခတ်နေပြန်တယ်

တတိယတစ်ခေါက် waiting room ဘက်အလာမှာ Taeyong အခန်းထဲကထွက်လာတာကိုတွေ့လိုက်ရတယ်

Fan Boy Is Just A Fan Boy Where stories live. Discover now