အပိုင်း{၁၆}

Beginne am Anfang
                                    

ဘတ်စကတ်ဘောနှင့် အားကစားဘက်တွင်
တော့ ကျွန်တော့်အသည်းလေး...Xiao Lu
ဆရာ...HanKyungတို့များဆို ဖူးဖူးမှုတ်ထားသည်...
သို့သော် ပန်းလေးက အတန်းကြီးလာတော့
အရင်လောက် အချိန်မပေးနိုင်တော့...
သို့တိုင်အောင်...သူ့ဂုဏ်သတင်းက...ပျံ့သင်းနေ
ဆဲ...😚

ဒါက...ဆရာများကြား...မျက်နှာသာပေးခံရသူများ...

ကျောင်းသားအချင်းချင်း မေးရိုက်မတတ်...
အားကျရသူများကတော့...Kris...Taoနှင့် Kim Kai...😪

Kris Wuကတော့...အားလုံးသိသည့်အတိုင်း
ဘောစိ...မွေးကတည်းက ပြည့်စုံစွာ မွေးဖွားလာခဲ့သောသူအား...rich kidဟု...ခေါ်သည်တဲ့...
သူ့တွင် မမြင်နိုင်သော အရှိန်အဝါတစ်ခု ရှိနေ
သည်ကတော့ အမှန်...ဘာမှန်းတော့...
ကျွန်တော်လည်း သေချာမပြောတတ်

ဒီကြားထဲ...သူ့အသုံးအဆောင်များက ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေလောက်သည့်...နောက်ဆုံးပေါ်...ပစ္စည်းများ...

ဆိုတော့...ကျွန်တော်တို့ အုပ်စုတွင် ဘောစိ
တစ်ယောက် ပါရှိနေခြင်းက အဖွဲ့အား...အလွန်မျက်နှာပန်းလှစေပါသည်😌

Tao...ဒီကောင်ကျ...ကိုယ့်အချင်းချင်းသာ
အကြောင်းသိမို့...လူမလေး...ခွေးမခန့်...
ဖင်ပုတ်...ခေါင်းပုတ်...ပြောချင်တိုင်းပြော...
ဆိုချင်တိုင်းဆိုနေသော်လည်း ကျွန်တော်တို့
တစ်အုပ်စုလုံး...ရုပ်ရည်သွင်ပြင်အရ...
သူ မိုက်ကန်းကန်းအနိုင်ဆုံးဖြစ်သည်...
ညိုမှောင်မှောင် မျက်ကွင်းများကြား...မျက်လုံး
ရှည်ရှည်များဖြင့်...တစ်ချက် စောင်းငန်းငန်း
ကြည့်လိုက်လျှင် တော်ရုံ ပင်ကိုကြောက်တတ်သူများ မျက်လွှာ အသာချပြီးကုပ်သွားမည်...

ကိုယ်တော်က...martial artလေး သင်ထား
တော့ စိတ်ကလည်း ကြွပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်...

ဆိုတော့ကာ...သူ့အား ကျွန်တော်တို့
အုပ်စုကိုယ်စား...ဖြဲခြောက်တာဝန် ယူထားသည်😌

မိန်းကလေးတွေကြား ရေပန်းစားသည်က...
Kim Kai...ဟုတ်သည်...
ဒီနှစ်အတွက် အတန်းထဲတွင် သိသိသာသာ ကံထ စန်းပွင့်လာသူကို ပြပါဆိုလျှင်
Kim Kaiကို ပြရလိမ့်မည်...

လူသားတစ်ယောက်ကို ချစ်မိခြင်းWo Geschichten leben. Entdecke jetzt