🐻The World🐣(5)

Start from the beginning
                                    

"​အေး မင်းတို့ entertainment က မလား။ ဒီတစ်​​ခေါက်​​တော့
Daddy ကို ရ​အောင်​ ​ပြောပီး ဝင်​​ဖြေမယ်​ကွာ။ မင်း​တောင်​ ကိုယ့်​ဝါသနာကို ဖြည့်​ဆည်းဖို့ လမ်းစရ​နေပီ။ ငါ့ကျမှ။"

"ငါလဲ အား​ပေးတယ်​။ ဒီနှစ်​​တော့ မင်း ဝင်​​ဖြေ​တော့ ​Mongu"

သူ့ အ​ဖေ​ကြောင့်​ နှစ်​တိုင်း audition ဝင်​​မ​ဖြေ ဖြစ်​တဲ့ Monguကို ကြည့်​ပီး အားမလို အားမရ ဖြစ်​ရတယ်​​လေ။ ​ကျောင်းလဲ ပီး
ကိုယ်​ဝါသနာ ပါရာ အလုပ်​ကို ​လျှောက်​လမ်း​ပေါ့ မဟုတ်​ဘူးလား။

"​​အေး။ ငါ ရ​အောင်​​ပြောမယ်​။ ​မင်းသာ ​ဖောင်​ယူခဲ့​ပေး​။ ​ရော့
မင်းအတွက်​ ခရီးအပြန်​လက်​​ဆောင်​။ "

ပေးလာ​သော မိုက်​ကယ်​ဂျက်​ဆင်​ပုံပါ အင်္ကျီ​ကို ယူ၍ ​ခွေး​ကောင်
ဒီ​ရောက်​မှ ဝယ်​တာမလား ​ပြော​တော့ တဟားဟား ရယ်​​နေ​လေရဲ့။
ကျွန်​​တော့်​ အကြိုက်​ကို သတိတရ ဝယ်​​ပေးတာပဲ ​ကျေးဇူးတင်​စရာ
ကောင်း​နေပါပီ​လေ။
------------------ The World----------------------

"Sehun ဘာလို့​ပြေးလာတာလဲ၊ ​နောက်​က အရူးလိုက်​လာလို့လား"

ခေါင်းတစ်​ချက်​ခါပြ၍ ​​လေပူ​တွေ မှုတ်​ထုတ်​လိုက်​သည်​။

"အာ့ဆို မင်း ခု ဘယ်​က ပြန်​လာတာလဲ။ Jongin ကို သွားရှာတာလား။"

"​တော်​ ​တော်​ Johnny။ ငါ မင်းကို ​ပြောထားတယ်​​လေ။ သူ့​အ​ကြောင်း စိတ်​မဝင်​စား​တော့ဘူးလို့။ အကျင့်​​မ​ကောင်းတဲ့​ကောင်​၊ စိတ်​ပုတ်​တဲ့​ကောင်​။ "

"​အေးပါ။ ​စောင့်​ကြည့်​တာ​ပေါ့။ မင်း ဘယ်​​လောက်​ကြာကြာ ​နေနိုင်​မလဲလို့။ "

"စိန်​မ​ခေါ်နဲ့​နော်​။ မင်း ​စောင့်​ကြည့်​လိုက်​။ "

"ဟားဟား Sehun ရာ မင်းခုပဲ သူတို့အခန်းဘက်​က ပြန်​လာပီး​တော့"

"ဟိုဘက်​ခန်းက EC ကို Jumi ​ပေးခိုင်းတာ သွား​ပေးတာ။ သူ့ ​မမြင်​ချင်​လို့ အ​ပြေးပြန်​လာတယ်​ သိလား"

"ငါ​တော့ သူနဲ့ မျက်​နှာချင်းဆိုင်​ရမှာ ရှက်​လို့ အ​ပြေးလာတယ်​လို့
ထင်​တာပဲ။ မှားလို့ မှားလို့ ​ကြောက်​လို့ ဖြစ်​မယ်​"

🌎The World🌎Where stories live. Discover now