Fan Boy Is Just A Fan Boy Ch-9

Começar do início
                                    

ထူးဆန်းတဲ့အသံကကျနော့်နားထဲအလိုအလျောက်ဝင်လာတယ်

ကျနော်ကြမ်းပြင်ကိုငုံ့ကြည့်လိုက်တော့ ဘောလုံးလေးတစ်လုံးကျနော့်ဆီကိုလိမ့်လာတယ် အရှေ့ကိုကြည့်တော့လည်းဘယ်သူမှမတွေ့။ ဘုရားရေ သရဲခြောက်ပြီလားပေါ့?

အရှိန်နဲ့လိမ့်လာတာကြောင့်ဘောလုံးကအဝေးကနေကျနော့်နားကို ကျနော်ကြည့်နေတဲ့တစ်ခဏအတွင်းမှာရောက်လာတယ် နောက်ဆုံးတော့ကျနော့်ခြေထောက်ကိုလာထိတယ် ကျနော့်ခြေထောက်နားမှာပဲရပ်တန့်သွားတယ် အဲ့ဘောလုံးလေးကိုကျနော်ကောက်ယူလိုက်တော့ ရိုးရိုးဘောလုံးမဟုတ်ဘဲ pokemon ball လေးဖြစ်နေတာကိုတွေ့လိုက်ရတယ်

သေချာကြည့်တော့ ကစားစရာ pokemon ball မဟုတ် အနည်းငယ်ထူးခြားနေတဲ့ pokemon ball လေး။ ဘယ်သူ့ဟာမှန်းလည်းမသိ တိတ်ဆိတ်နေပြီဖြစ်တဲ့ဒီအဆောက်အဦထဲမှာ ဘယ်သူ့ကိုသွားအပ်ထားရမှန်းမသိ အတော်လေးအကြပ်ရိုက်တဲ့ကိစ္စကကျနော့်ဆီဦးတည်ပြီးရောက်လာတယ်

နောက်ထပ်ကြားလိုက်ရတဲ့အသံတစ်သံ

ခြေသံတို့ကကျနော်မရင်းနှီးသောခြေသံများ

ကျနော့်ရှေ့ကိုကြည့်လိုက်တော့ ကျနော်အတော်လေးကိုမှင်သက်အံ့သြသွားရလောက်တဲ့လူတစ်ယောက်ကကျနော့်ဆီကိုပြေးလာခဲ့တယ်

"ahh အဲ့ဒါကျနော့် pokemon ball ပါ အခန်းထဲကနေလိမ့်ကျသွားလို့ တော်သေးတာပေါ့ ပျောက်မသွားတာ"

Lee Taeyong ဟုခေါ်ရသောကျနော့်ရဲ့ idol

သူသာ pokemon monster လေးသာဆို ကျနော်လက်ထဲက pokemon ball နဲ့လှမ်းဖမ်းလိုက်မှာ... ဘယ်တော့မှပြန်လွှတ်မပေးတော့ဘဲ အပိုင်ဖမ်းထားလိုက်တော့မှာ ဒါပေမယ့် အရင်ကတည်းကကျနော့်နှလုံးသားထဲမှာဖမ်းသိမ်းထားခဲ့ရတဲ့လူတစ်ယောက်က သူပဲမဟူတ်လား

အဖြူရောင် T shirt လေးကိုသာဝတ်ထားတဲ့သူ့ရဲ့ရိုးရှင်းလွန်းတဲ့ ဒီဇိုင်းကသူ့ကိုပိုပြီးချစ်ဖို့ကောင်းစေတယ်

ကျနော့်ရှေ့ကိုရောက်လာတဲ့ သူလေးက Taeyong တဲ့လား

ဘုရား ဘုရားးးး

manga စာအုပ်ထဲကခုန်ထွက်လာတဲ့ character လိုမျိုးချောပြီးချစ်ဖို့ကောင်းနေလိုက်တာများ ကြည့်လို့တောင်မဝဘူး ပထမဆုံးမကြားဖူး မရင်းနှီးဖူးတဲ့ခြေသံပိုင်ရှင်က ကျနော့်ရဲ့ idol ခြေသံတဲ့ အိပ်မက်လို့တောင်ထင်မြင်ရတဲ့ဖြစ်ရပ်တွေ။ W ဇာတ်လမ်းက Taeyong ဆိုတဲ့သူနဲ့တွေ့မှအသက်ဝင်လာခဲ့တာ။

Fan Boy Is Just A Fan Boy Onde as histórias ganham vida. Descobre agora