အပိုင်း{၁၅}

Start from the beginning
                                    

ဒီတော့ Taoက...ရုပ်ရှင်လက်မှတ်တစ်စောင် လက်ဆောင်ရသဖြင့် ကျွန်တော့်ကို လာခေါ်
သည့်ဟန်...ကျွန်တော်တစ်ယောက်တည်းကိုမှ ရွေးခေါ်ရလောက်အောင် ချစ်ခင်သည့်ဟန်...Omma ယုံကြည်အောင် ဇာတ်တိုက်ရသည်...

အချစ်က ကျွန်တော်တို့ လမ်းထိပ်တွင် စောင့်နေသည်...ဒီလိုဆိုတော့...သူူက ကျွန်တော့်ထက်ပင် အိမ်ပိုင်ပုံရသေးသည်နော်...😔

အိမ်မှ သိပ်မထွက်သူမို့ အဆင်ပြေသည်ဟု
အချစ်ကပြောသည်...

ဒီလိုဆိုတော့ အချစ်ကို ဒိတ်လုပ်ဖို့ ခေါ်ရသည်မှာ လွယ်သားပဲ ဟု ထင်ပါသလား...😪

လုံးဝဥဿုံ မှားယွင်းသွားပါလိမ့်မည်...😌
ကျွန်တော့်မှာ အချိန်အားရတိုင်း အမြုပ်ထွက်မတတ် သွားသွားပြီး မဲဆွယ်ရသည်...official dateကလေးမှ မလုပ်ရလျှင် သေတော့မည့်ဟန် မျက်နှာငယ်လေးနှင့် တောင်းဆိုရသည်...Kim Kai...BaekHyunနှင့် Taoတို့ကို ခခယယ
မုန့်ကျွေးပြီး တိုက်တွန်းခိုင်းရသည်...😔

သုံးရက်တိတိ တင်းခံနေပြီးမှ နောက်ဆုံး နားညီး မခံနိုင်သဖြင့် အချစ်က ခွင့််ပြုပေးလိုက်ခြင်း ဖြစ်ပါသည်...😌😚

ဒီလိုနှင့် နောက်ဆုံးတော့လည်း ကျွန်တော့်
အိပ်မက် official dateကြီး ခဲရာခဲဆစ်...
တရားဝင်အထမြောက်ခဲ့ပါတော့သည်...😁

💕လူသားတစ်ယောက်ကို ချစ်မိခြင်း💕

"Taoလေး...စား...😍"

သြော်...သူတို့က အကြံနဲ့ပဲ...

Krisက သူတို့နှစ်ယောက်စားရန် ရေခဲမုန့်တစ်
ခွက်တည်းမှာတော့ ကျွန်တော့်စိတ်ထဲ...ရုပ်နှင့်
မလိုက်အောင် ကပ်စေးနဲလိုက်တာဟု ထင်ခဲ့မိသည်😒

ခုတော့...Indirect kiss...😬

ဇွန်းတစ်ချောင်းတည်းကို တစ်ယောက်တစ်လှည့်...ခွံ့ကျွေးလိုက်...ဇွန်းလေးကို လျှာဖြင့်သပ်လိုက်...တစ်ယောက်မျက်နှာတစ်ယောက် ပြုံးပြီး
ကြည့်လိုက်နှင့် အရသာတွေ ရှိပြီးရင်းရှိနေကြသည်...😬

"အင့်...Lu...စား...အများကြီးစား😌"

စတော်ဘယ်ရီသီးလေးနှင့် ရေခဲမုန့် ချိုချိုလေးကို ဇွန်းဖြင့်ခပ်ယူပြီး...ကျွန်တော်
ချစ်သူလေးကို တယုတယခွံ့ကျွေးလိုက်ပါသည်

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now