Heart Stealer❤[20]

18.4K 710 13
                                    

Baekhyunကားကိုရပ်​လိုက်​သည်
အခုသူ​နေတဲ့ရက်​ကွက်​ကြား​ထဲ​ရောက်​​နေပြီ​လေ

Chanyeol သူ့​ရှေ့ရပ်​​နေ​သောကားကိုအရှိန်​အဟုန်​ပြင်းစွာဖြင့်​ဝင်​တိုက်​လို​က်​သည်

Baekhyunကားထဲမှထွက်​ကာရက်​ကွက်​ထဲဝရုန်းသုန်းကားဝင်​​ပြေး​တော့သည်

Chanyeolကားထဲမှမူး​နောက်​စွာဖြင့်​ထွက်​လာပြီးအ​ရှေ့၌ပိန့်​ချိုင့်​ကာ​နေ​သောကား​ရှေ့ကိုသွားကာကြည့်​လိုက်​သည်

"​တောက်​....မင်းဒီတခါ​တော့တကယ်​လွတ်​​မြောက်​သွားပြီပဲ
ဟက်​ဟက်​..ကိုယ်​မင်းဆီ​ပုံစံ​နောက်​တမျိုးနဲ့လာခဲ့မယ်​"
💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔

Baekhyunအတိတ်​က​အ​ကြောင်းပြန်​​တွေးရင်းနဲ့​ကြောက်​လန့်​လာမိသည်

"Chanyeolငါ့ဆီပြန်​လာဦးမှာလား..မဖြစ်​နိုင်​တာ..သူကလူသတ်​ထားတာအပြင်​ထွက်​နိုင်​မှာမဟုတ်​​လောက်​ပါဘူး..."

Baekhyunထိုဖြစ်​ရပ်​ကိုဘယ်​သူမှမ​ပြောခဲ့..
Chanyeolတခုခုဖြစ်​သွားမှာ​တော့မလိုလားတာအမှန်​ပါ
တချိန်​ကသူချစ်​ခဲ့တာသူမလား..

Baekhyun​ကျောင်းတက်​တာနှစ်​လ​လောက်​ပင်​ကြာမြင့်​လာသည်
စာ​မေးပွဲ​တွေ​ဖြေပြီးအတန်း​တွေ​ပြောင်းသွား​သော​ကြောင့်​သူနဲ့Han​လေးနဲ့ကွဲသွားပြီ
Han​လေးကတခြားအခန်း​ရောက်​သွားသည်

Baekhyunသူထိုင်​​နေကြ​နောက်​ဆုံးခုံကိုသွားလိုက်​သည်
ဘေးခုံ၌လူမရှိ..အဲ့တာလည်း​ကောင်းတာပါပဲ..ဒီအတန်းထဲမှာသူကအသက်​ကြီးဆုံးတနှစ်​ကျပဲမလား..ကိုယ့်​ဘာသာကိုယ်​ပဲ​အေး​အေး​ဆေး​ဆေးတိတ်​တိတ်​ဆိတ်​ဆိတ်​က​လေး​နေတာပို​ကောင်းသည်​​လေ

Baekhyunအိတ်​ထဲမှစာအုပ်​များကိုထုတ်​ကာမပြီး​သေး​သောစာတချို့ကိုကူးကာ​ရေး​နေလိုက်​သည်

"ကဲ.ကဲ..အတန်းထဲမှာလူစုံပြီဆို​ကျောင်းသားသစ်​နှစ်​​ယောက်​နဲ့မိတ်​ဆက်​​ပေးမယ်​"

"Nae"

Baekhyunဖြစ်​​နေကြကိစ္စ​တွေမို့စာကိုငုံ့​ရေး​နေလိုက်​သည်

Heart stealer❤Chanbaek[Rate M]Where stories live. Discover now