ချစ်သူ၏ခြေဖဝါးအောက်ကြွေကျသွားသောနောင်တအပိုင်းအစများ

Start from the beginning
                                    

" Sehun ya ငါတို့ပြန်သင့်ပြီ"

" အင်း ပြန်တာပေါ့ ဒါလေးတစ်လိပ်ကုန်ရင်"

ရှပ်အကျီင်္အဖြူရောင်ကို လက်ခေါက်တင်ထားပြီး

Jean အပြာရောင်နုနုဘောင်းဘီကိုဝတ်ထားတဲ့သူက

ခုံတန်းလျားပေါ်မှာခြေချင်းချိတ်ထားပြီး

ဆေးလိပ်တစ်လိပ်ကိုနှုတ်ခမ်းဖျားမှာ

ခပ်လေးလေးချိတ်ဆွဲထားရင်းမီးညှိနေတဲ့ပုံဟာ ယောကျာ်းတစ်ယောက်အနေနဲ့ပြီးပြည့်စုံနေတာကိုငြင်းလို့မရ

အင်းလေ...
အဲ့ဒီ့ပြီးပြည့်စုံမှုတွေကြောင့်လဲ...................

တော်ပြီ... တော်သင့်ပြီ ဒီ့ထက်ထပ်မတွေးနဲ့တော့
အတွေးတို့ကိုမောင်းထုတ်ပစ်ဖို့ ခေါင်းကိုခါယမ်းလိုက်တော့

" ဘာလဲ... ငါတို့အကြောင်းတွေးမိလို့ထပ်မတွေးဖို့ ကြိုးစားနေတာလား Ki"

စိတ်ထဲကိုဝင်ဖတ်လိုက်သလို တည့်တည့်ပြောချလိုက်တဲ့

သူ့ကိုကျွန်တော်ထူးပြီးမအံ့သြမိတော့

Oh Sehun ဟာ ချောမောခန့်ညားတယ်

ချမ်းသာကြွယ်ဝတယ်

အသံရဲ့ကောင်းခြင်းနဲ့ပြည့်စုံတယ်

ဒါတွေအပြင်ကိုမှ လူကဲခတ်တဲ့အရာကိုတစ်ဖက်ကမ်းကျွမ်းကျင်တာမို့

အရိပ်ပြရင်အကောင်တင်မဟုတ်

ဟိုဘက်ကိုပါကျော်လွန်ပြီးမြင်မယ့်လူစားမျိုး

ဒါကြောင့်လည်း ကိုရီးယားနိုင်ငံရဲ့ နာမည်အကြီးဆုံးတွေထဲမှာ

အမြဲလိုလိုတစ်ချိတ်နေတတ်တဲ့ အဆိုတော်တစ်ယောက်ဖြစ်နေတာ အဆန်းတကြယ်တော့မဟုတ်ပါဘူးလေ ဒါတောင်မှပဲ....

" Ahhh S***... "

ထပ်ရောက်သွားတဲ့အတွေးတွေအပေါ် ဆဲရေးသံတိုးတိုးနဲ့ပုံချလိုက်တော့

"ကျွတ်စ် လုပ်မနေစမ်းပါနဲ့ Ki ရာ တွေးစရာရှိတာတွေး ပိတ်ပင်မထားစမ်းပါနဲ့ မင်းမတွေးလို့ရောငါတို့နှစ်ယောက်က ပြောင်းလဲသွားမှာမို့လို့လား"

🎉 You've finished reading ချစ်သူ၏ခြေဖ၀ါးအောက်ကြွေကျသွားသောနောင်တအပိုင်းအစများ 🎉
ချစ်သူ၏ခြေဖ၀ါးအောက်ကြွေကျသွားသောနောင်တအပိုင်းအစများWhere stories live. Discover now