reborn

3.5K 381 51
                                    

စဉ်းတုံး​ပေါ်မှအသားတုံးကိုတဂျစ်​ဂျစ်​လွှဆွဲသလိုဖိဆွဲ
ရင်းမျက်​လုံး​သေများဖြင့်​​ငေးကြည့်​​နေသည့်​ JiaShuai တုန်​ခါလာ​သောဖုန်း​ကြောင့်​ခဏရပ်​လိုက်​သည်​။ မိနစ်​​တော်​​တော်​ကြာသည်အထိ​ဖုန်းသံကရပ်​မသွားတာမို့ JiaShuai ပလက်​စတစ်​လက်​အိတ်​ကိုချွတ်​လိုက်​သည်​။ အားပါသည့်​အတွက်​​ကြောင့်​လက်​မတွင်​ကပ်​ထား​သော ပလာစတာသည်​လည်းကျွတ်​ထွက်​ကာ ​သွေးများကစိမ့်​ထွက်​လာပြန်​၏။

သွေးစို့​နေသည့်​ဘယ်​ဖက်​လက်​မကိုပါးစပ်​ထဲထည့်​ပြီး JiaShuai ဖုန်းကိုကျန်​လက်​နဲ့​ကောက်​ယူလိုက်​သည်​။

"JiaShuai...သားကြီးအ​မေတို့ကိုအဆက်​အသွယ်​မလုပ်​တာကြာပြီ။နေ​ကောင်းရဲ့လားကွယ်​။"

အ​မေ့ ရဲ့အသံကိုနား​ထောင်​ရင်း JiaShuai မှန်​လုံအိမ်​အပြင်​ဖက်​ကိုထွက်​ခဲ့လိုက်​သည်​။

"သားကြီးအ​မေ​ပြောတာကြားရဲ့လား။အခုနား​ထောင်​​နေတာသားကြီးဟုတ်​ရဲ့လား?"

စိုးရိမ်​ပန်​မှုတစွန်းတစနှင့်​ အ​မေ့ အသံက JiaShuai နှုတ်​ခမ်းကို​ကွေးညွှတ်​သွား​စေသည်​။

"Jiashuai အ​မေ​ပြောတာကြားရဲ့လား??"

"Niáng........." (အ​မေ)

JiaShuai အသံက​လေတိုးကြားကခပ်​ဆွဲဆွဲလွင့်​ပြန့်​သွားသည်​။ ဖြူ ​ဖျော့သွားပြီဖြစ်​တဲ့လက်​မကိုနှုတ်​ခမ်းနားကဖယ်​ပြီး ဝါရံတာလက်​လှမ်း​ပေါ်လက်​တင်​ထားလိုက်​သည်​။

"အရမ်းသတိရတာပဲ...။"

"အမ​လေး....အ​မေကဘာများဖြစ်​​နေပြီလည်းလို့​တော်​ပါ​သေးတယ်​ ဘာမှမဖြစ်​လို့။"

အ​မေ့ ရဲ့စိတ်​ပူသံကသက်​ပြင်းချသံနှင့်​အတူ​လျော့ပါးသွား​လေသည်​။

"သတိရရင်​ Changshaကိုပြန်​လာခဲ့အုန်း။အဖိုးနဲ့အဖွားကလည်းသတိရ​နေတယ်​။Yixingက​တော့သူ့အလုပ်​နဲ့မအားဘူး။ သားကြီးကပဲတစ်​ခါတစ်​ခါလာကြည့်​​ပေးမှ​ပေါ့"

"စိတ်​ပူ​စေမိလို့​တောင်းပန်​ပါတယ်​ Niáng"

"စိတ်​မပူ​စေချင်​ရင်​အ​မေတို့ကိုလည်းဂရုစိုက်​ပါအုန်း​ကွယ်​။ပိုက်​ဆံထက်​မင်းမျက်​နှာ​လေးကပိုအားရှိပါ
တယ်​"

Sin [Lay x Xing]Where stories live. Discover now