အပိုင်း{၁၄}

Start from the beginning
                                    

ကျွန်တော်က သန့်သန့်လေး တွယ်တာချင်
သည်...😔

မျက်နှာကျက်နံရံဖြူဖြူကို...ပျင်းပျင်းရိရိ
ငေးစိုက်ကြည့်နေမိတော့ အတွေးထဲတွင်
သူ့ပုံရိပ်က ဖြည်းဖြည်းချင်းပေါ်လာသည်...

လူကို စားမတတ်ဝါးမတတ်...စိုက်ကြည့်
နေရင်းကပင် နွေးထွေးစွာ ပြုံးနေတတ်သော...😔

ဝတ္ထုများထဲမှ သိပ်ချစ်သယောင် လုပ်ပြတတ်
သည့်...ကျွန်တော် မနှစ်သက်သည့်...ဇာတ်
ဆောင်များနှင့် ဆင်ဆင်တူသော...😔

ယုန်ငယ်လေးလို မျက်ဝန်းများနှင့် လူကို...အသနားခံ ၍မရလျှင် ကျားတစ်ကောင်လို
ရဲတင်းစွာ ဇွတ်တရွတ် ရှေ့တိုးလာတတ်သော...
😔

ကိုယ့်အတွေးကိုယ် သဘောကျပြီး ကျွန်တော်
ပြုံးမိသွားသည်...

"အင်းပေါ့...ခုတော့ ငါက မရှာနိုင်တော့ မင်းက
ဒီစကားပြောပြီပေါ့..."

အိမ်အောက်ထပ်မှနေ၍...အာလေးလျှာလေးနှင့်စိတ်ညစ်စရာကောင်းသော အသံကြီး ထွက်ပေါ်လာသည်...

ပါး...မူးလာပြန်ပြီ...😷

"ရှင့်ကို...ကျွန်မ အပြစ်တင်နေတာ မဟုတ်ဘူး
Deng Chao...တစ်ခုခုလုပ်ဖို့ ပြောနေတာ...
ကျွန်မတို့ ဒီလိုပဲ အကြာကြီးနေလို့ မဖြစ်ဘူးလေ
ပိုက်ဆံလည်း လက်ထဲသိပ်မရှိတော့ဘူး...ရှင်
အလုပ်ရှာမှ ဖြစ်မယ်"

"ငါလည်း ရှာနေတာပဲလေ...အဆင်မှ မပြေတာ"

"မပြေရင်လည်း တစ်နည်းနည်းတော့ ရှင်လုပ်
ပေးမှ ရမှာပေါ့...Luhanကလည်း အထက်တန်းရောက်လာပြီ...ရှင်က...ညနေတိုင်း အရည်
တွေ သောက်သောက်လာ..."

တစ်စတစ်စ...ကျယ်လောင်လာသော အသံများ
😞

ကျွန်တော် အိပ်ရာမှထ၍...စာကြည့်စားပွဲပေါ်ရှိ...mp3နှင့် နားကြပ်ကို ယူလိုက်မိရင်း တံခါးကို လော့ချလိုက်မိသည်...

ထို့နောက် နားကျပ်ကိုတပ်ထားလိုက်သည်...
အသံများက တိုးသွားသယောင်ရှိသော်လည်း
ကြားနေရဆဲ...

ပါး အလုပ်ပြုတ်သွားခဲ့ပြီ...
ကျွန်တော် မသိခဲ့...ကျွန်တော်တင်မဟုတ်...
မားကိုပါ ပါးက အသိမပေးခဲ့...

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now