"ဆန်းကြယ်​မှု"

1K 129 10
                                    

အခန်း(၁)
(1)

ထို​နေ့က ထူးထူးခြားခြား မိုးရာသီမဟုတ်​ပါပဲ
မိုးသားတို့က အုံ့ဆိုင်း​နေခဲ့သည်​။

ပျင်းရိရိနှင့်​ လွမ်းစရာ​ကောင်း​သော အ​ခြေအ​နေမို့
စိတ်​ရွှင်​လန်း​အောင်​ဆိုပြီး အနီးအနားကအသစ်​ဖွင့်​ထားတဲ့
Bubble Tea ဆိုင်​​​လေးသို့ ဂင်​ဂျူံအင်းတစ်​​ယောက်
ထူးထူးဆန်းဆန်း သွားဖြစ်​သည်​။

ထူးထူးဆန်းဆန်း ​ခြေဆန့်​မိ​သော ဆိုင်​က​လေးမို့လားမသိ
ထူးထူးဆန်းဆန်း အဖြစ်​အပျက်​တစ်​ခု ဖြစ်​ခဲ့​လေသည်​။

ဆိုင်​ထဲဝင်​ဝင်​ပင်​ချင်းပင်​ ဆိုင်​ထဲက ကပျာကယာ​ပြေး
ထွက်​လာ​သော ​ကောင်​​လေးတစ်​​ယောက်​နှင့်
ဝင်​တိုက်​မိသည်​..။

ထို​ကောင်​​လေးကို မျက်​​မှောင်ကြုံ့ကြည့်​ကာ..
"မင်းလူကိုမမြင်​ဖူးလားကွ" လို့ ​မေးမလို့ပါးစပ်​ပြင်
တုန်းရှိ​သေး..

"ဟာ.. ခင်​ဗျားဒီမှာ လူတစ်​​ယောက်​လုံးကိုမမြင်​ဖူးလား?
ဒီမှာလည်းကြည့်​ဦး ကျွန်​​တော်​ Bubble Tea​တွေ
မှောက်​ကုန်​ပြီ။"

ကောင်​​လေးက မျက်​ခုံးနှစ်​ခုကို ထိလုမတတ်
မျက်​နှာကို ရှုံ့မဲ့​ထားကာ.. သူ့ကိုပြန်​ရန်​​တွေ့​နေ​သော
ကြောင့်​ ဂျူံအင်း ဘာပြန်​​ပြောရမှန်းမသိ​ပေ။

"ကျွန်​​တော့ Bubble Teaပြန်​​လျှော်​​ပေး..!"

မျက်​နှာကိုတွန့်​ချိုးကာ အထက်​စီး​လေသံဖြင့်​​ပြောလာသည်​။
သူကလည်းမှား​သေး ပြန်​မ​တောင်းပန်​တဲ့အပြင်​ ..
ပြန်​​တောင်​အ​လျှော်​​ပေးခိုင်းနေ​သော ထို​ကောင်​​လေးကို
ဂျုံအင်​ အစိမ်းလိုက်​အရိုးချိုးပစ်​ချင်​စိတ်​ပါ ​ပေါက်​လာသည်​။

"ဒီမှာ ​ကောင်​​လေး ဆိုင်​ထဲက​နေမင်းက ကပျာကယာနဲ့
ထွက်​လာပြီး ကိုယ့်​ကိုဝင်​တိုက်​တာ​လေ.. မင်းမှားတာ
ကိုမင်းကမ​တောင်းပန်​တဲ့အပြင်​ ရန်​​တောင်​​တွေ့​နေတယ်​ဆို
တော့ မင်းလွန်​တယ်​မထင်​ဖူးလား!"

Jongin ကမျက်​​မှောက်​ကြုတ်​ပြီး ​ပြော​တော့
ထို​ကောင်​​လေးက မျက်​ခုံးတစ်​ဖက်​ကို လှပစွာ
ပင့်​လိုက်​သည်​။

You've reached the end of published parts.

⏰ Last updated: Jun 07, 2017 ⏰

Add this story to your Library to get notified about new parts!

{ Broken Line }Where stories live. Discover now