''yah kim tae hyung ဘာဖြစ်လို့ လဲ ငါတို့ဒီလာတာရူးကြောင်ကြောင်နိုင်တယ်မထင်ဘူးလား ဘာပြသနာဖြစ်လို့လဲ ကုမ္ပ ဏီ ပြသနာလား ဒါမှ မဟုတ် jung ....''

jr ပြောပြီးရုတ်တရက်စကားမှားသွားကြောင်းသိလိုက်တာကြောင့် ဘားမှဆက်မပြောဘဲနေလိုက်တယ်။

''hyung တို့ ဒီမှာခနနေကြအုံး ကျွန်တော် သောက်စရာတစ်ခုခု နဲ့ ဒီညအတွက်ပျော်စရာလေးတွေရှာခဲ့မယ်''

tae hyung ကပြောပြီးထထွက်သွားတယ်။

''သူ အကြာင်းတစ်ခုခုတော့ရှိရမယ် သူဘာလို့ငါတို့ကိုမပြောတာလဲ''

jhope ကမေးလိုက်သည်။

''ငါတို့အားလုံးဘာပြသနာလည်းဆိုတာသိတယ် ဒါပေမဲ့ သူကိုယ်တိုင်ဖွင့်ပြောမှ ငါတို့ ကကူညီပေးလိုရမှာပေါ့ အဲ့ အရူး ကောင်က သူတစ်ယောက်ထဲကြိတ်ခံစားနေတာ''

jr ပြောလိုက်တာကြောင့် jb က jr ဖခုံးကိုလှမ်းပုတ်လိုက်တယ်။

''စိတ်ငြိမ်ငြမ်ထား jr မင်းလည်းသိတာဘဲ သူအဲ့ဒါကိုဖွင့်မပြောနိုင်ဘူးဆိုတာ သူ့မှာလည်းသူ့ကိုယ်ပိုင်အကြောင်းပြချက်နဲ့သူရှိတာဘဲလေ''

''ငါ သူ့ ရဲ့အကြောင်းပြချက်ဆိုတာကြီးကိုထပ်ပြီးမယုံချင်တော့ဘူး သူ့ကိုယ် ကအစိုးရိမ်လွန်နေတာ သူ jung kook ကိုချစ်နေသလို jung kook ကလည်းသူ့ကိုချစ်နေတယ်ဆိုတာသူသိနေတာဘဲ''

''စိတ်မတိုနဲ့ jr သူငိုတာကိုငါတို့အားလုံးမျက်မြင်တွေ့ခဲ့ရတာဘဲ kim tae hyung လို လူမျိုးက တစ်ဦးတစ်ယောက် အတွက်နဲ့ ဘယ်တုန်းကမျက်ရည်ကျတာမင်းမြင်ဖူးလို့လဲ''

jhope က jr ကိုပြောလိုက်တယ် ။ ခနကြာတော့ tae hyung ပြန်ရောက်လာတယ်။ သူ့ ဘေးမှာ sexy ကျတဲ့ကောင်မလေးတစ်ယောက် ပါလာတယ် tae hyung ကတော့ သောက်တာများလို့တော်တော်မူးနေပြီး ။ jhope တို့သွာဆွဲပေမဲ့ကောင်မလေးနဲ့ပါသွာတယ်။

''jb hyung ငါတို့ tae hyung ကိုသွားခေါ်ရင်ကောင်းမယ်နော်''

''အင်းဟုတ်တယ် ဒီကောင် လူမှန်းမသိအောင်မူး နေပြီး တော်ကြာမထိန်းနိုင်မှာဆိုးတယ်''

''ငါသွားခေါ်လိုက်မယ်''

jb ပြောပြီးထထွက်သွားတယ်။

ချစ်တာထက်ပို (Completed)Where stories live. Discover now