part -3

2K 116 0
                                    

👉❤သံယောဇဉ်ဆိုတာ နွယ်ပင်လိုပဲ တစ်ရစ်ချင်းစီ တွယ်လာတတ်တယ်❤

မြေနီလမ်းလေးအတိုင်း မြင်းလှည်းလေး စီးပြီး ဆွိတို့ တောင်ထိပ်ဘုရားပေါ်ကို တက်ခဲ့ကြတယ်....
တောင်ထိပ်ဆိုပေမယ့် အမြင့်ကြီး မဟုတ်...
တက်လမ်းကလည်း ပြေ၏!

"လွန်း ဘာလို့ ဒီလမ်းကို ကတ္တရာမခင်းကြတာလဲ"

"ကတ္တရာခင်းရင် ကောင်းတော့ကောင်းပါတယ် ဒါပေမယ့် ကတ္တရာလမ်းက ခဏခဏပျက်တယ်လေ... အခုလို မြေနီလမ်းလေးကျ သူ့ဘာသူ သိပ်နေတာ ပိုလို့တောင် ကျစ်သေးတယ်.. မိုးတွင်းလည်း ဗွက်အရမ်း မထတော့ ဒါလေးက ပိုအဆင်ပြေတယ်"

"လူကြီးတွေကရော မခင်းကြဘူးလား"

"လူကြီးတွေက ကတ္တရာထက် မြေနီကို ပိုကြိုက်တယ်"

"ဩော်...."

"မ သိချင်တာတွေ အရမ်းများနေတာရယ် မေးရတာအားတောင်နာလာပြီ"

" မရယ် မသိလို့မေးတာကို သိတဲ့လွန်းကဖြေပေးရတာ
ဂုဏ်တောင်ယူနေရတာ ရတယ်စိတ်ကြိုက်မေး"

" အမယ် အေးပါကွာ"

ပြောပြီး လွန်းဆံပင်ကိုဖွသွားသော မ ကြောင့် သွေးချင်းချင်းဖြန်းထားသကဲ့သို့ နီရဲနေသောမျက်နှာကို လက်နဲ့ပုတ်ရိုက်ကာ အတန်ငယ်ဝေးသွားသော မ နောက်ပြေးလိုက်ရသေးသည်.. လွန်းကိုယ့်ကိုကိုယ် ဝေခွဲမရပေ တောင်ပေါ်တက်ရလို့ မောပြီးနှလုံးခုန်သံတွေမြန်နေတာလား .အို.. မဟုတ်မှလွဲရော မ ကြောင့်ရင်ခုန်နေတာများလား...💕

တစ်နေ့ တစ်နေ့ မရောက်ဖူးတဲ့နေရာတွေသွားလိုက် မစားဖူးတဲ့အစားအသောက်တွေစားလိုက်နှင့် ဆွိပျော်နေခဲ့သည်မှာ
တစ်ပတ်ပင်ရှိတော့မည်ထင်သည်... ဒီနေ့တော့ ဟန်နီကလဲမအား
လွန်းကိုလဲနေ့တိုင်းလိုဖြစ်နေ၍ အားနာသောကြောင့် အိမ်မှာပင်နား
တော့မည်ဟုပြောထားလေသည်...

"ဒူ..... ဒူ.....ဒူ.... "
ရှားရှားပါးပါး ဆွိမြုင်သာယာရောက်ပြီးမှ ပထမဆုံးဖုန်းဝင်လာခြင်းဖြစ်လေသည်.. မေမေဆီကများလားဟုထင်မိသောအတွေးများ မိန်းမ ဆိုသည့်နာမည်ကိုတွေ့လိုက်ရချိန်ပျက်စီးသွားတော့သည်..

We Called It "Love"             Where stories live. Discover now