Act 7 [ Final ]

3.1K 295 18
                                    

*sigh*

"တကယ်​ကို ဘာဆက်​လုပ်​ရမှန်းမသိ​တော့ဘူး"

ကျွန်​​တော်​ သက်​ပြင်းတချချနဲ့ အိမ်​ပြန်​လာခဲ့တယ်​!

"မြန်​မြန်​လုပ်​ပါဟ......​သေချာတိုက်​ ​သေချာတိုက်​ ​ပြောင်​လက်​​နေ​အောင်​.....​သေချာသန့်​ရှင်းပါဟ"

အိမ်​​ရှေ့​ရောက်​တာနဲ့ ကြားလိုက်​ရတဲ့ ဆူညံမှု​တွေ........

ကျွန်​​တော်​ အိမ်​ထဲဝင်​လိုက်​​တော့ Chanyeol တို့ အုပ်​စု သူတို့ကို​ပေးထားတဲ့ အခန်းကျဉ်းကျဉ်းကို အသည်းအသန်​ရှင်း​နေကြတယ်​!

"Baekhyun အဲ့ဒီ့ ဗီဒိုအစုတ်​ကို တိုက်​ချွတ်​မ​နေနဲ့ ထားခဲ့ ဒီမှာလာအမှိုက်​လှဲစမ်းပါ!!"

"ဒါကြီးက ဗရုတ်​သုတ်​ခဖြစ်​​နေ​တော့ ဆူခံရမှာ​ပေါ့"

Baekhyun က ဗီဒိုသုတ်​​နေရာက အတွန့်​တက်​တယ်​ !

"ဘာပဲ​ပြော​ပြော ငါတို့ လှလှပပ သပ်​သပ်​ရပ်​ရပ်​ဖြစ်​​နေဖို့ လုပ်​ရမှာ​ပေါ့"

အခန်း​ထောင့်​မှာ လှဲကျင်း​နေတဲ့ Suho က ပြန်​​အော်​​နေပြန်​တယ်​! ကျွန်​​တော်​ သူတို့ကို ကြည့်​ပြီး စိတ်​ရှုပ်​စွာနဲ့ အိမ်​​နောက်​​ဖေး မီးဖို​ချောင်​ထဲဝင်​လာ​တော့......

ဟင်းရွက်​​တွေလှီး​နေတဲ့ Luhan ကို​တွေ့ရတယ်​!

"Luhan? မင်း.....မင်းပြန်​​ရောက်​​နေတယ်​!"

ကျွန်​​တော့်​ရဲ့ တအံ့တသြ ​ရေရွတ်​သံ​ကြောင့်​ Luhan က လှည့်​ကြည့်​​ပေမယ့်​ သူ့မျက်​နှာက စိတ်​ဆိုး​ပြေ​သေးပုံ မရဘူး! Luhan က လက်​ထဲက ဟင်းချက်​ဓားကို ​မြောက်​ကိုင်​ရင်း ငိုသံပါနဲ့......

"Luhan ပြန်​လာတာက ဟင်းမချက်​ခဲ့ရ​သေးလို့ .....လူသုံး​ယောက်​ဗိုက်​ဆာ​နေမှာ စိုးလို့...Papa ​ပြောမယ့်​စကား​တွေ နား​ထောင်​ဖို့ ပြန်​လာတာ မဟုတ်​ဖူး!!!!!"

"အဲ...အဲဒါက..."

မီးဖို​ချောင်​ထဲက ​ဆူညံသံတချို့​ကြောင့်​ Chanyeol တို့သုံး​ယောက်​ မီးဖို​ချောင်​အ​ပေါက်​ဝမှာ ပြူတစ်​ပြူတစ်​နဲ့ လှမ်းကြည့်​​နေကြတယ်​!

Child of DragonWhere stories live. Discover now