အပိုင်း{၁၀}

Start from the beginning
                                    

တကယ့်တကယ် စာမေးပွဲခန်းထဲ ဝင်သွားတော့လည်း လူတွေက ပုံစံတစ်မျိုး ပြောင်းလဲသွားကြ
သည်...😂

အထူးသဖြင့််...JunMyeon Hyung
သူက စာမေးပွဲမတိုင်ခင်...သူ့ကို ကြိုက်သလောက်စာမေး...သူ ရှင်းပြနိုင်သည်...
ပုစ္ဆာများမေးလျှင် စိတ်ရှည်လက်ရှည် မမောနိုင်မပန်းနိုင် တွက်ပြပေးလိမ့်မည်...

စာမေးပွဲအတွင်းတွင်တော့ သွားပြီး မျက်ရိပ်
မျက်ကဲနှင့် အကူအညီတောင်းဖို့ မကြိုးစားလေနှင့်...😪သူ လုံးဝ ကရုဏာထားလိမ့်မည်
မဟုတ်ပေ...

သူကိုယ်တိုင်လည်း သူများနှင့် အဖြေတိုက်ခြင်း ဘာညာ...မရှိ...

ယုတ်စွအဆုံး မှားနေပါသည်
ဆိုလျှင်တောင် သူ့အမှားနှင့်သူ ကျေနပ်သည် လိပ်ပြာလုံသည် ဟုဆိုပြီး အမှန်မပြင်သောလူစားမျိုး ဖြစ်သည်...😂

ဒါလည်း သူ့Imageကို ထိန်းပုံထိန်းနည်းတစ်မျိုးဟု ကျွန်တော်ထင်ပါသည်...

သို့သော် တစ်တန်းလုံးတွင် အခွင့်အခါသင့်၍
ဆရာများအလစ်တွင် အကူအညီတောင်းလာခဲ့လျှင်... စာမေးလျှင် သူ ပြောပြမည့်သူ
တစ်ယောက်တည်း ရှိပါသည်...

ထိုသူမှာ မှတစ်ပါးအခြားမရှိသော သူ့ညီလေး
ကျွန်တော် Sehunပင် ဖြစ်သည်...😌

ဒီတစ်ခုနှင့်ပက်သက်၍တော့ ကျွန်တော် ဂုဏ်ယူသည်😌

အဲ...Taoကျတော့ တစ်မျိုးဖြစ်သည်...

သူက စာနှင့်ပက်သက်၍ အင်မတန်တိုသည်...အင်း...သေချာစဉ်းစားကြည့်တော့ စာမှ မဟုတ်ပါ...အစစအရာရာလည်း ကပ်စေးနဲသေးသည်😕 ထားပါတော့လေ...😪

စာမေးပွဲတွင် သူက လူတန်းစားခွဲခြားရေးဝါဒကို
ကျင့်သုံးသည်...😒

သူ့အား စာမေးသူက...ကျလုဆဲဆဲ အခြေအနေရှိတတ်သည့် ကောင်မျိုးဆိုလျှင်
တစ်ခုတန်သည် နှစ်ခုတန်သည် အောင်မှတ်ရ
အောင်တော့...သူ ပြောပြပေးလိုက်သည်...

သူ့ထက်တော်သည့်သူ ဆိုလျှင်တော့
ဘယ်တော့မှ...အောက်ကျခံပြီး လိုက်မမေး...
မုန့်သာတောင်းစားချင် စားမည်...စာနှင့်
ပက်သက်လျှင်တော့ အနှိမ်မခံ...ငါကချည်း
နှိမ်လို့ရတဲ့သူ နှိမ်မဟဲ့ ဆိုသော အစားမျိုး...😂

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now