အပိုင်း{၉}

Start from the beginning
                                    

ရှေ့လျှောက် ဖြတ်သန်းရမယ့်ဘဝကြီးအတွက်
ဘယ်လိုလုပ်မလဲ...

"အဲဒါ...အဆင်း ဘီးတပ်တယ်...ခေါ်တယ်...
ငါ့ကောင်ရဲ့...😂ကျောင်းပိတ်တော့မှာနဲ့
မင်းရောဂါတက်ချိန်က ကွက်တိလောက်ပဲ
သွားကျတယ်...ဒီလိုကျတော့ မင့်လူက
ဆရာကြီးပဲ😪"

Taoစကားက...ချီးကျူးတာလား...ဖဲ့တာလား
မသဲကွဲသော်လည်း...ကြည်နူးရင်းရှိသော
ကျွန်တော့်နှလုံးသားလေးကို အိခနဲ ဂွမ်းဆီထိသလိုဖြစ်သွားစေသည်...😊

"ငါ ဝင်ပြောပေးတယ်နော်...😌ငါ့ကိုပိုကြွေး...
ဒါနဲ့ Geကိုရော ခေါ်လာလို့ရလား"

ဟင်း...ဖီးလ်ကျဲလိုက်တာနော်...

ကျွန်တော် စကားပြန်မနေဘဲ မျက်လုံးဖြင့်သာ
ကြည့်ပေးလိုက်သည်...

ကိုယ့်ဖာသာကိုယ်တောင် ဟိုလူ့ဖြီးပြ...
ဒီလူ့မျက်နှာချိုသွေးပြီး သူတို့ကျွေးဖို့ မုန့်ဖိုးထပ်စုရမှာပါဆို...😣

ကုန်းဆင်းကောင်က တစ်မျိုး...

"နေပေါ့...Geကလည်း ကြက်ကြော်လို
fast foodတွေ ကြိုက်မှာ မဟုတ်ပါဘူး...
ငါ့ Ge ကသန့်သန့်လေး..."

စိတ်ကုန်လိုက်တာ...

သန့်တာနဲ့ ကြက်ကြော်က ဘာဆိုင်လို့လဲ...😣

ဒီကောင်ကြီးတွေကပဲ မသန့်လို့ ကြက်ကြော်
စားသလိုလို...အေပေးလေး...😒😒😒

"ဒါနဲ့...မင်းကို သူက ဘယ်လိုခေါ်လဲ"

"နာမည်ခေါ်တာပေါ့...ဘာဖြစ်လို့တုံး"

"သြော်...နည်းနည်းတုံးတယ်နော်...😅
ငါ့ Ge ဆို...ငါ့ကို Taoလေးလို့ ခေါ်တယ်...
ပန်ဒါလေးလို့လည်း တစ်ခါတစ်ခါ ခေါ်
သေးတာ...နှစ်ယောက်တည်းရှိရင်တော့...
ဘေဘီတဲ့...😚"

"........."

"စွန်းရိုတယ်နော်...Geက ငါ့ကို သိပ်ချစ်တာ😌"

"ဘာလဲ စွန်းရိုတာ...😮"

"စောက်ရမ်း ရိုမန်တစ်...ကဗျာဆန်တာ...
အရမ်းအရမ်း...သိပ်သိပ်ပြီး ရိုမန်တစ်ဆန်တာကို ပြောတာ...ငပိန်းရဲ့😕"

အောင်မာ...
ကိုရီးယားသံဝဲဝဲနှင့် အသားညိုညို တရုတ်ကများ...😠

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now