❤အပိုင်း၂၀❤

Start from the beginning
                                    

နေမာန်​........တမာန်​ဦးထိုင်​​နေသည့်​...
ခုံကို....သူ​ရှေ့ဆွဲလှည့်​ရင်း....
မျက်​ရည်​​တွေမ​ခြောက်​​သေးသည့်​...
ပါးပြင်​မို့မို့​ပေါ်.....နှုတ်​ခမ်းဖွဖွ​လေး....
ဖိကပ်​ပြီးမှ......

တမာန်​ဦးလက်​ကိုဆွဲရင်း.....
ခက်​ထန်​နှင့်​ဘွားဘွားကြီးရှိရာခုံဘက်​သို့.....
သူ.....တည်​ငြိမ်​စွာ ပင်​ ​လျှောက်​ လာ လိုက်​ သည်​....

နေမာန်​.......သူ့ လက်​ ကို.....ဘွားဘွားကြီးတို
ရှေ့ ​ရောက်​ သည်​ အထိ.....မဖြုတ်​ပစ်​​သေး....

"​ဖြောင်း....!!!!"

ဘယ်​ဘက်​ပါးပြင်​​ပေါ် ကျ လာ သည့်​...
ဘွား......ရဲ့....လက်​ဝါးချက်​​ကြောင့်​....
နာကျင်​သွားရ​သော်​လည်း....

မျက်​နှာတချက်​မပျက်​.....

တမာန်ဉ်ီးလက်​ကို.....တင်းတင်းဆုပ်​ရင်း...
ဘွား.....တို့​ရှေ့ မှာ......ဒူး​ထောက်​ထိုင်​ချ လိုက်​ သည်​က....

"​နေမာန်​......!!!!"

ဘွား.......ဆီက......​ဒေါသသံ ကို
ကြားမိ​သော်​ လည်း....
နေမာန်​....​မော့ မကြည့်​ဖြစ်​.....

ခက်​ထန်​.....က​တော့....သူ့လုပ်​ရပ်​ကို...
ရွံရှာ သည့်​....မျက်​လုံးမျိုးဖြင့်​စိုက်​ကြည့်
နေသည်​က....

"ငယ်​......​လေး......!!!"

သူ​ဒူး​ထောက်​​နေသည့်​....​ရှေ့ထိုင်​ ချကာ...
လက်​ ဝါးရာ ​ကြောင့်​.....ရဲ ​နေ​သော...
ပါးပြင်​ကို...အုပ်​ကိုင်​ရင်းငို​နေသည့်​....​မေ​မေ...

"ငယ်​​လေး.......သား.......​လျှောက်​​ပြော​နေတာမလား...!!!"

မေ​မေက....သူ့ ပခုံး ကို....အတင်း
လှုပ်​ရမ်းပြီး.....​ပြော​နေ​ပေမယ့်​လဲ....
နေမာန်​.....သူ့လက်​ကို.......ယခု ထိ...မဖြုတ်​ပစ်​​သေး.....

"ငယ်​​လေး.....သား.....စိတ်​ထင်​ရာ...မလုပ်​ရဘူး​လေ...!!!

သား....မိန်းက​လေး......​တွေ နဲ့....မသက်​ သက်​ ချင်​ ရင်​..
လဲ.....အခြား....​ကောင်​​လေး...တ​ယောက်​ကို...ယူ.ပါ....

သူကို....မယူပါနဲ့..........ငယ်​​လေးရယ်​...​မေ​မေ
တောင်းပန်​ပါတယ်​! !!!"

Dumb love affair Where stories live. Discover now