ဘယ်​​လောက်​ဘဲ မချစ်​တဲ့ မိန်းမဖြစ်​ပါ​စေ ကိုယ်​​တောင့်​တ​နေတဲ့ ရင်​​သွေးကို လွယ်​ထားပြီဆိုရင်​ ​ယောကျာ်း​တွေရဲ့ စိတ်​က​ပြောင်းလဲသွားတတ်​တာမျိုး....

Luhan က​တော့ လူကြီးပီသစွာ အရှည်​ကြီး​တွေးပြီး​မောသွားသလို စိတ်​ကျဉ်းကျပ်​သွားသည်​...

Sehun က​တော့ မလှူပ်​မယှက်​ထိုင်​လျက်​ စီးကရက်​တစ်​လိပ်​ကို ခဲကာ​နေ​လေသည်​...

Luhan သက်​ပြင်းချလိုက်​ပြီး....

"Sehun.. 5လ... မင်းတို့ လက်​ထပ်​ပြီးတာ 5လဘဲရှိ​သေးတာ​လေကွာ...ခ​လေးယူဖို့ ​နောက်​မကျ​သေးပါဘူး...."

Sehun လက်​ထဲက ​ဆေးလိပ်​ဆီက ပြာမှူန်​​လေးေ​တွကို ​ချွေခြလိုက်​ပြီး....

"5လဆိုတဲ့အချိန်​က က​လေးယူဖို့ ​နောက်​မကျ​သေး​ပေမယ့်​ honeymoon ထွက်​ဖို့​တော့ သိပ်​ကို​နောက်​ကျလွန်းခဲ့ပြီထင်​တယ်​...."

Luhan တစ်​ခွန်း​မေးတာကို တစ်​ခွန်း​ဖြေလုပ်​​နေတဲ့ sehun မျက်​ဝန်းမှာနာကျင်​​နေတဲ့ အရိပ်​​ရောင်​တစ်​ချို့ဖြတ်​​ပြေးသွားတာကို မြင်​လိုက်​ရ​​သေးသည်​...

Luhan အံကြိတ်​လိုက်​ပြီး ....

"အခု အငှါးကိုယ်​ဝန်​ ကိစ္စကို​တော့ မလုပ်​ပါနဲ့ဦး sehun..
Jongin သ​ဘောတူလည်းမင်းမလုပ်​ပါနဲ့ဦး...ငါကြားထဲက ​တောင်းဆိုတာပါ... ငါ Jongin နဲ့ စကား​ပြောကြည့်​ပါဦးမယ်​... Jongin ည​နေ အိမ်​မှာရှိမလား..."

Luhan စကား​ကြောင့်​ Sehun ကလက်​ထဲက စီးကရက်​ကို ဖိ​ချေလိုက်​ကာ....

"မသိဘူး... အိမ်​ပြန်​ မအိပ်​တာ 2ပတ်​ရှိ​နေပြီ..."

••••~••~~•~••~••••~~~~•••••~~~~~

"Hey... baekhyun မင်း သူငယ်​ချင်း Jongin
အ​ဆောင်​မှာ လာအိပ်​​နေတာ ၂ပတ်​ရှိ​နေပြီ​နော်​...."

Lab ခန်းက​နေ စာရင်း​တွေယူပြီးထွက်​လာတဲ့ baekhyun ကို မျက်​မှန်းတန်းမိ​နေတဲ့ စီနီယာတစ်​​ယောက်​က လာ​ပြောတာ​ကြောင့်​ baekhyun အံ့သြသွားတယ်​....

ဘာလဲ..ဒီ​ကောင်​ sehun နဲ့ ရန်​ဖြစ်​လာတာလား...

"Sambae... သူ့ကို​တွေ့တာ​သေချာလား..."

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now