Yifan ရဲ့ သူငယ်ချင်း... Anyi~ သူ့ရဲ့ Gangster အဖွဲ့ကို မျက်​မှန်းတန်းရုံသာသိတာရယ်... Yifan က လည်း မိတ်ဆက်မပေးသေးကြောင့်... သူတို့...နာမည်တွေကို မည်သူမည်ဝါမှန်း မယ်မယ်ရရ မသိသေးဘူး!....

ထားပါ...ဒါတွေက အခု သိဖို့မလိုသေးဘူးလေ.....~

အခုအရေးကြီးနေတာ ကုတင်ပေါ်က Wu Yifan!

သူတို့ထွက်သွားပြီးမှ ကျွန်တော် Yifanကို သေချာကြည့်မိတော့... သကောင့်သားက ခေါင်းမှာ ပတ်တီးအဖွေးသားနဲ့ လှနေလေရဲ့...~~

"Gwinchana?... ခေါင်းမူးနေသေးလား"

Yifanရဲ့ နားထင်ကို လက်ညိုးလေးများနဲ့ ဖွဖွလေးဖိနှိပ်ပေးရင်း... Junmyeon စိတ်ပူစွာမေးလိုက်သည်...

'ဘောလုံးနဲ့ထိမိတာ နည်းတဲ့အရှိန်မှမဟုတ်တာ...
တော်တော်နာသွားမှာပေါ့...'

ဘာတွေကိုများအတွေးကောင်းနေလို့ ရှေ့တည့်တည့်လာတဲ့ ဘောလုံးကိုတောင် မမြင်ရတာလဲ??

ကျွန်တော်မှာဖြင့် သူမေ့လဲသွားလို့ စိတ်ပူလိုက်ရတာ!

အခုကြည့်~! မျက်နှာကြီးကဖြီးနေပြီး... ကျွန်တော်ကိုကြည့်နေတယ်~~

သူခေါင်းကို နှိပ်ပေးနေတဲ့ ကျွန်တော်ရဲ့ လက်ကို Yifan ဆွဲကိုင်လိုက်ပြီး...

"ဟင်အင်း အခုမမူးတော့ဘူး..........ကိုယ့်ယုန်ပေါက်ရဲ့ မျက်နှာလေးကို မြင်လိုက်ရလို့လေ"

ရီဝေဝေအကြည့်များနှင့်ကျွန်တော်ကို ကြည့်ပြီး ပြောလိုက်တဲ့ Yifan ကြောင့် ကျွန်တော်မျက်နှာတွေလဲ ပူထူကုန်တယ်...

ဒီမှာဖြင့်စိတ်ပူနေလိုက်ရတာ သူကကြူစိန်လာ လုပ်နေနိုင်သေးတယ်~~

"တော်ပါနော်....ပြုံးတုံးတုံးလုပ်မနေနဲ့...ဟွန်း...ဒီမှာဖြင့်စိတ်ပူနေတာကို...သူကရယ်နေနိုင်သေးတယ်"

ကျွန်တော်မျက်စောင်းထိုးပြီးပြောတော့ Yifan ခပ်ဟဟရယ်လိုက်ပြီး... ကျွန်တော်ခါးကို သူ့ရဲ့လက်တွေနဲ့ရစ်ပတ်ပြီး ဆွဲဖက်​ထားလိုက်တယ်...

သူက ကုတင်ပေါ်မှာခြေထောက်ချထိုင်နေတဲ့သူ... ကျွန်တော်က မတ်တတ်​ရပ်​နေတာဆိုတော့... သူမျက်နှာနဲ့ ကျွန်တော်မျက်နှာနဲ့ကလည်း တတန်းထဲကျနေလေတယ်....
သူရင်ခွင်ထဲမှာတော့ ကျွန်တော်တစ်ကိုယ်လုံးလေးက နစ်ဝင်လျက်.......

You've reached the end of published parts.

⏰ Last updated: May 14, 2017 ⏰

Add this story to your Library to get notified about new parts!

Dragon's Little BunnyWhere stories live. Discover now