အပိုင်း{၆}

Start from the beginning
                                    

အမလေးလေး...

Oh Sehunရေ...
မင်းဘဝလေးတော့ ရင်လေးစရာပဲ...
ပစ္စည်းအသစ်တစ်ခုခုရရင်တောင် နှစ်ရက်
ပြောလို့မပြီးတဲ့ကောင်က ရည်းစားရသတဲ့...

မျောက် ဒိုင်းနမိုက်ရသလိုတွေ ဖြစ်ကုန်ပြီ...

"မင်းကျတော့...သိတယ်မလား...Ge လောက် မဟုတ်ဘူးလေ...အဲဒါမျိုးတွေလည်း ပါသေးတာ
ပေါ့...အားမငယ်ပါနဲ့ကွာ😔"

မဆီမဆိုင်တွေ...😒

"မင်းသာ ငါ့ Geလောက် ကြည့်ကောင်းရင်
တော့"

"မင်းအပေါက်ကိုပိတ်စမ်း...Tao...😤
မဆိုင်တာတွေ...😡အဓိက ခက်နေတာက Kris ကြိုက်နေတာက မင်း ဖြစ်နေပြီး
ငါ ကြိုက်တာက ပန်းလေး ဖြစ်နေလို့😠"

"........."

"ငါ့ပန်းလေးက မင်းလိုမှ အညှာမလွယ်တာ😪"

"အောင်မာ...မင်းရုပ်ကလည်း...အညှာလွယ်ချင်စရာမှ မကောင်းတာ...ဝေါ့...ထွီ😕"

"ဟေ့ရောင်တွေ...ကိုက်မနေနဲ့တော့...
ဆရာလာပြီ"

JunMyeon Hyung၏ ဝင်ဟန့်သံအဆုံး...
ဆရာဝင်လာသည်...

ထို့နောက် ဗလောင်ဆူနေသော ရင်ခွင်တစ်ခုဖြင့် ငြီးငွေ့ဖွယ်ရာ သင်ခန်းစာများကို သင်ရပါ
တော့သည်...

ကျွန်တော် အချစ်ဆုံး organic chemistry...
😖

ဆရာက equationများ တစ်ကြောင်းပြီး
တစ်ကြောင်း ရေးချလျက်...နှုတ်မှလည်း
အဆက်မပြတ် ရှင်းပြနေသည်...

ကျွန်တော် စိတ်မဝင်စားနိုင်...
ပန်းလေးကို ကြည့်မိတော့ သူက စာကိုအာရုံ
စိုက်နေသည်...

ဟင်း...အဲလိုတွေ ကြပ်ကြပ်လုပ်😞

နောက်ကားက ကျော်တက်သွားပြီ...

စာသင်နှစ်ပြန်အစတွင် Hyungပြောသည့်
အတိုင်း အရည်အချင်းနှင့် အတန်းခွဲခဲ့ပါသည်...

ကျွန်တော် ပန်းလေးနှင့် တစ်တန်းတည်း အတူ
နီးစပ်နိုင်ခဲ့သလို သူငယ်ချင်းအသစ်များတိုးပွားလာခဲ့သည်...

ထိုအထဲမှ အရင်းနှီးဆုံး ဖြစ်လာသည်က
ဟိုဘက်ခန်းမှ...Kai၏ သူငယ်ချင်း Tao...

ဒီကောင်က ရယ်ရသည်...ခင်ဖို့ကောင်းသည်
အပြောအဆိုလည်း ခံသည်...မနာတတ်...

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now