အဖိုးကြီး​ပေါက်​စလို Jongin က တစ်​တွတ်​တွတ်​ရွတ်​ပြီးမှ ကား​​လေးကို ​မောင်းကာ ​ဆေးရုံသို့ထွက်​သွား​​လေသည်​...

Sehun အိမ်​​ပေါက်​​လေးကကြည့်​ရင်း မြင်​ကွင်းထဲက​နေ Jongin ကား​လေး​ပျောက်​သွား​တော့မှ ဝှီးချဲလ်​​လေးကို ဘီးလှိမ့်​ကာ အိမ်​ထဲသို့ ပြန်​ဝင်​ခဲ့​တော့သည်​...

အင်း... sehun ဒီလို ဝှီးချဲလ်​​​ပေါ်မှာထိုင်​ရတာ ၁နှစ်​​ကျော်ပြီ​ပေါ့....

အ​ဒေါ်ကြီးကို coffee တစ်​ခွက်​​ဖျော်​ခိုင်းလိုက်​ပြီး ဆွဲလက်​စ ကိုကို့ပန်းချီကားကို လက်​စသတ်​ဖို့ လုပ်​ငန်းစလိုက်​သည်​....

ပိတ်​ကားအဖြူ​ပေါ်က ​ဆေးစက်​​တွေမှာ Jongin ရဲ့ အကြင်​နာမျက်​ဝန်းတစ်​စုံက အသက်​ဝင်​​နေသလို sehun ရဲ့  နှူတ်​ဖျားမှာလည်း အပြုံး လှလှတို့ ချိတ်​ဆွဲထား​လေသည်​...

မိုးပြာ​ရောင်​ သုတ်​ထားတဲ့ တစ်​ထပ်​တိုက်​​လေးနဲ့ ကျူးလစ်​ပန်းခင်း​တွေရှိတဲ့ ခြံဝန်း​လေးက လက်​ထပ်​ထားတာ ၁နှစ်​ပြည့်​တော့မယ်​ ဖြစ်​တဲ့ Jongin နဲ့ Sehun ရဲ့ အိမ်​​ဂေဟာ​လေးပင်​ ဖြစ်​​လေသည်​....

ဆရာဝန်​​ပေါက်​စ​လေးနဲ့ ပန်းချီဆရာ​လေးတို့ရဲ့ ချစ်​ခရီး​လေးက ယူခုအချိန်​ထိ ပန်းခင်း​သော လမ်းဖြစ်​​နေ​သော်​ငြားလည်း.....

➳ ➳ ➳ ➳  Why ➳ ➳ ➳ ➳

"ဆရာ..... အ​ရေး​ပေါ်လူနာ ​ရောက်​လာတယ်​..."

ဆေးရုံ​ရောက်​လာလို့ အိတ်​​လေးချတုန်းရှိ​သေး သူနာပြု​လေး​လာ​ပြောတဲ့စကား​ကြောင့်​...

"လာပြီ.... ဘာဖြစ်​တာလဲ...."

လက်​က​နေ ဂျူတီကုတ်​ကို ဆွဲဝတ်​ရင်း နားကြပ်​ကို​ကောက်​ကိုင်လိုက်​ပြီး အ​ရေး​ပေါ်ခန်းဆီ​ပြေးရသည်​....

"Suside လုပ်​တာတဲ့ ဆရာ...အ​ခြေ​နေသိပ်​မ​ကောင်းဘူး..."

Suside ဆို​သောစကား​ကြောင့်​ Jongin တုန့်​ခနဲ​တော့ဖြစ်​သွားမိသည်​...

ကျ​နော့်​ရဲ့ Hun ​လေးလည်း တစ်​ချိန်​တုန်းက ဒီလို...

Jongin ​ခေါင်းခါလိုက်​ပြီး .....

Dostali jste se na konec publikovaných kapitol.

⏰ Poslední aktualizace: Apr 30, 2017 ⏰

Přidej si tento příběh do své knihovny, abys byl/a informován/a o nových kapitolách!

" Why "Kde žijí příběhy. Začni objevovat