Zawgyi Version
Halloween eve~
နေရာအနှံ Halloween ပွဲအတွက် ပြင်ဆင်မှုများဖြင့် စီကားလို့နေသည်!အိမ်တိုင်းလိုလို ဖရုံသီးမီးပုံးလေးများထွန်းကာ party အတွက်ပြင်ဆင်သူက ပြင်ဆင် အလှဆင်သူကဆင်နှင့်တမြို့လုံး အလုပ်ရှုပ်လျှက်!ဆောင်းဝင်စ ရာသီဥတုက အနည်းငယ် အေးသယောင်ယောင်!ကလေး အများစုကတော့ တစ္ဆေလို သွေးစုပ်ဖုတ်ကောင်လို zombie အလောင်းကောင်လို မျိုးစုံ ဝတ်စားကာ တအိမ်တက်ဆင်း candy တောင်းဖို့ပြင်နေကြသည်!
*tsk ဘာတွေမှန်းမသိ တမြို့လုံးရှုပ်! မျက်စိကိုနောက်နေတာပဲ !ဘာ တစ္ဆေပွဲတော်လည်း !? တစ္ဆေဖြင့်ဘယ်သူမှသေချာမမြင်ဖူးပဲနဲ့ အလကားစိတ်ကူးယဉ် ဇာတ်ကောင်တွေကို အဟုတ်ထင်နေကြတာ! ငါတော့ တစ္ဆေယုံကိုမယုံဘူး!*
Sosuke အိမ်ထဲမှ အပြင်ကိုလှမ်းကြည့်ကာ တစ်ယောက်ထဲတွေးနေမိသည်! Sosuke ! 23 နှစ် ! သိပ္ပံအထူးပြုကျောင်းသား!သရဲတစ္ဆေမယုံပါ! အရာရာကို သိပ္ပံနည်းကျတွေးတောတတ်သူ ! သရဲဆိုတာ လူတွေရဲ့စိတ်ထင်ယောင်ထင်မှားဖြစ်မှုတစ်ခုဟု ယုံကြည်သည်!
" အမလေး သူတို့ကိုကြည့်နေတာနဲ့ ကျောင်းနောက်ကျတော့မယ်!!!"
Sosuke အော်ဟစ်ရင်း အိမ်တံခါးကိုသော့ခတ်နေစဉ်.........
"ဟေ့ကလေး ဖရုံသီးမီးပုံးမထွန်းဘူးလား"
အိမ်ဘေးက အိမ်နီးချင်းအဖွားကြီးက လှမ်းပြောသည်!
"ဟမ် ဘာလို့လည်း မထွန်းပါဘူး"
"ဟယ် ခက်တော့တာပဲ မထွန်းရင် မင်းအိမ်ထဲတစ္ဆေ ဝင်လိမ့်မယ်ကွယ့်"
"ဟမ် တစ္ဆေ!??? ဝင်စမ်းပါစေ အဖွားရယ်မမြင်ဖူးလို့ ဟဲဟဲ သွားပြီအဖွား!"
Sosuke အဖွားကြီးကို နှုတ်ဆက်ပြီးကျောင်းကိုထွက်လာခဲ့သည်! အဖွားကြီးကတော့ နောက်တွင် ပြောဆိုပြီးကျန်နေခဲ့မည်ထင်သည်! သူလူကြီးကိုနောက်ပြောင်လိုသည်တော့မဟုတ်ပါ အမှန်တကယ်သူမယုံခြင်းဖြစ်သည်! ဘာမဟုတ်သည့် ဖရုံသီးမီးပုံးတစ်ခုက သရဲအိမ်ထဲမဝင်နိုင်အောင်တားနိုင်သည် ဆိုတော့ သရဲဆိုသည့်အရာတော်တော်တော့ အားနည်းတဲ့ကောင်ပဲ ဟုတွေးရင်းပြုံးမိသည်! လမ်းတစ်လျှောက်တော့ အိမ်တိုင်းအိမ်တိုင်း ဖရုံသီးမီးပုံးများနှင့် ! တကယ်သာထိုသို့မှန်သည်ဆိုလျှင် သရဲတွေအကုန်လုံးတော့ သူ့အိမ်ထဲဝင်နေတော့မှာသေချာသည်!
