#Four#

862 86 2
                                    

#Minseokkie

ခွမ်းးးးး

Xing >> yarrr ဘယ်​လိုလုပ်​​နေတာလဲ ဒါ​လေးလုပ်​တာကိုလက်​ကနူ​နေတာလား

' ​တောင်း ​တောင်းပန်​ပါတယ်​ ´

ဇာတ်​ကားအသစ်​တွက်​လိုအပ်တာ​တွေပြင်ဆင်​​​ပြီးအိမ်​ကိုသာတန်းပြန်​လာခဲ့တယ်

ခါတိုင်းဆိုအလုပ်​ပြီးတာနဲ့​လျှောက်​သွားတတ်​​ပေမယ့်​ဒီ​နေ့​တော့စိတ်​ထဲမလန်းတာနဲ့အိမ်​ကိုသာပြန်​လာခဲ့တယ်

အိမ်​​ရောက်​တာနဲ့သန့်​ရှင်း​ရေးအ​ဒေါ်ကြီးရဲ့​ပေါ့ဆမှု​ကြောင့်​ ဧည့်​ခန်းထဲကသူငယ်ငယ်ကသူ့အ​မေသူ့မွေး​နေ့လက်​ဆောင်အဖြစ်​ပေးထားတဲ့​​​ဖန်​လုံး​လေးကျကွဲသွားတာမြင်​​တော့ ​ဒေါသက​ထောင်းကနဲထွက်​သွား​လေသည်​။

Xing >> ​တောက်​! ဘာလုပ်​လုပ်​​ပေါ့​ပေါ့ဆဆနဲ့

' ​တောင်းပန်​ပါတယ်​ရှင်​ ကျွန်​မ​တကယ်​တောင်းပန်​ပါတယ်​​နော်​ ´

Xing >> ခုမှ​တောင်းပန်​မ​နေနဲ့ သွား​တော့ဗျာ ​နောက်​​နေ့ကစမလာနဲ့​တော့ ခင်​ဗျားကိုအလုပ်​ထုတ်​လိုက်​ပြီ

' မ မလုပ်​ပါနဲ့ရှင်​ ကျွန်​မ​တောင်းပန်​ပါတယ်​ ပစ္စည်းတန်​ဖိုး​လျှော်​ဆို​လျှော်​ပါမယ်​ အလုပ်​​တော့မထုတ်​လိုက်​ပါနဲ့​နော်​ အနူးညွတ်​​တောင်းပန်​ပါတယ်​ ´

Xing >> ခင်​ဗျားကိုထွက်​သွားလို့​ပြော​နေတယ်

Yixing​ဒေါသဖြစ်​ကာ​အော်​လိုက်​​တော့ သန့်​ရှင်း​ရေးအ​ဒေါ်ကြီးလန့်​သွားကာမျက်​ရည်​​တွေပါကျလာ​လေသည်​။

' ကျွန်​မအနူးညွတ်​​တောင်းပန်​ပါတယ်​ရှင်​ အလုပ်​က​တော့မထုတ်​ပါနဲ့​နော်​ ´

တခွန်းနဲ့​ပြောတာမရတဲ့သန့်​ရှင်း​ရေးအ​ဒေါ်ကြီး​ကြောင့်​ Yixingပိုစိတ်​ရူပ်​သွား​လေသည်​။

ရဲကိုအ​ကြောင်းကြားကနှင်​ထုတ်​မယ်​ဆိုပြီးဖုန်းကိုအထုတ်​ ဝင်​လာတဲ့ဖုန်း​ကြောင့်​စိတ်​မရှည်​သလို​အော်​လိုက်​​လေသည်​။

မာနမင်းသားချစ်​ပုံပြင်​Where stories live. Discover now