Reality

75 5 2
                                    

ကို မသိခဲ့တဲ့ ကျွန်​မနဲ့ ကို ရဲ့အတိတ်​​တွေဆီ သွားကြပါစို့....

ကို့ကို သိပ်​ချစ်​တဲ့ ကျွန်​မဟာ ကို ချစ်​မယ်​ ထင်​တဲ့ အပြု အမူ​တွေကို ​ရွေးချယ်​ခဲ့တယ်​​လေ

ကိုသိခဲ့တဲ့ ​မေ ဟာ ​ရေခဲမုန့်​​လေး နှုတ်​ခမ်း​ပေ​အောင်​ စားတတ်​တဲ့ က​​​လေးဆန်​လွန်းတဲ့ ​မေ ဖြစ်​​ကောင်း ဖြစ်​မယ်​ ...

ကို မသိတဲ့ ​မေဟာ ​ရေခဲမှုန့်​ ​လေး ​ပေ​နေတဲ့ နှုတ်​ခမ်းညို​တွေရဲ့ ဇာတ်​မြစ်​ကို နှုတ်​ခမ်းနီ ထူထူနဲ့ အုပ်​ထား​သော စီးကရက်​ သိပ်​ကြိုက်​တဲ့ ​မေဖြစ်​ခဲ့တယ်​ ဆိုရင်​​ကော ကို ?

အတိတ်​ဘဝက အမှတ်​တရ လှလှ ​တွေ​ကော ပျက်​စီးနိုင်​သလား ကို ?

အမှန်​​တော့ ​ကျွန်​မ စီးကရက်​ သိပ်​ကြိုက်​တယ်​ ...

စီးကရက်​ ​သောက်​ရတာ ကဗျာမဆန်​လှပါဘူး ကို .... သို့​ပေသိ ​ကျွန်မ ​က​တော့ ကဗျာ​လေး​ရေး​နေရသလိုမို့ ရူးမိုက်​တယ်​ဆိုဆို သိပ်​ကို သ​ဘောကျခဲ့တာ ...

ကို့ပခုံး​ပေါ် အတင်းမှီပြီး က​လေးလို ချွဲနွဲ့တတ်​တဲ့ ​မေ ဆိုတဲ့ ကျွန်မ​ဟာ ကိုသိပ်​မုန်းတဲ့ အရက်​ဘား​တွေမှာ ကျင်​လည်​ ​ပျော်​ပါးခဲ့တာ​တွေကို ကိုသိပါ​လေစ .... ကိုသိပါ​လေစ လို့

ကျွန်​မ ဟန်​နဲ့ဖုံးဖိခဲ့ရင်းက အမှန်​တရားကို ကို သိသွားတဲ့ အခါ ကိုက ​ကျွန်မ ​ကို မယုံနိုင်​စွာ စွန့်​ပစ်​ခဲ့တယ်​တဲ့လား....

အဲ့ဒီ​နေ့က ​ကျွန်မ​သိပ်​ချစ်​ရတဲ့ ကို့​ရှေ့မှာ ​ကျွန်မ ​သိပ်​ကြိုက်​တဲ့ စီးကရက်​တိုကို မီးညှိရင်း ဟန်​ပါပါ​သောက်​​နေခဲ့တယ်​ ....

ကို့ရဲ့ ​ကျွန်မ ​အ​ပေါ် ချစ်​ခြင်း​တွေက​တော့ ပျက်​ကုန်​ပြီထင်​ပါရဲ့....

ထွက်​သွားတဲ့ ကို့​နောက်​​ကျောက​နေ ​ကျွန်​မ မကြိုက်​​တဲ့ အင်္ကျီဝတ်ထားတာ ​ကို မြင်​လိုက်​ရတယ်​....

ကို ပြန်​လှည့်​မကြည့်​ပါဘူး...

ကျွန်​မလဲ ဆွဲမထားခဲ့ဘူး ....

ကိုနဲ့ ကျွန်​မရဲ့ ကြား အမှန်​တရား​​​တွေကို ကြမ်းပြင်​​ပေါ် က စီးကရက်​မှုန်​​တွေက ​လှောင်​ရယ်​​နေ​လေရဲ့

ပထမဆုံး အကြိမ်​ စိတ်​ဓာတ်​ချုံးချုံးကျလို့ မငိုမိတာပါပဲ ....

ကျွန်​မ စီးကရက်​ ဆက်​ဖွာ​နေလိုက်​တယ်

ဒါ​ပေမယ့်​ မပြုံး​တော့ မပြုံးနိုင်​ခဲ့ပါဘူး

Someone Like YOUWhere stories live. Discover now