"သူပြန်လာတဲ့အချိန်ကျရင်တော့ အားလုံးသိရမှာ
ပေါ့..."

Hyunnie ဘာကိုဆိုလိုချင်နေတာလဲဆိုတာ Suho စဉ်းစားနေတုန်း ရေချိုးဇလုံထဲကနေ ရုတ်တရက်ကြီးထသွားသော Hyunnie ကြောင့်အတွေးစတွေကိုဖြတ်တောက်ကာ အမွေးပွ
တဘက်လေးယူကာအနောက်တော်ပါးကနေ
အသာလေးလိုက်ရပြန်သည်။

"Suho... အဆင်ပြေမယ့်အဝတ်လေးရွေးပေးပါ...
သေချာလေးကြိုဆိုချင်လို့..."

အခန်းထဲလျှောက်သွားကာ ပစ္စည်းတွေလျှောက်ဖွ
နေတဲ့အဝတ်မဲ့ကောင်လေးပေါ်ကို တဘက်လေး
လွှမ်းခြုံပေးရင်း Suho နောက်ကနေဖွထားသမျှ
ကိုပြန်စီပေးနေရသည်။ Hyunnie ကကုတင်ပေါ်
ကိုပစ်လှဲလိုက်ရင်း သူ့လက်ချောင်းရှည်ရှည်သွယ်
သွယ်လေးတွေကိုသွားနဲ့တတိတိကိုက်ရင်း...

"မကြုံရတာကြာလို့ စိတ်တောင်လှုပ်ရှားတယ်"

~~***Diabolik***~~

ကောင်းကင်ကိုမော့ကြည့်လိုက်လို့ ကြယ်လေးတွေ
များလှောင်ရယ်နေမလားလို့ တွေးနေတဲ့အထိ အပြစ်ရှိတယ်လို့ကိုယ့်ကိုကိုယ်ထင်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ အပြစ်က မကောင်းဆိုးဝါးအဖြစ်မွေးဖွားခဲ့ဖြင်းဆိုရင်...

အဲ့ဒီ့မကောင်းဆိုးဝါးကို သုတ်သင်ဖို့ကြိုးစားနေတဲ့
လူသားတွေရဲ့လုပ်ရပ်က အပြစ်ကင်းစင်တာလား?

"မင်းရွေးခဲ့တဲ့ လမ်း... ပြန်လှည့်ဖို့မရှိတော့ဘူး
မင်းက ငါ့အပိုင်ဖြစ်သွားပြီ"

သူ့ခြေဖမိုးကသွေးတွေကိုသားရဲတစ်ကောင်လို
စုပ်ယူနေသည့် Sehun ရဲ့မေးဖျားကို သူ့ရဲ့ လက်
ချောင်းရှည်ရှည်သွယ်သွယ်လေးတွေနဲ့ပင့်မလိုက်ကာ Sehun ရဲ့မျက်နှာကိုသေချာကြည့်မှတ်နေမိ
သည့် Hyunnie။

"လူသားတစ်ယောက်က ဒီလိုလည်း အသက်ရှူ
မှားလောက်အောင် ချောမောနိုင်တာပဲလား?"

"ငါ...ငါ ဘာလို့... ဒီလိုတွေ ဖြစ်နေရတာလဲ?"

Hyunnie ကိုမော့ကြည့်ရင်း Sehun မျက်ရည်
တွေကျလာသည်။ သူလူတစ်ယောက်ကိုသတ်ခဲ့မိ
သည်။ သတ်ခဲ့တာကလည်း မကောင်းဆိုးဝါး
တစ်ကောင်လို လည်ပင်းကိုကိုက်ဖောက်ပြီးသတ်ခဲ့
မိတာ။ ဓားနဲ့ထိုးလိုက်ရင် သေလောက်အောင်နာ
ကျင်ကာ သေတော့မယ်လို့ထင်ရပေမယ့် မသေနိုင်။
သူ့ကိုယ်သူ မကောင်းဆိုးဝါး တစ်ကောင်လိုဖြစ်နေ
တာကိုတွေးမိကာ Sehun ဘာကိုကြောက်လို့
ကြောက်မှန်းမသိဖြစ်လာသည်။

You've reached the end of published parts.

⏰ Last updated: Sep 02, 2018 ⏰

Add this story to your Library to get notified about new parts!

Diabolik (SeBaek)Where stories live. Discover now