အပိုင်း{၁}

Start from the beginning
                                    

အသားဖြူဖြူ...အရပ်ရှည်ရှည်...

အနည်းငယ်ပိန်ပြီး တစ်ချို့စကားလုံးတွေ
အခုချိန်ထိ အသံထွက်...မပီသေးတာကလွဲရင်
...အင်း တစ်ချိန်တော့ ပီလာပါလိမ့်မည်...
မဟုတ်လည်း ကိစ္စမရှိ...ဒါကိုက ကျွန်တော့်ရဲ့
ပင်ကိုCharm ဆွဲဆောင်မှု ဖြစ်သည်...
ထားပါတော့လေ...စကားမပီတာကလွဲရင်
ကျောင်း၏ Top Ten အချောဆုံးဘဲများ စာရင်းတွင် ကျွန်တော် ထိပ်ဆုံးမှပါသည်...

ကျွန်တော်တို့ကျောင်းက ယောက်ျားလေး
သီးသန့်ကျောင်း...ဒီတော့...ဒီလို Rankingက
အခြားကျောင်းမှ မိန်းကလေးများ၏ လာရောက်
ရေလာမြောင်းပေးလုပ်မှုအပေါ် အခြေခံ၍
စနစ်တကျ စီစဉ်ထားခြင်း ဖြစ်သည်...
မယုံလျှင် ကျောင်း၏ websiteမှာ သွား Check
နိုင်သည်...😪

အခုန...ကျွန်တော့်ဘေးက...တစ်ယောက်က
ကျွန်တော့်အစ်ကို...Oh JunMyeon...
SuHoဟုလည်း ခေါ်ကြသည်...
သူက...ကျွန်တော့်ထက် နှစ်နှစ်ကြီးသည်...

သို့သော် ကျွန်တော့်မိဘများက မည်သို့မည်ပုံ အမျှော်အမြင်ရှိကြသည်မသိ...

ငယ်ငယ်က ချူချာသော ကျွန်တော့်အား စိတ်ပူသည်ကတစ်ကြောင်း...
ကျောင်းသားနှစ်ယောက် အတန်းနှစ်တန်း...
နှစ်မျိုး အာရုံမစိုက်နိုင်သည်က
တစ်ကြောင်းကြောင့်...JunMyeon Hyungကို နှစ်နှစ်စောင့်စေပြီး ကျွန်တော်နှင့် တစ်တန်း
တည်း တက်စေသည်...

ဒီလိုနှင့်သူက...အတန်းထဲတွင် အသက်အကြီးဆုံး...လူကြီးစတိုင်အဖမ်းဆုံး...အင်း...
အမှန်တော့ ဆရာအလုပ်ဆုံးဖြစ်သည်...😒😒
ထို့ကြောင့်ပင်...အလိုအလျောက် မော်နီတာ ရာထူးကို ရလေသည်...

အင်း...သူလည်း...ကျောင်း၏ Top Tenထဲတွင်
ပါ၏...သို့သော် အားနာပါးနာပြောရလျှင်...သူက
ကျွန်တော့် အရှိန်အဝါဖြင့် ကပ်ပါခြင်းသာ ဖြစ်သည်...Top Tenတွင်...Position 10...😔

သူကတော့...ဒါတွေ ဂရုမစိုက်ဟု ပြော၏...
ကျွန်တော်ကတော့...ဟ...ဟ ဟုတောင် စိတ်မပါလက်မပါ ရယ်ပေးလိုက်ချင်သေးသည်...

"ဟေ့ရောင်...ဟိုမှာ...ဟိုမှာ..."

နံဘေးမှ မတရားတွန်းတိုက်လာသော
တံတောင်ဆစ်ကြောင့်...ထောက်ထားသော
လက်ပင် စားပွဲပေါ်မှ ပြုတ်ကျသွားရသည်...

လူသားတစ်ယောက်ကို ချစ်မိခြင်းWhere stories live. Discover now