KimTaeHyung 💏 JeonSoHee

3.8K 210 13
                                    

ကျမ နာမည်က JeonSoHeeပါ
ကျမက မူကြိုကျောင်းက ဆရာမပါ
ကျမ က မချမ်းသာပါဘူး မိဘတွေလည်း မရှိတော့ပါဘူး တယောက်တည်း ရုန်းကန်နေရသူပါ
ကျမ ဘဝ အတွက်ကတော့ သူရှိရင် ပြည့်စုံပါတယ်
သူက ဒေါသကြီးတယ်
တခါတလေ ကလေးဆန်တယ်
သဝန်တိုတတ်တာလည်း လွန်ရော
သူ့နာမည်က KimTaeHyung 🙍🙍

FlashBack......

ထိုနေ့က Dec30ရက်နေ့ ......
ဆောင်းရာသီဖြစ်တာကြောင့် ရာသီဥတု က အေးမြလွန်းတယ်
ကျမ မူကြိုကျောင်းကို လာရင်းနဲ့
ကျောင်းကစားကွင်းထဲက ဒန်းလေးမှာ
လူတယောက်ထိုင်နေတာတွေ့တယ်
ကျမတွေးမိတယ်
ဒီလူ မအေးဘူးလားလို့
အနွေးထည်မပါ ဘာမပါနဲ့ T-Shirtတထည် Jeans ဘောင်းဘီအရှည်နဲ့ ဖိနပ်မပါဘဲ ထိုင်နေတယ်

ဒီလူက ကျောင်းက ကလေးတယောက်ရဲ့ အဖေလည်း မဖြစ်နိုင်ပါဘူး
ကျမလည်း ဒီတိုင်းထားပီး ထွက်မသွားနိုင်ပဲ
သူ့အနားကို သွားပီး ကျမ လည်ပင်းက မာဖလာလေးကို ချွတ်ပီး ပေးလိုက်သည်
သူမော့ကြည့်လိုက်သည်

သူ့အကြည့်တွေက စူးရှလွန်းပါသည်
ကျမကို နက်နက်နဲနဲ အကြည့်တွေနဲ့ ကြည့်ပီး
ခေါင်းပြန်ငုံ့သွားသည်

SoHee>ဒီမှာ ရှင်မအေးဘူးလားဟင်
ရှင်ပုံစံက ချမ်းနေတဲ့ ပုံပါပဲ
ဒါလေးယူလိုက်ပါ

ကျမ လက်ကမ်းပီး မာဖလာလေးပေးလိုက်သည်

Tae>ခများနဲ့ ကျုပ်က ဘာဆိုင်လို့လဲ
ကျုပ်ကို ဂရုမစိုက် ပဲ ခများ ကိုယ့်လမ်းကို သွားပါ

SoHee>ကျမ ကိုယ့်လမ်းကို သွားချင်ပေမယ့် လူတယောက် ဒီလိုဖြစ်နေတာကို ကျမမကြည့်ရင်ဘူးရှင့်

Tae>Aish ပေးပါ
ခများ သွားလို့ရပီ

SoHee>လည်ပင်းကိုပတ်လိုက်လေ

ကျမ ပြောတော့ ကျမကို ဘုကလန့်အကြည့်ကြည့်လိုက်သည်

Sohee>ရှင် မပတ်မချင်းမသွားဘူး

TaeHyung လည်း လည်ပင်းမှာ မာဖလာလေးပတ်လိုက်ကာ
ထိုကစားကွင်းက ထွက်သွားသည်

SoHee'pov>သူက ဘလိုလူမျိုးပါလိမ့်

TimeSkip........
Dec 30ပီးတော့ Janလရောက်သွားတော့ တနှစ်ပြန်ကုန်ဆုံးသွားပီလေ
တပတ်အကြာ....

သဝန်တိုတတ်သော ကျမ ချစ်သူ(Completed)Where stories live. Discover now