အက်ဥ္းစံVirus

Start from the beginning
                                    

" မယူဘူး ယူစရာလည်းမလိုဘူး ။
အဲ့လိုလုပ်မဲ့အစား အသေပဲခံခိုင်းလိုက်မယ် "

" EUN HEEEEEE!!!!!!! "

" ဘာလဲ Jung Kook ...ငါ့စကားမှားသွား
လို့လား ? အဲ့ဒီ့အသိုင်းအဝိုင်းအကြောင်း
နင်ဘယ်လောက်သိလို့လဲ ။ ဟော့ဒီမှာ
မေတ္တာတရားတွေဆိုပြီး ချပြ ၊ ကွယ်ရာကျရင်
လူယုတ်မာအပြုံးတွေနဲ့ ငါတို့ကိုလှလှကြီး
သတ်သွားမဲ့လူတွေ ။ နင်မေ့ပစ်လိုက်ပြီလား။ ငါ့အမ ...သေခဲ့ပြီးပြီ ။ အခုကလေး ။
သေမင်းလက်ထဲ ချက်ချင်းကြီးအပ်ပစ်လိုက်
တာနဲ့ ဘာမှမခြားဘူး "

" ဒီအတိုင်းထားလိုက်ရင်ရော ?
ကလေးက ရှင်မှာတဲ့လား ? နင့်မှာ ငွေရှိလား?
ကလေးနဲ့အမျိုးအစားတူတဲ့ခြင်ဆီရှိလား ?
ဘယ်အချိန်ထိ အသက်တစ်ချောင်းကို
ငါတို့ဆွဲဆန့်ထားနိုင်မှာလဲ? ဖြစ်သင့်တာကို
ငါလုပ်ပေးတာ ။ နင့်အတ္တတွေ နည်းနည်း
လျော့ပြီး ကလေးကိုပဲကြည့်စမ်းပါ "

ခါးပေါ်လက်မှေးတင်ရင်း ဆံပင်ကြေတို့ကို
စိတ်ရှုပ်စွာ ထိုးဖွနေတဲ့ သူ့သရုပ်က ...
ပီပီပြင်ပြင် လူသားဆန်ခြင်းတွေ ယှက်ပြေး
နေသယောင် ။

ကျွန်တော် ဝမ်းနည်းစွာ ငေးမိပြန်တယ် ။

" babe ... သူ့ကို အာရုံထားမနေနဲ့ ။
babe ဖြစ်ချင်တာကိုပြော ၊ ကိုယ်ကူညီမယ် "

သူဖောက်ခဲ့တဲ့လမ်းကို ကျွန်တော်ကိုယ်တိုင်
ဆက်လျှောက်ရန် ဆိုတဲ့စကားက အားအင်
ဖြစ်ဖွယ်ရာ။

မိန်းကလေးကတော့ ငိုင်ငိုင်ကြီးတွေဝေသွား၏။

ကျွန်တော် သူမကိုလည်း တောင်းပန်ရပါဦးမည်။

" Eun Hee... ကျွန် ..တော် အရာအားလုံး
အတွက် တောင်းပန်ပါ့မယ် ။ ရိုက်ချင်ရင်
ရိုက်ပစ်လိုက်ပါ ။ ဒါပေမဲ့ ကလေးကိုငဲ့ပြီးတော့
ပဲ ဖြစ်ဖြစ် ကျွန်တော့်ကို ဆေးစစ်ခံခွင့်ပေးပါ ။
အိမ်ကဘယ်သူမှ မသိစေရပါဘူး ။ ကျွန်တော့်
အသက်ကိုထပ်ပြီးတော့ အာမခံပါတယ် "

မိန်းကလေးက မျက်ရည်များကို ခပ်ကြမ်းကြမ်း
သုတ်ပြီး...,,,

" ကျွန်မတို့ကလေးလေးကို ရှင်...ရအောင်
ကယ်ပေးပါ ။ မဟုတ်လို့ကတော့ ကျွန်မ
လူသတ်ဖို့လည်း ဝန်လေးနေမှာမဟုတ်ဘူးနော် "

Virus of Love [Completed]Where stories live. Discover now