"တနေကုန်လဲမပြောရရှာဘူးဆိုတော့"

"Chen chen!!"

Chen အဖြစ်လဲတကယ့်သနားစရာ ဒီဆိုင်ပိုင်ရှင်အဒေါ်ကြီးရဲ့ နယ်ကတတ်လာတဲ့ တူလေးဆိုတဲ့ Xiumin ကိုကြောင်ချင်တာကြောင့် Hunhan အမြဲချိန်းတွေ့ရာဒီဆိုင်လေးသို့လိုက်နေရခြင်း

Luhan တို့ကျောင်းမှာခိုင်းချင်တာခိုင်းသည် ကျောင်းဆင်းလျှင် မုန့်ဝယ်ကျွေးပါမယ်ဟုပြန်ချော့ကာ အမြဲခေါ်လာတတ်သည် သို့သော်သူငယ်ချင်းမို့တဝိုင်းထဲထိုင်ခိုင်းမယ်မထင်နဲ့ Hun နဲ့တိုးတိုးတိတ်တိတ်ပြောစရာရှိသည်ဆိုကာ ဘေးကဝိုင်းမှာထိုင်ခိုင်းသည် ပြီးလျှင်ယခုကဲ့သို့ပင်တကူးတက အအော်ခံပြီးလှမ်းခိုင်းတတ်ပြန်သည် Chen ဆိုတာ တကယ်ကြီးကို Luhan ခိုင်းဖက်ဖြစ်နေတာသူအလျော့ပေးလွန်းလို့လေ

"ကဲတော်တော့ Chen hyung ဘာစားမှာလဲ ကျွန်တော်ပဲသွားတော့မယ်"

Sehun ကမနေနိုင်၍ဝင်ပြောသောအခါကျ

"နေစမ်းပါ Hun ရယ် ဟေ့ရောင် Chen မင်းပေါက်စီနဲ့စကားလေးဘာလေးပြောရအောင်သွားစမ်းပါ ဒါဂွင်နော် ငါကမင်းအတွက် ဂွင်ဖန်ပေးနေတာ"

"ဂွင်ဖန်တာထက် သူခိုင်းချင်တာများများကိုများ"

"ငါဒီလောက်တွန်းပေးနေတာတောင် မလှုပ်ရှားဘဲအလှထိုင်ကြည့်နေတာတော့မင်းအဖြစ်မရှိတာလေ ငါခိုင်းချင်တာမဟုတ်ပါဘူး"

Luhan ပြောတာလဲမှန်နေပြန်တော့ Chen တယောက်ပါးစပ်ပိတ်ပြီးသာ မျက်စောင်းကြီးထိုးရင်း သူ့ပေါက်စီထံသွားတော့တယ်
ဟုတ်လဲဟုတ်သည် Xiumin ဆိုသောပေါက်စီ ဒီဆိုင်ရောက်တာ ၂ လလောက်ရှိနေပြီ Chen တယောက်တုပ်တုပ်မလှုပ်ဘဲဒီအတိုင်း အမြဲတစိမ့်စိမ့်ထိုင်ကြည့်နေတတ်ခြင်း ဟိုကလဲ Chen မျက်လုံးတွေကိုသိနိုင်ကောင်းပေမယ့် သူကလဲ Luhan လိုသိပ်ကိုသွက်လက်တယ်ဆိုတော့ နှစ်ယောက်ကအဆင့်မတတ် အဲ့ဒါတွေကွာတာ Hunhan နှစ်ကောင်တုန်းကများတော့ ~~~~

Sehun ပထမဆုံးကျောင်းတတ်တဲ့ရက် သူတို့အပြစ်ပေးခံရတဲ့ရက်တုန်းကပေါ့

"ဒါနဲ့ Hunnie ကကျောင်းသားသစ်လား"

ပတ်ပြေးထားပြီးအမောမဖြေနိုင် ကျောင်းဆောင်ထဲပြန်ဝင်လာရင်း Luhan တယောက်စကားဖောင်ဖွဲ့နေတယ်

"ဟုတ်တယ် ကျွန်တော်ဒီနေ့မှပြောင်းလာတာ"

"ဘယ်အတန်းလဲ Lu က ဒုတိယနှစ် အတန်း B"

"တကယ်?? ကျွန်တော်အဲ့အခန်းမှာတတ်ရမှာ"

"အဟုတ်ကြီး ပျော်လိုက်တာ Hunnie Lu နားလာထိုင်နော်"

"မပူနဲ့ Lu နားပဲကပ်ထိုင်မှာ"

ထိုသို့ ထိုသို့ အခုမှစတွေ့တယ်ဆိုသော်ငြား Hunnie တွေ Lu တွေနှင့် ရင်းနှီးနေကြတဲ့နှစ်ယောက်ကို Chen အနောက်ကနေသာ အကြောင်သားကြည့်နေမိတယ်

"ဒါနဲ့ Hunnie က Lu တို့ထက်ငယ်မယ်ထင်တယ် ဟုတ်တယ်နော် Chen"

သူတို့စကားဝိုင်းထဲဆွဲခေါ်ဖော်တော့ရသားနော် Luhan

"အင်းဟုတ်မှာပေါ့ ငါက Sep လနောက်ကျလို့ တနှစ်နောက်ကျတတ်တယ် မင်းကလဲငါနဲ့မှအတူလိုက်တတ်တာဆိုတော့"

"ဒါဆို Chen hyung လို့ခေါ်မယ်နော် Lu ကတော့ ဒီအတိုင်း Lu ပဲ"

"Hunnie သဘော ကလေးသဘော"

"ဖြစ်နေလိုက်ကြတာ ဘယ်နှခုနှစ်ထဲကရင်းနှီးတာကြလို့"

Chen ရဲ့အငေါ်တူးတူးစကားကိုလဲ ထိုနှစ်ယောက်မဖြုံ Luhan ပြန်ပြောလိုက်တာက

"မင်းမသိပါဘူး ငါတို့ကနှလုံးသားချင်းရင်းနှီးသွားလို့ ဟီးဟီး ဟုတ်တယ်နော် Hunnie"

"Lu နော် လျှောက်ပြောနေတယ်"

နှုတ်ခမ်းဆူပြီးရှက်သလိုခေါင်းလေးငုံ့ပြီးပြောနေတဲ့ Sehun ရယ် ပါးစပ်အဖြဲသားနဲ့ Sehun မျက်နှာကိုပေါက်ထွက်မတတ်ကြည့်နေတဲ့ Luhan ရယ် မနိုင်တာ တကယ်မနိုင်တာ

သူတို့နှစ်ယောက် အီစီကလီတာဒီမှာတင်မပြီး အတန်းထဲရောက်ပြန်တော့ ကျောင်းသူတို့ထုံးစံအတိုင်း ချောမောလွန်းတဲ့ ကျောင်းသားသစ် Sehun ကို ချစ်သူရှိလားအော်မေးကြတော့

"ရှိတယ် သူ့ချစ်သူ ဒီမှာ Oh Sehun က Xiao Luhan ရဲ့ချစ်သူပဲ"

ဆိုပြီး ခပ်တည်တည်နဲ့ နောက်ဆုံးတန်းကနေ မက်တပ်ရပ်လက်ပိုက်ရင်း အရှက်မရှိ Luhan ပြောတော့ ဘာပြောကောင်းမလဲ Oh Sehun ဆိုတာကလဲ

"ဟုတ်တယ် Lu နဲ့ကျွန်တော်ချစ်သူတွေ"

ဆိုပြီးမိန့်မိန့်ကြီးပြုံးရင်းထောက်ခံလိုက်တာ သူတို့နှစ်ယောက်ကို တောက်လျှောက်ကြည့်လာတဲ့ Chen ခမျာ ပါးစပ်အဟောင်းသား~~~~

ဤသို့ဤပုံဖြင့် Hunhan တို့ချစ်သူဖြစ်ခဲ့ကြလေသည်။

SweetWhere stories live. Discover now